Friday, February 21, 2014

နေပြည်တော်ကောင်စီ၏ လုပ်ငန်းစီမံကိန်းများအတွက် လျာထားတောင်းခံသည့် ငွေများထဲမှ ကျပ် ၈၆ ဘီလျံကျော် ဖြတ်တောက်၍ ကျေးလက်မီးလင်းရေး လုပ်ငန်းများတွင် ခွဲဝေအသုံးပြုရန် ပြည်သူ့ငွေစာရင်း ကော်မတီ အဆိုတင်သွင်း

Photo: နေပြည်တော်ကောင်စီ၏ လုပ်ငန်းစီမံကိန်းများအတွက် လျာထားတောင်းခံသည့် ငွေများထဲမှ ကျပ် ၈၆ ဘီလျံကျော် ဖြတ်တောက်၍ ကျေးလက်မီးလင်းရေး လုပ်ငန်းများတွင် ခွဲဝေအသုံးပြုရန် ပြည်သူ့ငွေစာရင်း ကော်မတီ အဆိုတင်သွင်း
Friday, February 21, 2014

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် နေပြည်တော် ကောင်စီ၏ လုပ်ငန်းစီမံကိန်းများ အတွက် လျာထားတောင်းခံထား ငွေများထဲမှ ငွေကျပ် ၈၆ ဒသမ ၇၂၁  ဒသမ  ဖြတ်တောက်၍ ၇၉ ဒသမ ၁၁၈ ဘီလျံအား ကျေးလက်ဒေသ မီးလင်းရေး လုပ်ငန်းများတွင် ပြောင်းလဲအသုံး ပြုရန် ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီကိုယ်စား ကသာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမိုးဇော်သိန်းက ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်တွင် ပြင်ဆင်ချက် အဆိုတင်သွင်းခဲ့သည်။

နေပြည်တော်ကောင်စီမှ စီမံကိန်းများအတွက် စုစုပေါင်း လျာထားတောင်း ခံငွေမှာ ငွေကျပ် ၁၉၆ ဒသမ ၉၄၅ ဘီလျံဖြစ်ပြီး နေပြည်တော်ကောင်စီ ဘက်မှပင် အဆိုပြုတင်ပြလာသည့် လျှော့ချဖြတ်တောက်ငွေကျပ် ၅၃ ဒသမ ၆၅၁ ဘီလျံနှင့် ကော်မတီဖြတ်တောက် ငွေ ၃၃ ဒသမ ၀၇၂ ဘီလျံ စုစုပေါင်း ၈၆ ဒသမ ၇၂၁ ဘီလျံဖြစ်ကာကျန်ငွေ ၁၁၀ ဒသမ ၂၂၃ အား ခွင့်ပြုရန် ကော်မတီမှ အဆိုတင် သွင်းခြင်းဖြစ်သည်။

အဆိုပါဖြတ်တောက်မည့် ငွေကျပ် ၈၆ ဒသမ ၇၂၁ ဘီလျံထဲမှ ကျန်ရှိသည့် နေပြည်တော် ဇမ္ဗူသီရိအထူးကု ဆေးရုံကြီးတွင် ဓာတ်ရောင်ခြည် ကုသစက်ကြီးအတွက် လျာထားငွေကျပ် ၇ ဒသမ ၄၄၈ ဘီလျံနှင့် ဆေးရုံသုံး ပစ္စည်း ခုနစ်မျိုးအတွက် ကျပ်သန်းပေါင်း ၁၅၅ ဒသမ ၀၅၊ စုစုပေါင်းကျပ် ၇ ဒသမ ၆၀၃ ဘီလျံကိုလည်း ကျန်းမာရေး ၀န်ကြီးဌာန၏ ရသုံးငွေစာရင်းသို့ ပြောင်းလဲ၍ ကျေးလက်ဒေသ ကျန်းမာရေးအတွက် တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများအတွက် ပြောင်းလဲသုံးစွဲရန် ပြင်ဆင်ချက် တင်သွင်းခဲ့သည်။

