Wednesday, February 5, 2014

အခြေခံဥပဒေပုဒ်မ ၅၉ ကို ထောက်ခံဆွေးနွေးပွဲ မန္တလေးတွင် ပြုလုပ်မည်

၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့် ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၅၉ ကိုထောက်ခံကြောင်း ဆွေးနွေးဟော ပြောပွဲကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၉ လမ်း နန်းရှေ့ ဘောလုံးကွင်းတွင် ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြုလုပ်မည်ဟု ၀ံသာနုရက်္ခိတ စနေလူငယ်များအသင်း အထက်မြန်မာပြည် မန္တလေးမှ ကိုနီနီ အောင်က မဇ္ဈိမကို ပြောသည်။

“ခွင့်ပြုမိန့်ရအောင်လို့ ကြိုးစားသွားမှာပါ။ သတ်မှတ်ရက်မှာ မရခဲ့ဘူးဆိုရင်လည်း ပွဲကိုလုပ်သွား မှာပါ။ လောလောဆယ် တက်ရောက်မယ့်သူ ၅၀၀ ခန့်မှန်းပြီး တင်ထားတယ်”ဟု ကိုနီနီအောင်က ပြောသည်။

အဆိုပါဟောပြောပွဲ ကျင်းပခွင့်ရရန် သက်ဆိုင်ရာအဆင့်ဆင့်ကို ဖေဖော်ဝါရီ ၄ ရက်တွင် တရားဝင်ခွင့်ပြု မိန့်ရရန် တင်လိုက်ပြီဖြစ်ကြောင်းနှင့် ခွင့်ပြုမိန့်မရခဲ့ပါကလည်း ဟောပြောပွဲကို ကျင်းပသွားမည် ဖြစ် သည်။

ဆွေးနွေးဟောပြောပွဲတွင် NDF ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၊ တရား လွှတ်တော်ရှေ့နေ ဦးအေးပိုင်နှင့် မတူကွဲပြား ငြိမ်းချမ်းရေးပါတီမှ ကိုနေမျိုးဝေတို့မှ ဟောပြော သွားမည် ဖြစ်သည်။ ထောက်ခံဆွေးနွေးပွဲ ပြုလုပ်ရခြင်းမှာ ပြည်သူအများ ပုဒ်မ ၅၉ကို ထဲထဲဝင်ဝင်သိရှိစေရန်နှင့် ဘာကြောင့် ထောက်ခံသင့်သည်ဆိုသည့် အကြောင်းကို အဓိက ပြောမည်ဟု သိရသည်။

တက်ရောက်လာသူများ အရေအတွက် သိရှိစေရန် စားပွဲခြောက်လုံးထား၍ မှတ်တမ်း လက်မှတ်များ ကောက် ယူကာ သတင်းထုတ်ပြန်ပေးသွားမည်ဟု သိရသည်။

တက်ရောက်မည့် ပြည်သူလူထုအနေဖြင့်လည်း ငြိမ်းချမ်းစွာ တက်ရောက်ဆွေးနွေးနိုင်ကြောင်းနှင့် တက် ရောက်လာသူများသည် ကြွေးကြော်သံများနှင့် ဆိုင်းဘုတ်များ မကိုင်ကြရန်လိုကြောင်း ကိုနီနီအောင် က ဆိုသည်။

အဆိုပါ ဟောပြောဆွေးနွေး ဖြစ်မြောက်ရန် ကော်မတီတစ်ခုကိုလည်း ဖေဖော်ဝါရီ ၄ ရက်က ဖွဲ့စည်းခဲ့ သည်။ ကော်မတီဦးဆောင်သူများမှာ ကိုနီနီအောင်၊ ကိုပြည့်ဖြိုးအောင်နှင့် ကိုသွင်စိုးတို့ ဖြစ်ကြောင်း သိ ရသည်။ ဆွေးနွေးဟောပြောပွဲ ကျင်းပရန် အကြိုညှိနှိုင်းပွဲကို ဖေဖော်ဝါရီ ၄ ရက်၊ မွန်းလွဲ ၁ နာရီတွင် ၅၈ လမ်းရှိ ငြိမ်းချမ်းရေး ပရိယတ်္တိစာသင်တိုက်တွင် ပြုလုပ်သည်။

Mizzima

No comments:

Post a Comment