Friday, February 21, 2014

ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရန် ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် စင်ကာပူကုမ္ပဏီနှင့် ပထမအကြိမ် ညှိနှိုင်းမှုပြီးစီး

Photo: ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရန် ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် စင်ကာပူကုမ္ပဏီနှင့် ပထမအကြိမ် ညှိနှိုင်းမှုပြီးစီး
Friday, February 21, 2014

ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရန် ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် စင်ကာပူကုမ္ပဏီနှင့် ပထမအကြိမ်ညှိနှိုင်းမှု ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ခွင့်ရ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းကုမ္ပဏီနှင့် လေဆိပ်တည်ဆောက်ရေး ညှိနှိုင်းမှုအား ရပ်ဆိုင်းပြီး ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် စင်ကာပူကုမ္ပဏီနှင့် ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ခွင့်ရ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းကုမ္ပဏီသည် မြန်မာနိုင်ငံလေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် လေဆိပ်တည်ဆောက်ရေး သဘောတူစာချုပ်ချုပ်ဆိုရန် လက်တွေ့ညှိနှိုင်းမှုတွင် တင်ဒါတင်သွင်းစဉ်က စည်းကမ်းချက်များနှင့် ကွဲလွဲချက်များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် Yongnam-CAPE-JGC ကုမ္ပဏီနှင့် လေဆိပ်သစ် တည်ဆောက်ရေး ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"Back up tenderer အဖြစ် ရွေးချယ်ထားတဲ့ Yongnam-CAPE-JGC ကုမ္ပဏီနဲ့ ပထမအကြိမ် ညှိနှိုင်းဆွေးနွေးမှု ပြီးခဲ့တဲ့ရက် အနည်းငယ်အတွင်း ပြီးစီးခဲ့ပါပြီ။ သူတို့ဘက်ကတော့ လေဆိပ်တည်ဆောက်ခွင့်ရဖို့ အတော်လေးကို စိတ်ဝင်စားနေပါတယ်" ဟုလေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ အဓိက၀င်ပေါက်တစ်ခု ဖြစ်သည့်အပြင် အကြီးဆုံးလေဆိပ်အဖြစ် သတ်မှတ်ရမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကြီး တည်ဆောက်ရန် တောင်ကိုရီးယားနိုင်ငံမှ Incheon Airport Consortium သည် Successful tenderer အဖြစ်ရွေးချယ်ခံခဲ့ရသည်။ Back up tenderer အဖြစ် Yongnam-CAPE-JGC ကုမ္ပဏီအား ရွေးချယ်ခဲ့သည်။ Yongnam-CAPE-JGC ကုမ္ပဏီသည် စင်ကာပူနိုင်ငံမှ Yongnam Holdings Limited၊ ဂျပန်နိုင်ငံမှ JGC Corporation၊ စင်ကာပူနိုင်ငံမှ Changi Airport Planners & Engineers Pte ltd စသည့် ကုမ္ပဏီသုံးခုတို့ ပူးပေါင်းထားခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယား ကုမ္ပဏီသည် လေဆိပ်တင်ဒါ တင်သွင်းစဉ်က လေဆိပ်တည်ဆောက်ရေး ပထမအဆင့် အနေဖြင့် ဟံသာဝတီလေဆိပ်အား တစ်နှစ်လျှင် ခရီးသည် ၁၂ သန်း ၀င်ဆံ့နိုင်မည့် လေဆိပ်အဆောက်အုံ တည်ဆောက်ပေးမည်ဟု ပြောဆိုထားသော်လည်း လက်တွေ့ညှိနှိုင်းမှုတွင် ခရီးသည် ၁၀ သန်းဆံ့ အဆောက်အအုံသာ ဆောက်လုပ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ အချက်သည် အရေးကြီးသည့် အဓိကအချက် ဖြစ်သောကြောင့် မြန်မာနိုင်ငံဘက်မှ လက်ခံခြင်းမရှိဘဲ လေဆိပ်တည်ဆောက်ရန် ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် စင်ကာပူကုမ္ပဏီနှင့် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းကုမ္ပဏီသည် တင်ဒါတင်သွင်းစဉ်က ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ပထမအဆင့်အဖြစ် တစ်နှစ်လျှင် ခရီးသည် ၁၂ သန်း ၀င်ဆံ့နိုင်မည့် လေဆိပ်၊ ပြေးလမ်း၊ လေဆိပ် လုပ်ငန်းနှင့် ဆက်စပ် ၀န်ဆောင်မှုလုပ်ငန်းများ၊ ဒုတိယအဆင့် ခရီးသည်သန်း ၃၀ ၀င်ဆံ့နိုင်မည့် လေဆိပ်နှင့် ဆက်စပ်အဆောက်အအုံများ၊ ဟိုတယ်များ၊ ရှော့ပင်းမောလ်များ၊ ကုန်တိုက်ကြီးများနှင့် လူနေတိုက်ခန်းများ ဆက်စပ်လုပ်ငန်းများ ပါဝင်တည်ဆောက် ပေးမည်ဟု တင်ပြထားသည်။     