“အဆိုပါလျာထားတဲ့ ငွေကြေးဟာ ပြည်သူတွေ တိုက်ရိုက် အကျိုးကျေးဇူးခံစားရမယ့် တိုက်နယ်ဆေးရုံများ ဆောက်မယ်ဆိုရင် တိုက်နယ်ဆေးရုံ တစ်လုံးဟာ သိန်း ၃၅၀၀ တွက် မယ်ဆိုရင် ဒီငွေကြေးဟာ တိုက်နယ်ဆေးရုံ အလုံးပေါင်း ၂၀ အထိ ထွက်လာနိုင်တာ ဖြစ်တဲ့အတွက် အခုကဲ့သို့ ကျန်းမာရေး ၀န်ကြီးဌာနကို ပြောင်းလဲထည့်သွင်း လျာထားသင့်ကြောင်း တင်ပြရခြင်းဖြစ်ပါတယ်” ဟု ဦးမိုးဇော်သိန်းက ပြောကြားသည်။

အဆိုပါ ဖြတ်တောက်မည့် ငွေများမှ နေပြည်တော်ကောင်စီ၏ လမ်းနှင့်တံတား တည်ဆောက်ခြင်း လုပ်ငန်းများတွင် လမ်းခင်းခြင်း လုပ်ငန်းများအတွက် လျာထားတောင်းခံငွေကျပ် ၁၀၈ ဒသမ ၀၅၇ ဘီလျံမှ ၂၇ ဒသမ ၁၃၄ ဘီလျံကို ဖြတ်တောက်ပြီး ကျန်ငွေများကို ခွင့်ပြုသင့်ကြောင်းနှင့် ခွင့်ပြုငွေဖြင့်ခင်းမည့် ကွန်ကရစ်လမ်း၊ နိုင်လွန်ကတ္တရာလမ်းနှင့် ကတ္တရာလမ်းများ၏ စံချိန်စံညွှန်းအမီ ဆောင်ရွက်နိုင်ရန် ယင်းလမ်းများ အမည်စာရင်းတစ် ခုချင်းစီနှင့် လမ်းမိုင်အရှည်များကိုလည်း နေပြည်တော် ကောင်စီအနေဖြင့် ကော်မတီသို့ ပြန်လည်တင်ပြရန် တိုက်တွန်းကြောင်း ပြင် ဆင်ချက်အဆို တင်သွင်းခဲ့သည်။

ထို့ပြင် လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းအတွက် လျာထားတောင်းခံသည့် ငွေကျပ် ၁၄ ဒသမ ၈၉၈ ဘီလျံမှ ၅ ဒသမ ၁၈၆ ဘီလျံအား ဖြတ်တောက်သင့်ကြောင်း၊ ဆက်သွယ်ရေးလုပ်ငန်း ခေါင်းစဉ်အောက်ရှိ လျာထားတောင်းခံငွေ ကျပ်သန်းပေါင်း ၃၅၇ ဒသမ ၂၈၆ ကို ခွင့်ပြုသင့်ကြောင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ခေါင်းစဉ်အောက်ရှိ ပျဉ်းမနားမြို့နယ်အတွင်း၌ ကျေးရွာချင်းဆက် လမ်းများဖောက်ခြင်း၊ လယ်ဝေးမြို့နယ်၌ စပါးခြွေလှေ့စက်များ ၀ယ်ယူခြင်းအတွက် လျာထားတောင်းခံငွေကျပ် ၁၀ ဒသမ ၇၂၉ ဘီလျံမှ ၅ ဘီလျံအား ဖြတ်တောက်သင့်ကြောင်း အဆိုပြုခဲ့သည်။

