Thursday, February 20, 2014

ဘန်ကောက် သပိတ်စခန်းများတွင် အဓိကရုဏ်း ဖြစ်ပြီးနောက် ဆန္ဒပြသူများ ယင်းလပ် ရှိရာသို့ ချီတက်၊ ရဲတပ်ဖွဲ့ စစ်ဆင်ရေး ရပ်ဆိုင်း

Photo: ဘန်ကောက် သပိတ်စခန်းများတွင် အဓိကရုဏ်း ဖြစ်ပြီးနောက် ဆန္ဒပြသူများ ယင်းလပ် ရှိရာသို့ ချီတက်၊ ရဲတပ်ဖွဲ့ စစ်ဆင်ရေး ရပ်ဆိုင်း
Thursday, February 20, 2014

ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်တွင် အစိုးရ ဆန့်ကျင်ရေး အင်အားစုများ အချိန်အတန်ကြာ ဖွင့်လှစ်ထားခဲ့သည့် သပိတ်စခန်းကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်အားသုံးကာ ပြန်လည် ရယူခဲ့မှုကြောင့် ပဋိပက္ခများနှင့် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရခြင်း အပေါ် အမျက်ဒေါသ ထွက်နေသည့် ဆန္ဒပြ အုပ်စုများက ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ယာယီရုံးထိုင်ရာ အစိုးရ အဆောက်အအုံ တစ်ခု အနီးတစ်ဝိုက်တွင် အင်အား အလုံးအရင်းဖြင့် ပိတ်ဆို့ ဆန္ဒပြကြကြောင်း Reuters သတင်းဌာနက ရေးသား ဖော်ပြသည်။

အင်္ဂါနေ့က ဘန်ကောက်မြို့ ငြိမ်းချမ်းရေးဟူသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် သပိတ်စခန်းများ ပြန်လည် သိမ်းယူသော စစ်ဆင်ရေးတွင် ထိပ်တိုက် ပဋိပက္ခများနှင့် သွေးထွက် သံယိုမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေနှင့် ကျန်ရှိသော သပိတ်စခန်းများကို ပြန်လည် သိမ်းပိုက်ရန် ကြိုးပမ်းမှုများကို ရပ်ဆိုင်းထားဦးမည် ဖြစ်သည်ဟု လုံခြုံရေး တပ်ဖွဲ့မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

အတိုက်အခံ အင်အားစုများက ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် အစိုးရကို အပြီးသတ် ဖြုတ်ချနိုင်သည် အထိ တိုက်ပွဲဝင် သွားမည်ဟု ကြိမ်းဝါး ပြောဆိုလျက် ရှိသည်။

“ဒီနေရာကို ကျွန်တော်တို့ ရောက်ရှိလာတာ ဘာကြောင့်လဲ ဆိုတော့ ဒီကာကွယ်ရေး ဝန်ကြီးဌာန အဆောက်အအုံကို ယင်းလပ်ရှင်နာဝပ် အသုံးပြုနေတာကို မကြိုက်လို့ပဲ ဖြစ်ပါတယ်။ ဒီအဆောက်အအုံ ယင်းလပ်ကို အသုံးပြုခွင့် မပြုဖို့ စစ်သားတွေကို ကျွန်တော်တို့ တောင်းဆိုထားပါတယ်” ဟု ဆန္ဒပြ ခေါင်းဆောင် တစ်ဦးက အင်အား ၃၀၀၀ ခန့် ရှိသည့် ဆန္ဒပြ လူအုပ်ကြီးကို မိန့်ခွန်း ပြောကြားသည်။