Eleven Media Group

ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်မည့် မြေနေရာ အား ဖေဖော်ဝါရီလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ- ထင်ပေါ်)
ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်မည့် မြေနေရာ အား ဖေဖော်ဝါရီလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ- ထင်ပေါ်)

ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရန် ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် စင်ကာပူကုမ္ပဏီနှင့် ပထမ အကြိမ်ညှိနှိုင်းမှု ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။


ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ခွင့်ရ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းကုမ္ပဏီနှင့် လေဆိပ် တည်ဆောက်ရေး ညှိနှိုင်းမှုအား ရပ်ဆိုင်းပြီး ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် စင်ကာပူကုမ္ပဏီနှင့် ဆက် လက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ခွင့်ရ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းကုမ္ပဏီသည် မြန်မာနိုင် ငံလေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် လေဆိပ်တည်ဆောက်ရေး သဘောတူစာချုပ် ချုပ်ဆိုရန် လက်တွေ့ညှိနှိုင်းမှုတွင် တင်ဒါတင်သွင်းစဉ်က စည်းကမ်းချက်များနှင့် ကွဲလွဲချက်များ ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် Yongnam-CAPE-JGC ကုမ္ပဏီနှင့် လေဆိပ်သစ် တည်ဆောက်ရေး ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"Back up tenderer အဖြစ် ရွေးချယ်ထားတဲ့ Yongnam-CAPE-JGC ကုမ္ပဏီနဲ့ ပထမအကြိမ် ညှိနှို င်းဆွေးနွေး မှု ပြီးခဲ့တဲ့ရက် အနည်းငယ်အတွင်း ပြီးစီးခဲ့ပါပြီ။ သူတို့ဘက်ကတော့ လေဆိပ်တည်ဆောက်ခွင့် ရဖို့ အတော်လေးကို စိတ်ဝင်စားနေပါတယ်" ဟုလေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ အဓိက၀င်ပေါက်တစ်ခု ဖြစ်သည့်အပြင် အကြီးဆုံးလေဆိပ်အဖြစ် သတ်မှတ်ရမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကြီး တည်ဆောက်ရန် တောင်ကိုရီးယားနိုင်ငံမှ Incheon Airport Consortium သည် Successful tenderer အဖြစ်ရွေးချယ်ခံခဲ့ရသည်။ Back up tenderer အဖြစ် Yongnam-CAPE-JGC ကုမ္ပဏီအား ရွေးချယ်ခဲ့သည်။ Yongnam-CAPE-JGC ကုမ္ပဏီသည် စင်ကာပူနိုင် ငံ မှ Yongnam Holdings Limited၊ ဂျပန်နိုင်ငံမှ JGC Corporation၊ စင်ကာပူနိုင်ငံမှ Changi Airport Planners & Engineers Pte ltd စသည့် ကုမ္ပဏီသုံးခုတို့ ပူးပေါင်းထားခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယား ကုမ္ပဏီသည် လေဆိပ်တင်ဒါ တင်သွင်းစဉ်က လေဆိပ်တည်ဆောက်ရေး ပထမအဆင့် အနေဖြင့် ဟံသာဝတီလေဆိပ်အား တစ်နှစ်လျှင် ခရီးသည် ၁၂ သန်း ၀င်ဆံ့နိုင်မည့် လေဆိပ်အဆောက်အုံ တည်ဆောက်ပေးမည်ဟု ပြောဆိုထားသော်လည်း လက်တွေ့ညှိနှိုင်းမှုတွင် ခရီးသည် ၁၀ သန်းဆံ့ အဆောက်အအုံသာ ဆောက်လုပ်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ အချက်သည် အရေးကြီးသည့် အဓိကအချက် ဖြစ်သောကြောင့် မြန်မာနိုင်ငံဘက်မှ လက်ခံခြင်း မရှိဘဲ လေဆိပ်တည်ဆောက်ရန် ဒုတိယဦးစားပေး ရွေးချယ်ခံရသည့် စင်ကာပူကုမ္ပဏီနှင့် ဆက် လက်ဆွေးနွေး ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းကုမ္ပဏီသည် တင်ဒါတင်သွင်းစဉ်က ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် သစ်ကြီးအား ပထမအဆင့်အဖြစ် တစ်နှစ်လျှင် ခရီးသည် ၁၂ သန်း ၀င်ဆံ့နိုင်မည့် လေဆိပ်၊ ပြေးလမ်း၊ လေဆိပ် လုပ်ငန်းနှင့် ဆက်စပ် ၀န်ဆောင်မှုလုပ်ငန်းများ၊ ဒုတိယအဆင့် ခရီးသည်သန်း ၃၀ ၀င် ဆံ့နိုင်မည့် လေဆိပ်နှင့် ဆက်စပ်အဆောက်အအုံများ၊ ဟိုတယ်များ၊ ရှော့ပင်းမောလ်များ၊ ကုန်တိုက်ကြီး များနှင့် လူနေတိုက်ခန်းများ ဆက်စပ်လုပ်ငန်းများ ပါဝင်တည်ဆောက် ပေးမည်ဟု တင်ပြ ထားသည်။     

Eleven Media Group

No comments:

Post a Comment