နေပြည်တော်ကောင်စီမှ တင်ပြတောင်းခံသည့် လုပ်ငန်းများထဲတွင် ရေရရှိရေးလုပ်ငန်းအတွက် ၃၆ ဒသမ ၄၂၈ ဘီလျံပါဝင်သော်လည်း ကော်မတီအနေဖြင့် ညှိနှိုင်းခဲ့ရာတွင် လုပ်ငန်းအသစ်များ ဖြစ်နေပြီး ယခုနှစ်တွင် ဆောင်ရွက်ရန် မလိုအပ်သော လုပ်ငန်းဖြစ်သဖြင့် ယင်းငွေများအား ဖြတ်တောက်ရန်ကိုလည်း တင်ပြထားသည်။    

Eleven Media Group

ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီကိုယ်စား ကသာ မဲဆန္ဒ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမိုးဇော်သိန်းက ပြောကြားနေစဉ်
ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီကိုယ်စားကသာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမိုးဇော်သိန်းက ပြော ကြားနေစဉ်

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် နေပြည်တော် ကောင်စီ၏ လုပ်ငန်းစီမံကိန်းများ အတွက် လျာထားတောင်းခံထား ငွေများထဲမှ ငွေကျပ် ၈၆ ဒသမ ၇၂၁  ဒသမ  ဖြတ်တောက်၍ ၇၉ ဒသမ ၁၁၈ ဘီလျံအား ကျေးလက်ဒေသ မီးလင်းရေး လုပ်ငန်းများတွင် ပြောင်းလဲအသုံး ပြုရန် ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီကိုယ်စား ကသာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမိုးဇော်သိန်းက ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်တွင် ပြင်ဆင်ချက် အဆိုတင်သွင်းခဲ့သည်။


နေပြည်တော်ကောင်စီမှ စီမံကိန်းများအတွက် စုစုပေါင်း လျာထားတောင်း ခံငွေမှာ ငွေကျပ် ၁၉၆ ဒသမ ၉၄၅ ဘီလျံဖြစ်ပြီး နေပြည်တော်ကောင်စီ ဘက်မှပင် အဆိုပြုတင်ပြလာသည့် လျှော့ချဖြတ်တောက်ငွေ ကျပ် ၅၃ ဒသမ ၆၅၁ ဘီလျံနှင့် ကော်မတီဖြတ်တောက် ငွေ ၃၃ ဒသမ ၀၇၂ ဘီလျံ စုစုပေါင်း ၈၆ ဒသမ ၇၂၁ ဘီလျံဖြစ်ကာကျန်ငွေ ၁၁၀ ဒသမ ၂၂၃ အား ခွင့်ပြုရန် ကော်မတီမှ အဆိုတင် သွင်းခြင်းဖြစ်သည်။

အဆိုပါဖြတ်တောက်မည့် ငွေကျပ် ၈၆ ဒသမ ၇၂၁ ဘီလျံထဲမှ ကျန်ရှိသည့် နေပြည်တော် ဇမ္ဗူသီရိအထူးကု ဆေးရုံကြီးတွင် ဓာတ်ရောင်ခြည် ကုသစက်ကြီးအတွက် လျာထားငွေကျပ် ၇ ဒသမ ၄၄၈ ဘီလျံနှင့် ဆေးရုံသုံး ပစ္စည်း ခုနစ်မျိုးအတွက် ကျပ်သန်းပေါင်း ၁၅၅ ဒသမ ၀၅၊ စုစုပေါင်းကျပ် ၇ ဒသမ ၆၀၃ ဘီလျံကိုလည်း ကျန်းမာရေး ၀န်ကြီးဌာန၏ ရသုံးငွေစာရင်းသို့ ပြောင်းလဲ၍ ကျေးလက်ဒေသ ကျန်းမာရေး အတွက် တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများအတွက် ပြောင်းလဲသုံးစွဲရန် ပြင်ဆင် ချက် တင်သွင်းခဲ့သည်။