ထိုင်းစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အကယ်၍ ရဲတပ်ဖွဲ့ဝင်များ အနေနှင့် ဘန်ကောက် မြို့တော် လုံခြုံရေးကို ထိန်းသိမ်းနိုင်ခြင်း မရှိပါက စစ်တပ်က ကြားဝင် ဆောင်ရွက်ရလိမ့်မည် ဖြစ်ကြောင်း၊ ပဋိပက္ခတွင် နှစ်ဦးနှစ်ဖက် အနေနှင့် ထိပ်တိုက်ရင်ဆိုင် တွေ့မှုကို ရှောင်ရှားသင့်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ မူဝါဒက ပြောင်းလဲမှု မရှိသေးပါဘူး၊ ကျွန်တော်တို့ ရည်မှန်းချက်က ရဲတပ်ဖွဲ့ကို အထောက်အပံ့ ပေးဖို့ပါပဲ။ တပ်ဖွဲ့ဝင်တွေ တိုးမြှင့် ဖြန့်ကြက်ထားဖို့ ရည်ရွယ်ချက်လည်း မရှိပါဘူး။ တကယ်လို့ အစိုးရ အနေနဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အကူအညီတွေ ထပ်မံ လိုအပ်တယ်ဆို ကျွန်တော်တို့ကို ပြောမှာပေါ့။ ယခု အထိတော့ အစိုးရဘက်က ထုတ်ပြောတာမျိုး မရှိသေးပါဘူး” ဟု စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝီရာချွန်းက ပြောကြားသည်။

ထိုင်းနိုင်ငံရေးတွင် ကြီးမားသည့် သမိုင်းကြောင်းရှိသော စစ်တပ်သည် ယခု နောက်ဆုံး ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းတွင် ဝင်ရောက် စွက်ဖက်မှု မပြုလုပ်သည်မှာ ထူးခြားသော ဖြစ်ရပ်ပင် ဖြစ်သည်ဟု လေ့လာ စောင့်ကြည့်သူတို့က ဆိုသည်။

ဆန္ဒပြသူများသည် ဘန်ကောက်မြို့တော် ဗဟိုချက်မ ဒေသနှင့် မြောက်ဘက်ရှိ အစိုးရ အဆောက်အအုံများကို သိမ်းပိုက်ကာ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် အစိုးရ ဖြုတ်ချရေး ဆန္ဒပြမှုများကို ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင်ကာ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ဇန်နဝါရီ လလယ်ပိုင်းမှ စတင်ခဲ့သော ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြမှုအတွင်း လူပေါင်း ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ရာနှင့်ချီ၍ ဒဏ်ရာ ရရှိခဲ့ကြောင်း ထိုင်းအစိုးရ အာဏာပိုင်များက ဆိုသည်။

The Voice Weekly
ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်တွင် အစိုးရ ဆန့်ကျင်ရေး အင်အားစုများ အချိန်အတန်ကြာ ဖွင့်လှစ် ထားခဲ့သည့် သပိတ်စခန်းကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်အားသုံးကာ ပြန်လည် ရယူခဲ့မှုကြောင့် ပဋိပက္ခများနှင့် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရခြင်း အပေါ် အမျက်ဒေါသ ထွက်နေသည့် ဆန္ဒပြ အုပ်စုများက ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ယာယီရုံးထိုင်ရာ အစိုးရ အဆောက်အအုံ တစ်ခု အနီးတစ်ဝိုက်တွင် အင်အား အလုံးအရင်းဖြင့် ပိတ်ဆို့ ဆန္ဒပြကြကြောင်း Reuters သတင်းဌာနက ရေးသား ဖော်ပြသည်။


အင်္ဂါနေ့က ဘန်ကောက်မြို့ ငြိမ်းချမ်းရေးဟူသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် သပိတ်စခန်းများ ပြန်လည် သိမ်း ယူသော စစ်ဆင်ရေးတွင် ထိပ်တိုက် ပဋိပက္ခများနှင့် သွေးထွက် သံယိုမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေနှင့် ကျန်ရှိသော သပိတ်စခန်းများကို ပြန်လည် သိမ်းပိုက်ရန် ကြိုးပမ်းမှု များကို ရပ်ဆိုင်းထားဦးမည် ဖြစ်သည်ဟု လုံခြုံရေးတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

အတိုက်အခံ အင်အားစုများက ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် အစိုးရကို အပြီးသတ် ဖြုတ်ချနိုင်သည် အထိ တိုက်ပွဲဝင် သွားမည်ဟု ကြိမ်းဝါး ပြောဆိုလျက် ရှိသည်။

