မန်ချက်စတာ ယူနိုက်တက်သည် ယခုနှစ် နွေရာသီတွင် ရှောကို ပေါင် သန်း ၂၀ ဖြင့် ကမ်းလှမ်းမည် ဖြစ်ကြောင်း၊ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံအနေဖြင့် အဆိုပါ ဆောက်သမ်တန် လူငယ် ကစားသမားကို အိုးထရတ်ဖို့ဒ်သို့ ခေါ်ဆောင်နိုင်ရန် အခွင့်အရေးကောင်းများ ပိုင်ဆိုင်ထားကြောင်း Goal က ဖော်ပြခဲ့သည်။
ငယ်စဉ်ဘဝကတည်းက ချယ်ဆီး ပရိသတ်ဖြစ်သူ ရှောသည် နွေရာသီ မတိုင်မီတွင် ချယ်ဆီး အသင်းနှင့် ဆွေးနွေးရန် ဆန္ဒရှိသော်လည်း အိုးထရတ်ဖို့ဒ်မှ သတင်းရင်းမြစ်များက အဆိုပါ အသက် ၁၈ နှစ်အရွယ် ကစားသမားကို ယူနိုက်တက်သို့ ခေါ်ယူနိုင်ရန် အရိပ်လက္ခဏာများ ရရှိထားကြောင်း ဆိုခဲ့သည်။
မန်ချက်စတာ ယူနိုက်တက်သည် ဇန်နဝါရီက ရှော၏ အပြောင်းအရွှေ့အတွက် ကနဦး ဆွေးနွေးမှုများ ပြု လုပ်ခဲ့သော်လည်း အသက် ၂၁ နှစ်အောက် အင်္ဂလန် ကစားသမားက ယခုနှစ် လက်ကျန် ဘောလုံးရာသီကို စိန့်မေရီကွင်းတွင်သာ ကုန်ဆုံးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုရက်စ်သည် ဇွန်လက ကစားသမား အပြောင်းအရွှေ့အတွက် ပေါင် သန်း ၁၅၀ သုံးစွဲမည်ဟု ကတိပြုပြီးနောက် ဟွမ်မာတာကို အသင်း၏ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်းဖြင့် ဝယ်ယူခဲ့ပြီး အသင်း၏ အဓိကအရေးကြီးသည့် ခံစစ်ပိုင်းကိုလည်း ဖြည့်တင်းရန် စီစဉ်လျက်ရှိသည်။
နောက်ခံ ကစားသမားများ ဖြစ်သော နီမန်ဂျာဗီဒစ်၊ ရီယိုဖာဒီနန်နှင့် ပက်ထရစ် အီဗရာတို့သည် ယခုနှစ် ဘောလုံးရာသီတွင် အသင်းမှ ထွက်ခွာမည်ဟု ကြာသပတေးနေ့က ယူနိုက်တက်မှ ကြေညာ ခဲ့ပြီးနောက် အသင်း၏ ခံစစ်ပိုင်းကို ဖြည့်တင်းရန် ဒေးဗစ်မိုရက်စ်က စီစဉ်နေခြင်း ဖြစ်သည်။ ထို့အပြင် ရာဖေးလ်နှင့် ဘတ်နာတို့ကလည်း ယူနိုက်တက်မှ သင့်တော်သည့် ကမ်းလှမ်းမှုများကို လက်ခံခဲ့ပါက အသင်းမှ ထွက်ခွာရနိုင်ကြောင်း ဆိုခဲ့သည်။
ယူနိုက်တက်သည် ရှောကို ခေါ်ယူရန်အတွက် ချယ်ဆီး၊ တော့တင်ဟမ်တို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ သို့သော်လည်း ၎င်းအနေဖြင့် ချယ်ဆီးသို့ ပြောင်းရွှေ့ရေးမှာ အက်ရှ်လေးကိုးလ်၏ စာချုပ်သစ် သက်တမ်းတိုးမည့် ကိစ္စကြောင့် အခက်အခဲများ ရှိကြောင်း သိရသည်။
Ref: Goal
No comments:
Post a Comment