Tuesday, February 11, 2014

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကိုတိုင်းရင်းသားများမျှော်လင့်

Photo: ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကိုတိုင်းရင်းသားများမျှော်လင့်
Tuesday, February 11, 014

၂၀၀၈ဖွဲ့စည်းပုံပါ ၅၉(စ)နှင့် ၅၉(ဃ)တို့ကို ပြင်ဆင်လိုသူများနှင့် မပြင်ဆင်သင့် ကြောင်းကို ကန့်ကွက် ပြောဆိုမှုများ ရှိနေရာတွင် ပြင်ဆင် လိုသည့်ဘက်က ပြင်ဆင်သင့် ကြောင်းကို ဆန္ဒဖော်ထုတ်မှုများ ရှိနေ၍ မပြင်သင့်ကြောင်းကို ထောက်ခံသည့် ဘက်ကလည်း ဟောပြောပွဲများ ပြုလုပ်လျက်ရှိ သည်။

၅၉(စ)နှင့် ၅၉(ဃ)တို့နှင့် ပတ်သက်၍ ရှမ်းပြည်လူမျိုး ပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့အပါ ၀င်(၃)ဖွဲ့၏ ကိုယ်စားလှယ်စိုင်းထွန်း အေးက ““ဒီပုဒ်မတွေက လူတစ်ဦး တစ်ယောက်ကိုကန့်သတ်တဲ့ သဘောပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုကန့် သတ်တဲ့ သဘောပါတယ်။ လူမျိုး စုတွေအနေနဲ့ ဒီအချိန်မှာ သမ္မတ ဖြစ်ဖို့ မလွယ်ဘူး။ ရှမ်း၊ ကချင်၊ ရခိုင်တွေရောအားလုံးကမဖြစ်နိုင် ဘူး။ အများစုဖြစ်တဲ့ ဗမာတွေဖြစ် တယ်ဆိုတာထုံးစံပဲ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုသမ္မတ ဖြစ်မယ်ဆိုရင် ပိုပြီးတော့ဆွေးနွေး လို့ကောင်းမယ်ဆိုတာကိုသိတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ကို လူမျိုးစုတိုင်းရင်း သားလက်နက်ကိုင်တွေကလိုလား ကြတယ်။ နှစ်ပေါင်း(၆၀)ကျော် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြီးက ဒေါ်အောင်ဆန်းစုကြည်သမ်္မတ ဖြစ်ခဲ့ရင်ပိုပြီး ဆွေးနွေးလို့ကောင်း မယ်။ ဗမာ၊ ဗမာချင်းတူရင်တောင် ဒေါ်အောင်ဆန်းစုကြည်လိုပုဂိ္ဂုလ် မျိုးနဲ့ဆွေးနွေးမယ်ဆိုရင် အခြား သမ်္မတကြီးတို့၊ ဗိုလ်ချုပ်တွေနဲ့ စာရင်ပိုပြီးတော့နားလည်တတ်တဲ့ သူလို့မြင်ပါတယ်””ဟု ဆိုသည်။

““ဒေါ်အောင်ဆန်းစုကြည်လို သမ်္မတမျိုးရလိုက်ရင် ၂၀၁၅ ကနေ ၂၀၂၀အတွင်း ပြည်တွင်းစစ်ရပ်စဲ ပြီးတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ပေါ်လာနိုင်မယ်လို့ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ရေးကိုတိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအင်အားစုတွေက သဘောတူတယ်။ ထောက်ခံတယ်။ သမ္မတဖြစ်ရေးကိုအားလုံးက မျှော်လင့်ကြတယ်။ ဒါကြောင့် လူတစ်ဦးတစ်ယောက်ကိုဦးတည် ချက်နဲ့ကန့်သတ်ထားတဲ့ ၅၉(စ)နဲ့ ၅၉(ဃ)ကမရှိသင့်ပါဘူး။ အင်မတန် အငြိုးတရားတွေနဲ့ပိတ်ပင်ထား တယ်လို့ယူဆလို့ရတယ်။ ဒီပုဒ်မ တွေက ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ထဲကိုပိတ်ပင်ထားရုံတင် မဟုတ်ဘဲအမျိုးသားရင်ကြားစေ့ရေး တွေကိုပါအနှောင့်ယှက်ဖြစ်နေ တယ်””ဟု ၎င်းကထပ်မံပြောသည်။

၅၉(စ)နှင့် ၅၉(ဃ)တို့ကို ပြင်ဆင်သင့်ကြောင်းကိုနိုင်ငံတကာ အသိုင်းအ၀ိုင်းမှဝေဖန်ထောက်ပြ မှုများရှိနေပြီး ပြည်တွင်းရှိအတိုက် အခံအင်အားစုများကလည်း ပြင် ဆင်ရန်ကြိုးပမ်းနေကြသကဲ့သို့ အဆိုပါပုဒ်မများကိုပြင်ဆင်မှု မလုပ်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံလေ့လာသုံးသပ်ရေးကော် မတီသို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှလက်မှတ် တစ်သိန်းကျော်ကိုရန်ကုန်တိုင်း ဒေသကြီးအတွင်းကောက်ခံ၍ ပေးပို့ထားကြောင်းသိရသည်။