“အဆိုပါလျာထားတဲ့ ငွေကြေးဟာ ပြည်သူတွေ တိုက်ရိုက် အကျိုးကျေးဇူးခံစားရမယ့် တိုက်နယ်ဆေးရုံများ ဆောက်မယ်ဆိုရင် တိုက်နယ်ဆေးရုံ တစ်လုံးဟာ သိန်း ၃၅၀၀ တွက် မယ်ဆိုရင် ဒီငွေကြေးဟာ တိုက် နယ်ဆေးရုံ အလုံးပေါင်း ၂၀ အထိ ထွက်လာနိုင်တာ ဖြစ်တဲ့အတွက် အခုကဲ့သို့ ကျန်းမာရေး ၀န်ကြီးဌာနကို ပြောင်းလဲထည့်သွင်း လျာထားသင့်ကြောင်း တင်ပြရခြင်းဖြစ်ပါတယ်” ဟု ဦးမိုးဇော်သိန်းက ပြောကြား သည်။

အဆိုပါ ဖြတ်တောက်မည့် ငွေများမှ နေပြည်တော်ကောင်စီ၏ လမ်းနှင့်တံတား တည်ဆောက်ခြင်း လုပ်ငန်းများတွင် လမ်းခင်းခြင်း လုပ်ငန်းများအတွက် လျာထားတောင်းခံငွေကျပ် ၁၀၈ ဒသမ ၀၅၇ ဘီလျံမှ ၂၇ ဒသမ ၁၃၄ ဘီလျံကို ဖြတ်တောက်ပြီး ကျန်ငွေများကို ခွင့်ပြုသင့်ကြောင်းနှင့် ခွင့်ပြုငွေဖြင့်ခင်းမည့် ကွန်ကရစ်လမ်း၊ နိုင်လွန်ကတ္တရာလမ်းနှင့် ကတ္တရာလမ်းများ၏ စံချိန်စံညွှန်းအမီ ဆောင်ရွက်နိုင်ရန် ယင်းလမ်းများ အမည်စာရင်းတစ် ခုချင်းစီနှင့် လမ်းမိုင်အရှည်များကိုလည်း နေပြည်တော် ကောင်စီ အနေဖြင့် ကော်မတီသို့ ပြန်လည်တင်ပြရန် တိုက်တွန်းကြောင်း ပြင် ဆင်ချက်အဆို တင်သွင်းခဲ့သည်။

ထို့ပြင် လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းအတွက် လျာထားတောင်းခံသည့် ငွေကျပ် ၁၄ ဒသမ ၈၉၈ ဘီလျံမှ ၅ ဒသမ ၁၈၆ ဘီလျံအား ဖြတ်တောက်သင့်ကြောင်း၊ ဆက်သွယ်ရေးလုပ်ငန်း ခေါင်းစဉ်အောက်ရှိ လျာထားတောင်းခံငွေ ကျပ်သန်းပေါင်း ၃၅၇ ဒသမ ၂၈၆ ကို ခွင့်ပြုသင့်ကြောင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ခေါင်းစဉ်အောက်ရှိ ပျဉ်းမနားမြို့နယ်အတွင်း၌ ကျေးရွာချင်းဆက် လမ်းများဖောက်ခြင်း၊ လယ်ဝေးမြို့နယ်၌ စပါးခြွေလှေ့စက်များ ၀ယ်ယူခြင်းအတွက် လျာထားတောင်းခံငွေကျပ် ၁၀ ဒသမ ၇၂၉ ဘီလျံမှ ၅ ဘီလျံအား ဖြတ်တောက်သင့်ကြောင်း အဆိုပြုခဲ့သည်။

နေပြည်တော်ကောင်စီမှ တင်ပြတောင်းခံသည့် လုပ်ငန်းများထဲတွင် ရေရရှိရေးလုပ်ငန်းအတွက် ၃၆ ဒသမ ၄၂၈ ဘီလျံပါဝင်သော်လည်း ကော်မတီအနေဖြင့် ညှိနှိုင်းခဲ့ရာတွင် လုပ်ငန်းအသစ်များ ဖြစ်နေပြီး ယခုနှစ်တွင် ဆောင်ရွက်ရန် မလိုအပ်သော လုပ်ငန်းဖြစ်သဖြင့် ယင်းငွေများအား ဖြတ်တောက်ရန်ကိုလည်း တင်ပြထားသည်။    

Eleven Media Group

No comments:

Post a Comment