Wednesday, February 5, 2014

ဖယ်ဒရယ်ပြည်ထောင်စုပါတီ လူအင်အား ၁,၃၀၀ ထိ ဖြည့်မည်

မှတ်ပုံတင်ခွင့်ရပြီးသော ဖယ်ဒရယ်ပြည်ထောင်စုပါတီ အက်ဖ်ယူပီသည် ပါတီဝင်အင်အား ၁,၃၀၀ ၀န်း ကျင်အထိ ဖြည့်တင်းရန် ဖေဖော်ဝါရီလကုန် နောက်ဆုံးထား စုဆောင်းနေသည်ဟု ပါတီဒု-ဥက္ကဋ္ဌ ဦးစော သန်းမြင့်က မဇ္ဈိမကို ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖယ်ဒရယ်ပြည်ထောင်စုပါတီ အက်ဖ်ယူပီကို မှတ်ပုံ တင်ခွင့် ပေးပြီးနောက် ပါတီ၏လိုအပ်ချက်ဖြစ်သည့် ပါတီတွင်း လူအင်အားပြည့်မီစေရေးအတွက် စတင်လုပ် ဆောင်နေပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဒီလကုန်အပြီး ရွေးကောက်ပွဲကော်မရှင်ကို လူအင်အားတင်ရမှာ။ လူအင်အားတစ်ထောင် စုနေဆဲပါ။ လူဦးရေ ၁,၂၀၀၊ ၁,၃၀၀ လောက် တင်မယ်။ သတ်မှတ်ချက်ပြည့်မီမှာပါ”ဟု ဦးစောသန်းမြင့်က ပြော သည်။

အဆိုပါ လူဦးရေအင်အားသတ်မှတ်ရာတွင် မြို့နယ်နှင့် တိုင်းအလိုက် လူဦးရေစာရင်းကောက်ယူပြီး ပြန် လည်စိစစ်မည်ဖြစ်သည်။ မြို့နယ်တိုင်းတွင် အက်ဖ်ယူပီပါတီဝင် လူခံများရှိပြီးသားဖြစ်သည့်အတွက် ပါ တီဝင်မည့်သူများကို စာရင်းပြုစုပြီး ဖေဖော်ဝါရီ ၁၅ ရက် မှ ၂၀ရက်အကြားတွင် ရန်ကုန်ပါတီဌာနချုပ်သို့ နာမည်စာရင်းများ ပြန်ပို့ရန် ညွှန်ကြားထားပြီးဖြစ်သည်။

“အဲဒီစာရင်းထဲကမှ ပြန်လည်စိစစ်ပြီး ရွေးကောက်ပွဲကော်မရှင်ကို တင်မယ်။ ပါတီထဲကို အသက် ၁၈နှစ် ပြည့်ပြီးတဲ့ လူငယ်တိုင်း ၀င်လို့ရတယ်။ လူမျိုးဘာသာ မရွေးဘူး။ ရွေးကောက်ပွဲကော်မရှင်ရဲ့ စည်းမျဉ်း အတိုင်း ပါတီဝင်က ပါတီတစ်ခုတည်းကိုပဲ ၀င်ရမှာဖြစ်တဲ့အတွက် တကယ်လို့ တခြားပါတီကပါတီဝင်က အက်ဖ်ယူပီ ပါတီထဲဝင်ချင်တယ်ဆိုရင်လည်း အဲဒီပါတီရဲ့ နုတ်ထွက်စာကို တင်ပြရမယ်”ဟု ဦးစောသန်း မြင့်က ပြောသည်။

အက်ဖ်ယူပီသည် ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း အန်ဘီအက်ဖ်၏ ကိုယ်ပွားတစ်ခုဖြစ်ပြီး ပါတီတည်ထောင်ခွင့်ပြုရန် စက်တင်ဘာလက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ လျှောက် ထားခဲ့ရာ အောက်တိုဘာလ ၂၈ ရက်တွင် ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်သည်။

ပါတီ၏ အဓိကရည်ရွယ်ချက်မှာ ပြည်ထောင်စုဆန်သည့်စနစ် ဖြစ်ပေါ်လာစေရန်၊ တိုင်းရင်းသားအားလုံး တစ်သားတည်း စုပေါင်းနေထိုင်ရန်ဖြစ်သည်။

ဖယ်ဒရယ်ပြည်ထောင်စုပါတီ (FUP)ကို NBF တွင် ပါဝင်သည့် ညီနောင်တိုင်းရင်းသားပါတီများမှ တစ်ပါ တီလျှင် တစ်ဦး သို့မဟုတ် နှစ်ဦးကို မိခင်ပါတီများမှ နုတ်ထွက်စေပြီး အက်ဖ်ယူပီပါတီတွင်း ထည့်သွင်း၍ တည်ထောင်ခဲ့ခြင်းဖြစ်သည်။

အက်ဖ်ယူပီသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်မကို အဓိကထား ယှဉ်ပြိုင်မည်ဖြစ်သည့်အ တွက် မြို့နယ်တစ်မြို့နယ်တွင် ပါတီဝင်အင်အား အယောက် ၄၀၊ ၅၀၀န်းကျင်အထိ ဖြစ်အောင်လုပ်သွား မည်ဟု ဦးစောသန်းမြင့်၏ ပြောဆိုချက်အရ သိရသည်။

အဖွဲ့ဝင် ၁၅ ပါတီရှိသည့် အန်ဘီအက်ဖ်သည် ၂၀၁၃ ခုနှစ် မေ ၁၁ ရက် တောင်ကြီးမြို့တွင် ပြုလုပ် သည့် အစည်းအဝေး၌ အက်ဖ်ယူပီအဖြစ် သီးခြားပါတီဖွဲ့စည်းရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။ အက်ဖ်ယူ ပီကို ညီနောင်တိုင်းရင်းသား ဖက်ဒရေးရှင်းအဖွဲ့ဝင်များဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါ တီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ကယန်း အမျိုးသားပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ တအောင်း(ပလောင်)အမျိုးသားပါတီ၊ အသျှိုချင်းအမျိုးသားပါတီ၊ “၀”ဒီမိုက ရက်တစ်ပါတီ၊ “၀”အမျိုးသားစည်းလုံးညီညွတ်ရေးပါတီနှင့် တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီတို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

Mizzima

No comments:

Post a Comment