Saturday, February 1, 2014

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းများသည် ဒေသခံ ပြည်သူများနှင့် ပွင့်လင်းမြင်သာစွာ တွေ့ဆုံ ဆွေးနွေး ဆောင်ရွက်ခဲ့သည့် အတွက် တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင် တိုးတက်နေ

Photo: လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းများသည် ဒေသခံ ပြည်သူများနှင့် ပွင့်လင်းမြင်သာစွာ တွေ့ဆုံ ဆွေးနွေး ဆောင်ရွက်ခဲ့သည့် အတွက် တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင် တိုးတက်နေ

နေပြည်တော် ဇန်နဝါရီ ၃၁

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ရောက်ရှိနေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း၊ ကော်မတီ ဒုတိယဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ ကော်မတီအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းနှင့် ဦးအုန်းမြင့်၊ အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ဗိုလ်ချုပ်ဇာနည်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၈ နာရီက ညောင်ပင်ကြီး၊ မိုးကြိုးပြင်၊ ကံကုန်း၊ ဒုံးတောကျေးရွာများသို့ ရေပေးဝေ ဖြန့်ဖြူးမည့် ညောင်ပင်ကြီး လျှပ်စစ် မြစ်ရေတင် စီမံကိန်း၏ ရေပေးဝေရေး တူးမြောင်း ပြန်လည်ပြုပြင်တည်ဆောက်နေမှုအား လည်းကောင်း၊ PS-1 မှ PS-2 သို့ Concrete Lining ပြုပြင် တည်ဆောက်နေမှုအား လည်းကောင်း၊ ဆက်လက်၍  တောင်ပ လူကျေးရွာအုပ်စု ပုသိမ်-မုံရွာ ကားလမ်းဘေး ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ တည်ဆောက်ပြီးစီးမှု အခြေ အနေအားလည်းကောင်း ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ယင်းမာပင်မြို့နယ် တည်ပင်ကန်ကျေးရွာ ခေတ်သစ်အလင်းတန်း စာကြည့်တိုက်ဖွင့်ပွဲ အခမ်း အနားနှင့် တည်ပင်ကန်ကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားသို့ လည်းကောင်း၊ ဆက်လက်၍ ဆားလင်းကြီးမြို့နယ် ဝါးတန်းကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲ အခမ်းအနားသို့ လည်းကောင်းတက်ရောက် အားပေးသည်။

ဆက်လက်၍ ဝက်မှေး-ကံတောကျေးရွာ သစ်နှင်ဆည်တည်း-ဇီးတောကျေးရွာသစ်ရှိ မူလတန်းကြိုကျောင်း များဖွင့်ပွဲ အခမ်းအနားနှင့် ကျောင်းဆောင် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး ကြသည်။

ထို့နောက် ဖောင်းကတာကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၏ RC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် စက်မှုဝန်ကြီးဌာန မြန်မာ့ အထည်အလိပ် လုပ်ငန်း အမှတ် (၆) အထည်စက်ရုံ (ဆားလင်းကြီး) ရှိ အထည်ချုပ်လုပ်ငန်း သင်တန်းတွင် တက်ရောက် သင်ကြားလျက်ရှိသည့် သင်တန်းသူများ၏ လေ့ကျင့်သင်ကြားနေမှုများအား ကြည့်ရှုစစ်ဆေး ပြီးယင်းစက်ရုံ အစည်းအဝေးခန်းမ၌ ဒေသခံ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ အနေဖြင့် အနည်းဆုံး တစ်လလျှင်တစ်ကြိမ် ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပွင့်လင်းမြင်သာစွာ ချပြ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းလုပ်ငန်း မြေယာ သိမ်းဆည်းမှုများနှင့် ပတ်သက်၍ မြေယာ လျော်ကြေးများကို သတ်မှတ်နှုန်းထားအတိုင်း ထုတ်ပေးခဲ့ရာ အချို့မှာ ထုတ်ယူပြီးဖြစ်သော်လည်း အချို့မှာ အကြောင်းအမျိုးမျိုးကြောင့် ထုတ်ယူနိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ စီမံကိန်း အနေဖြင့် မြေယာ သိမ်းဆည်းခံရသူများအပေါ် နစ်နာကြေး၊ လျော်ကြေးများ အပြင် ထောက်ပံ့ကြေးများကိုလည်း ထပ်မံ ထုတ်ပေးနိုင်ရန်အတွက် ဒေသခံများနှင့် လာရောက် တွေ့ဆုံ ရခြင်းဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တွေ့ရှိချက်များအပြင် အခြား ဆောင်ရွက်ပေးသင့်သည့် လူမှုစီးပွား ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ထပ်မံ ဖြည့်စွက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထပ်မံချုပ်ဆိုသည့် သဘောတူစာချုပ်သစ်အရ နိုင်ငံတော်မှ ရရှိမည့် အကျိုးအမြတ် များသည် လက်ပံတောင်းတောင် စီမံကိန်းဒေသ အပါအဝင် နိုင်ငံတစ်ဝန်းရှိ ပြည်သူတို့ အတွက်သာ ဖြစ်ပါကြောင်း၊ စီမံကိန်း စနစ်တကျ အောင်မြင်စွာ ပိတ်သိမ်းနိုင်ရန် (Mine Closure Plan) ကိုလည်း ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှု ကွာဟခြင်း မရှိစေရန် ဘက်စုံ၊ ကဏ္ဍစုံ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို လက်ခံ ဆောင်ရွက် သွားကြရမည်ဖြစ်ပြီး ရရှိသင့်သည့် အခွင့်အရေးများ အပြည့်အဝ ရရှိရန် ဖော်ဆောင်သွားရမှာ ဖြစ်ကြောင်း၊ မိမိကိုယ်ကျိုးအတ္တ တစ်ခုတည်းကို မကြည့်ဘဲ အများအတွက် ငဲ့ညှာပြီး ဆောင်ရွက်သွားကြ ရမည် ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို လည်းကောင်း ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် မန်နေးဂျင်း ဒါရိုက်တာ ဗိုလ်ချုပ် ဇာနည်ဝင်းက သိမ်းဆည်း မြေယာများအတွက် ထောက်ပံ့ကြေးများကို  လယ်မြေတစ်ဧက ကျပ် ၁၂ သိန်းနှုန်း၊ (ဦးပိုင်ပေါက်) ယာမြေ တစ်ဧက ကျပ်ရှစ်သိန်းနှုန်းနှင့် (ဦးပိုင်မပေါက်) ယာမြေ တစ်ဧက ကျပ်သုံးသိန်းနှုန်းတို့ဖြင့် ထပ်မံ၍ ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်း၊ အဆိုပါငွေများကို ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှ စတင်၍ ထုတ်ယူ နိုင်ကြောင်း၊ ယခင် အကြောင်းအမျိုးမျိုးကြောင့် လာရောက်ထုတ်ယူနိုင်ခြင်း မရှိသည့်သူများ အတွက် ယခု ထောက်ပံ့ကြေးကို တစ်ပေါင်းတည်း ထုတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ဒေသခံများ၏ အလုပ်အကိုင် ရရှိရေး ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ စီမံကိန်း ပတ်ဝန်းကျင်ဒေသရှိ တက္ကသိုလ်ဝင်တန်းနှင့် တက္ကသိုလ်ပညာ တက်ရောက် သင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၈၆ ဦးတို့အား ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ် အတွက် ပညာသင် ထောက်ပံ့ကြေး ကျပ် ၂၅၄ သိန်းကို ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်သည်။

