Monday, February 3, 2014

လိုင်စင်မဲ့ကားများ ဖမ်းဆီးရန် တိုင်ကြားမှုများ တိကျဖို့လိုဟုဆို

မန္တလေးတိုင်းအတွင်း တရားမ၀င် လိုင်စင်မဲ့ကား စီးနင်းနေမှုများကို ဆက်တိုက်ဖမ်းဆီးနေရာ ပိုမိုဖမ်းဆီး နိုင်စေရန် တိကျရန် တိုင်ကြားမှုများ လိုအပ်သည်ဟု အမှတ်-၁၁၊ ယာဉ်ထိန်း ဒု-တပ်ဖွဲ့ခွဲမှူးရုံး (မန္တလေး) ဒု-တပ်ဖွဲ့ခွဲမှူး ရဲမှူး သိန်းကိုကိုက ပြောသည်။
“လိုင်စင်မဲ့ကားတွေဖမ်းဆီးမှုကို ဆက်တိုက် လုပ်ဆောင်နေပါတယ်။ လိုင်စင်မဲ့ ကားတွေ ဖမ်းရာမှာ အိမ် တိုင်ရာရောက်လည်း လိုက်လံဖမ်းဆီးမှု လုပ်ဆောင်ပါတယ်။ အဲဒီအတွက် တိကျတဲ့ တိုင်ကြားမှုတော့ လိုပါတယ်။ ဘာလို့လဲဆိုတော့ အိမ်၊ ခြံဝင်းတွေထဲထိ ၀င်ရောက်ရှာဖွေရမှာ ဖြစ်တဲ့အတွက်၊ ဒေသဆိုင် ရာ တာဝန်ရှိသူတွေနဲ့ ဆက်စပ်လုပ်ကိုင်ရမှာ ဖြစ်တဲ့အတွက် ဖြစ်ပါတယ်” ဟု ရဲမှူးက ပြောသည်။

မန္တလေးတိုင်းအတွင်း လက်ရှိအချိန်တွင် လိုင်စင်ပြုလုပ်ထားသည့် ကားအရေအတွက်မှာ ၆၀,၀၀၀ ၀န်း ကျင်ရှိသော်လည်း လက်ရှိတိုင်းအတွင်း စီးနင်းနေသော ကားအရေအတွက်မှာ ယခုထက်ပိုနေခြင်း၊ ပြဿနာပေါ်ပေါက်လာလျှင် ချက်ချင်း အရေးယူဆောင်ရွက်နိုင်ခြင်းတို့ ပြုလုပ်ရန် ယခုကဲ့သို့ စီစဉ်ခြင်း ဖြစ်သည်။

ပိုင်ရှင်မဲ့ကားများကို ဖမ်းဆီးရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိသည်နှင့် တရားမ၀င်ကားဟု မဆို နိုင်ဘဲ၊ ကုန်းလမ်း ပို့ဆောင်ရေးဝန်ကြီးဌာနသို့ ပို့ဆောင်ကာ လိုအပ်သော စစ်ဆေးချက်များ လုပ်ဆောင် ရသည်။ သို့ဖြစ်၍ အိမ်တိုင်ရာရောက် ၀င်ရောက်ဖမ်းဆီးရာတွင် သေချာသည့် အကြောင်းပြချက်များက လိုအပ်ပြီး တိုင်ကြားသူများ တိကျစွာဖော်ပြ တိုင်ကြားရန် လိုအပ်ခြင်း ဖြစ်သည်။

“ဖမ်းဆီးရမိတဲ့ ကားတွေထဲမှာတော့ မတ်တူးကားအမျိုးအစားက များပါတယ်။ မနှစ်က ဖမ်းဆီးမိတဲ့ ၅၃ စီးမှာ မတ်တူးကားက ၂၂ စီးပါပါတယ်။ Honda Fit နဲ့ ကျန်တာကတော့ ၁၀ စီးဝန်းကျင်လောက် မိပါ တယ်” ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိတစ်ဦးက ပြောသည်။

လိုင်စင်မဲ့ကားများအဖြစ် ၂၀၁၃ ခုနှစ်တွင် ၅၃ စီးမိခဲ့ပြီး ပိုင်ရှင်မဲ့ကား ၄၅စီး၊ ပိုင်ရှင်ရှိကား ရှစ်စီးကို ဖမ်းဆီး ရမိခဲ့သည်။ ပိုင်ရှင်နှင့်ကားအတူ ဖမ်းဆီးရမိလျှင် ၄၂၀ /၄၆၈ စာရွက်စာတမ်း အတုပြုလုပ်သည့် အမှုဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကာ ငွေဒဏ်အပါအ၀င် ထောင်ဒဏ်ခုနစ်နှစ် အထိ ပြစ်ဒဏ်ချမှတ်နိုင်သည်။
 Mizzima

No comments:

Post a Comment