Friday, February 7, 2014

ရတနာပုံသင်္ဘောကျင်းတွင် ပြင်ပလုပ်သားများဖြင့် သင်္ဘောတည်ဆောက်မည်

မန္တလေးမြို့ ရတနာပုံသင်္ဘောကျင်းတွင် ပြင်ပလုပ်သားများ ငှားရမ်းကာ ပုဂ္ဂလိကရေယာဉ်များ၊ သင်္ဘော များ တည်ဆောက်ခြင်းကို ယခုနှစ်မှစတင်ဆောင်ရွက်သွားမည်ဟု ရတနာပုံသင်္ဘောကျင်းမှ ဒုတိယအင် ဂျင်နီယာမှူး ဦးတင်စိုးက မဇ္ဈိမကို ပြောသည်။

“ဒီနှစ်မှစတာပါ ဒါကလည်း လုပ်ငန်းရှင်တွေကအပ်လို့ ဆောင်ရွက်တာပါ။ အပ်ရင် အစအဆုံးအပြီးတည် ဆောက်ပေးသွားမှာပါ”ဟု ဦးတင်စိုးက ပြောသည်။

ရတနာပုံသင်္ဘောကျင်းတွင် ၀န်ထမ်း ၅၀ ဦးရှိပြီး ဌာနပိုင်သင်္ဘောများအား လွန်းတင်ပေးခြင်း၊ အရေးပေါ် ပြင်ဆင်ခြင်းများ၊ အကြီးစားရေယာဉ်စက်ပြင်ဆင်ခြင်းများနှင့် အသေးစားရေယာဉ် စက်ပြင်ဆင်ခြင်းများ ဆောင်ရွက်နေရခြင်းကြောင့် တည်ဆောက်ခြင်းများ မလုပ်ကိုင်နိုင်ဘဲ ပုဂ္ဂလိက ရေယာဉ်တည်ဆောက် မည့် လုပ်ငန်းရှင်များကို မြေနေရာနှင့် လျှပ်စစ်များကို ငှားရမ်းအသုံးပြုခွင့် ပေးထားခဲ့သည်။

ယခုအခါတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ သင်္ဘောတည်ဆောက်ရန် လိုအပ်လာပါက ပြင်ပမှလုပ်သား များခေါ်ယူ၍ အစအဆုံး တည်ဆောက်ပေးသွားမည် ဖြစ်သည်။ ရတနာပုံသင်္ဘောကျင်းသို့ ပုဂ္ဂလိကလုပ် ငန်းရှင်များမှ ရေယာဉ်တည်ဆောက်ရန် လိုအပ်လာပါက လူစီးသင်္ဘောအား ခြောက်လအပြီး တည် ဆောက်ပေးမည်ဖြစ်သည်။

ကုန်တွဲနှင့် တွန်းရေယာဉ်များကို သုံးလနှင့်အပြီး တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိ ရတ နာပုံသင်္ဘောကျင်းတွင် ပုဂ္ဂလိကသင်္ဘော ၁၁ စင်း တည်ဆောက်နေပြီး အဆိုပါသင်္ဘောများအား ဇွန်လ တွင် အပြီးတည်ဆောက်သွားမည်ဟု သိရသည်။ ရတနာပုံသင်္ဘောကျင်းသည် ၂၀၁၃ ခုနှစ်တွင် ပုဂ္ဂလိ ကရေယာဉ်များ တည်ဆောက်ရန် သင်္ဘောကိုးစင်းအတွက် တည်ဆောက်ရန် မြေနေရာကိုးနေရာ ငှား ရမ်းပေးခဲ့ကြောင်း သိရသည်။

Mizzima - News in Burmese

No comments:

Post a Comment