“ဒီနေရာကို ကျွန်တော်တို့ ရောက်ရှိလာတာ ဘာကြောင့်လဲ ဆိုတော့ ဒီကာကွယ်ရေး ဝန်ကြီးဌာန အဆောက်အအုံကို ယင်းလပ်ရှင်နာဝပ် အသုံးပြုနေတာကို မကြိုက်လို့ပဲ ဖြစ်ပါတယ်။ ဒီအဆောက်အအုံ ယင်းလပ်ကို အသုံးပြုခွင့် မပြုဖို့ စစ်သားတွေကို ကျွန်တော်တို့ တောင်းဆိုထားပါတယ်” ဟု ဆန္ဒပြ ခေါင်းဆောင် တစ်ဦးက အင်အား ၃၀၀၀ ခန့် ရှိသည့် ဆန္ဒပြ လူအုပ်ကြီးကို မိန့်ခွန်း ပြောကြားသည်။

ထိုင်းစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အကယ်၍ ရဲတပ်ဖွဲ့ဝင်များ အနေနှင့် ဘန်ကောက် မြို့တော် လုံခြုံရေးကို ထိန်းသိမ်းနိုင်ခြင်း မရှိပါက စစ်တပ်က ကြားဝင် ဆောင်ရွက်ရလိမ့်မည် ဖြစ်ကြောင်း၊ ပဋိပက္ခတွင် နှစ်ဦးနှစ်ဖက် အနေနှင့် ထိပ်တိုက်ရင်ဆိုင် တွေ့မှုကို ရှောင်ရှားသင့်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ မူဝါဒက ပြောင်းလဲမှု မရှိသေးပါဘူး၊ ကျွန်တော်တို့ ရည်မှန်းချက်က ရဲတပ်ဖွဲ့ကို အထောက် အပံ့ ပေးဖို့ပါပဲ။ တပ်ဖွဲ့ဝင်တွေ တိုးမြှင့် ဖြန့်ကြက်ထားဖို့ ရည်ရွယ်ချက်လည်း မရှိပါဘူး။ တကယ် လို့ အစိုးရ အနေနဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အကူအညီတွေ ထပ်မံ လိုအပ်တယ်ဆို ကျွန်တော် တို့ကို ပြောမှာပေါ့။ ယခု အထိတော့ အစိုးရဘက်က ထုတ်ပြောတာမျိုး မရှိသေးပါဘူး” ဟု စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝီရာချွန်းက ပြောကြားသည်။

ထိုင်းနိုင်ငံရေးတွင် ကြီးမားသည့် သမိုင်းကြောင်းရှိသော စစ်တပ်သည် ယခု နောက်ဆုံး ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းတွင် ဝင်ရောက် စွက်ဖက်မှု မပြုလုပ်သည်မှာ ထူးခြားသော ဖြစ်ရပ်ပင် ဖြစ်သည်ဟု လေ့လာ စောင့်ကြည့်သူတို့က ဆိုသည်။

ဆန္ဒပြသူများသည် ဘန်ကောက်မြို့တော် ဗဟိုချက်မ ဒေသနှင့် မြောက်ဘက်ရှိ အစိုးရ အဆောက်အအုံ များကို သိမ်းပိုက်ကာ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် အစိုးရ ဖြုတ်ချရေး ဆန္ဒပြမှုများကို ဇန်နဝါရီလ ၁၃ ရက်နေ့ မှ စတင်ကာ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ဇန်နဝါရီ လလယ်ပိုင်းမှ စတင်ခဲ့သော ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြမှုအတွင်း လူပေါင်း ၁၅ ဦးထက် မနည်း သေဆုံးခဲ့ပြီး ရာနှင့်ချီ၍ ဒဏ်ရာ ရရှိခဲ့ကြောင်း ထိုင်းအစိုးရ အာဏာပိုင်များက ဆိုသည်။

The Voice Weekly

No comments:

Post a Comment