Monday, February 3, 2014

ဘားအံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထပ်ရွှေ့ရဖွယ်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဒုတိယအကြိမ် တစ်ပြိုင်နက် တွေ့ဆုံမည့် ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မူလက ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားသော်လည်း အချိန် ထပ်မံရွှေ့ဆိုင်းရဖွယ် ရှိကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

KNU နယ်မြေတွင် ကျင်းပသော လော်ခီးလာ ညီလာခံက အတည်ပြုထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နှစ်ဖက် သဘောတူစာချုပ် (မူကြမ်း) ကို ဇန်နဝါရီလ ၂၉ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တွေ့ဆုံ ဆွေးနွေးပြီးနောက် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“အဲဒီမူကြမ်းမှာ အနည်းငယ်ညှိနှိုင်းဖို့ လိုအပ်တာတွေ နှစ်ဖက်လုံးမှာ ပြန်ညှိပြီး ဖေဖော်ဝါရီလ နောက်ဆုံးပတ်လောက်မှာ ရန်ကုန်မှာ ပြန်တွေ့ကြဖို့ရှိတော့ ဘားအံဆွေးနွေးပွဲက မတ်လဆန်း လောက်မှ ဖြစ်နိုင်မယ်” ဟု ၎င်းကဆိုသည်။

ယင်းအတွက် ဘားအံဆွေးနွေးပွဲ ကျင်းပနိုင်မည့်နေ့ရက် အတိအကျကို အစိုးရနှင့် NCCT တို့ ရန်ကုန်မြို့တွင် ထပ်မံတွေ့ဆုံပြီး နောက်ပိုင်းမှသာ အတည်ပြု ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း MPC ထံမှ သိရသည်။

၂၀၁၄ ခုနှစ်အတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် နှစ်ဖက်လုံးက လိုလားနေကြောင်း၊ ဆွေးနွေးမှုများ ထပ်မံအချိန် မကြာမြင့်စေရန် လော်ခီးလာ ညီလာခံကို မူလသုံးရက် စီစဉ်ထားရာမှ ခြောက်ရက် ကြာသည်အထိ ကျင်းပခဲ့ပြီး အပြီးသတ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ရှင်းပြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ညီလာခံမှာ မတူညီ ကွဲပြားတဲ့ သဘောထား ရပ်တည်ချက်တွေနဲ့ အစပြုခဲ့ပြီး အဆုံးမှာ ဘုံရပ်တည်ချက် တစ်ခုအနေနဲ့ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ချက် ချနိုင်တဲ့အထိ ကြိုးပမ်း အားထုတ်ခဲ့ကြတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင် အားလုံးကို ချီးကျူး ဂုဏ်ပြုပါတယ်” ဟု ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်လွှင့်သည့် လစဉ် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားထားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ဘားအံတွင် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးပြီးပါက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို နေပြည်တော်တွင် ကျင်းပရန်နှင့် အချိန်တိုအတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် ရည်မှန်းကြောင်း အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်အချို့က ပြောကြားထားသည်။
အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဒုတိယအကြိမ် တစ်ပြိုင်နက် တွေ့ဆုံမည့် ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မူလက ဖေဖော်ဝါရီ လ နှောင်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားသော်လည်း အချိန် ထပ်မံရွှေ့ဆိုင်းရဖွယ် ရှိကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

KNU နယ်မြေတွင် ကျင်းပသော လော်ခီးလာ ညီလာခံက အတည်ပြုထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နှစ်ဖက် သဘောတူစာချုပ် (မူကြမ်း) ကို ဇန်နဝါရီလ ၂၉ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တွေ့ဆုံ ဆွေးနွေးပြီးနောက် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“အဲဒီမူကြမ်းမှာ အနည်းငယ်ညှိနှိုင်းဖို့ လိုအပ်တာတွေ နှစ်ဖက်လုံးမှာ ပြန်ညှိပြီး ဖေဖော်ဝါရီ လ နောက်ဆုံး ပတ်လောက်မှာ ရန်ကုန်မှာ ပြန်တွေ့ကြဖို့ရှိတော့ ဘားအံဆွေးနွေးပွဲက မတ်လဆန်း လောက်မှ ဖြစ်နိုင် မယ်” ဟု ၎င်းကဆိုသည်။

ယင်းအတွက် ဘားအံဆွေးနွေးပွဲ ကျင်းပနိုင်မည့်နေ့ရက် အတိအကျကို အစိုးရနှင့် NCCT တို့ ရန်ကုန်မြို့တွင် ထပ်မံတွေ့ဆုံပြီး နောက်ပိုင်းမှသာ အတည်ပြု ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း MPC ထံမှ သိရသည်။

၂၀၁၄ ခုနှစ်အတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် နှစ်ဖက်လုံးက လိုလားနေကြောင်း၊ ဆွေးနွေးမှုများ ထပ်မံအချိန် မကြာမြင့်စေရန် လော်ခီးလာ ညီလာခံကို မူလသုံးရက် စီစဉ်ထားရာမှ ခြောက်ရက် ကြာသည်အထိ ကျင်းပခဲ့ပြီး အပြီးသတ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ရှင်းပြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ညီလာခံမှာ မတူညီ ကွဲပြားတဲ့ သဘောထား ရပ်တည်ချက်တွေနဲ့ အစပြုခဲ့ပြီး အဆုံးမှာ ဘုံရပ်တည်ချက် တစ်ခုအနေနဲ့ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ချက် ချနိုင်တဲ့အထိ ကြိုးပမ်း အားထုတ်ခဲ့ကြတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင် အားလုံးကို ချီးကျူး ဂုဏ်ပြုပါတယ်” ဟု ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်လွှင့်သည့် လစဉ် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားထားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ဘားအံတွင် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးပြီးပါက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို နေပြည်တော်တွင် ကျင်းပရန်နှင့် အချိန်တိုအတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် ရည်မှန်းကြောင်း အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်အချို့က ပြောကြားထားသည်။
 
The Voice

No comments:

Post a Comment