မျိုးကျော်
Hot News Journal
၂၀၀၈ဖွဲ့စည်းပုံပါ ၅၉(စ)နှင့် ၅၉(ဃ)တို့ကို ပြင်ဆင်လိုသူများနှင့် မပြင်ဆင်သင့် ကြောင်းကို ကန့်ကွက် ပြောဆိုမှုများ ရှိနေရာတွင် ပြင်ဆင် လိုသည့်ဘက်က ပြင်ဆင်သင့် ကြောင်းကို ဆန္ဒဖော်ထုတ်မှုများ ရှိနေ၍ မပြင်သင့်ကြောင်းကို ထောက်ခံသည့် ဘက်ကလည်း ဟောပြောပွဲများ ပြုလုပ်လျက်ရှိ သည်။


၅၉(စ)နှင့် ၅၉(ဃ)တို့နှင့် ပတ်သက်၍ ရှမ်းပြည်လူမျိုး ပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့အပါ ၀င်(၃)ဖွဲ့၏ ကိုယ်စားလှယ်စိုင်းထွန်း အေးက ““ဒီပုဒ်မတွေက လူတစ်ဦး တစ်ယောက်ကိုကန့်သတ်တဲ့ သဘောပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုကန့် သတ်တဲ့ သဘောပါတယ်။ လူမျိုး စုတွေအနေနဲ့ ဒီအချိန်မှာ သမ္မတ ဖြစ်ဖို့ မလွယ်ဘူး။ ရှမ်း၊ ကချင်၊ ရခိုင်တွေရောအားလုံးကမဖြစ်နိုင် ဘူး။ အများစုဖြစ်တဲ့ ဗမာတွေဖြစ် တယ်ဆိုတာထုံးစံပဲ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုသမ္မတ ဖြစ်မယ်ဆိုရင် ပိုပြီးတော့ဆွေးနွေး လို့ကောင်းမယ်ဆိုတာကိုသိတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ကို လူမျိုးစုတိုင်းရင်း သားလက်နက်ကိုင်တွေကလိုလား ကြတယ်။ နှစ်ပေါင်း(၆၀)ကျော် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြီးက ဒေါ်အောင်ဆန်းစုကြည်သမ်္မတ ဖြစ်ခဲ့ရင်ပိုပြီး ဆွေးနွေးလို့ကောင်း မယ်။ ဗမာ၊ ဗမာချင်းတူရင်တောင် ဒေါ်အောင်ဆန်းစုကြည်လိုပုဂိ္ဂုလ် မျိုးနဲ့ဆွေးနွေးမယ်ဆိုရင် အခြား သမ်္မတကြီးတို့၊ ဗိုလ်ချုပ်တွေနဲ့ စာရင်ပိုပြီးတော့နားလည်တတ်တဲ့ သူလို့မြင်ပါတယ်””ဟု ဆိုသည်။

““ဒေါ်အောင်ဆန်းစုကြည်လို သမ်္မတမျိုးရလိုက်ရင် ၂၀၁၅ ကနေ ၂၀၂၀အတွင်း ပြည်တွင်းစစ်ရပ်စဲ ပြီးတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ပေါ်လာနိုင်မယ်လို့ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ရေးကို တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအင်အားစုတွေက သဘောတူတယ်။ ထောက်ခံတယ်။ သမ္မတဖြစ်ရေးကို အားလုံးက မျှော်လင့်ကြတယ်။ ဒါကြောင့် လူတစ်ဦးတစ်ယောက်ကိုဦးတည် ချက်နဲ့ကန့်သတ် ထားတဲ့ ၅၉(စ)နဲ့ ၅၉(ဃ)ကမရှိသင့်ပါဘူး။ အင်မတန် အငြိုးတရားတွေနဲ့ပိတ်ပင်ထား တယ်လို့ယူဆလို့ရတယ်။ ဒီပုဒ်မ တွေက ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ထဲကိုပိတ်ပင်ထားရုံတင် မဟုတ်ဘဲအမျိုးသားရင်ကြားစေ့ရေး တွေကိုပါအနှောင့်ယှက်ဖြစ်နေ တယ်””ဟု ၎င်းကထပ်မံပြောသည်။

၅၉(စ)နှင့် ၅၉(ဃ)တို့ကို ပြင်ဆင်သင့်ကြောင်းကိုနိုင်ငံတကာ အသိုင်းအ၀ိုင်းမှဝေဖန်ထောက်ပြ မှုများရှိနေပြီး ပြည်တွင်းရှိအတိုက် အခံအင်အားစုများကလည်း ပြင် ဆင်ရန်ကြိုးပမ်းနေကြသကဲ့သို့ အဆိုပါ ပုဒ်မများကိုပြင်ဆင်မှု မလုပ်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံလေ့လာသုံးသပ်ရေးကော် မတီသို့ ပြည်ထောင် စုကြံ့ ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှလက်မှတ် တစ်သိန်းကျော်ကိုရန်ကုန်တိုင်း ဒေသကြီး အတွင်းကောက်ခံ ၍ ပေးပို့ထားကြောင်းသိရသည်။

မျိုးကျော်
Hot News Journal

No comments:

Post a Comment