ထို့နောက် ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုပ်ငန်းများသည် ဒေသခံ ပြည်သူများနှင့် ပွင့်လင်းမြင်သာစွာ တွေ့ဆုံ ဆွေးနွေးဆောင်ရွက်ခဲ့သည့် အတွက် တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင် တိုးတက်နေသည်ကို တွေ့မြင်ရပါကြောင်း၊ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာပါ အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူလူထု ထိခိုက်နစ်နာ မှုမရှိစေရန် ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်း လုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြင့် ပိုမို အောင်မြင်မှုများ ရရှိလာမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပညာရည်မြင့်မား တိုးတက်လာစေရန် ပညာသင် ထောက်ပံ့ ကြေးများပေးအပ်ခြင်းသည် မိမိတို့တိုင်းပြည်၊ မိမိတို့ဒေသ၏ လူသားစွမ်းရည် အရင်းအမြစ်များ မြင့်မား လာစေရန် ဖြစ်ကြောင်း၊ ရသင့်ရရှိရမည့် အခွင့်အရေးများရရှိရန် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီလီမိတက်ရှိ အငယ်တန်းအော်ပရေတာ လုပ်ငန်းခွင် သင်တန်းသို့ ရောက်ရှိပြီး သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံ အမှာစကားပြောကြားရာတွင် လက်ပံတောင်း တောင်ကြေးနီစီမံကိန်းသည် စုံစမ်းရေး ကော်မရှင် အစီရင်ခံစာပါအတိုင်း ဆောင်ရွက်ရမည့် နိုင်ငံတော် စီမံကိန်းကြီး ဖြစ်သည့်အတွက် မိမိတို့ ကျရာအခန်းကဏ္ဍများတွင် မိမိတို့တာဝန် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုအပ်ပြီး စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာကို လေ့လာဖတ်ရှုရန် တိုက်တွန်း ပါကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန်များကို စေတနာကောင်းများဖြင့် ကြိုးပမ်း ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်းဖြင့်  မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ရောက် ရှိနေသော လက် ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှထွန်း
၊ ကော်မတီ ဒုတိယဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး၊ ကော်မတီ အဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းနှင့် ဦးအုန်းမြင့်၊ အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီး များ၊ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်မှ ဗိုလ်ချုပ်ဇာနည်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၈ နာရီက ညောင်ပင်ကြီး၊ မိုးကြိုးပြင်၊ ကံကုန်း၊ ဒုံးတောကျေးရွာများသို့ ရေပေးဝေ ဖြန့်ဖြူးမည့် ညောင်ပင်ကြီး လျှပ်စစ် မြစ်ရေတင် စီမံကိန်း၏ ရေပေးဝေရေး တူးမြောင်း ပြန်လည်ပြုပြင် တည်ဆောက်နေမှုအား လည်းကောင်း၊ PS-1 မှ PS-2 သို့ Concrete Lining ပြုပြင် တည်ဆောက်နေမှုအား လည်းကောင်း၊ ဆက်လက်၍ တောင်ပ လူကျေးရွာအုပ်စု ပုသိမ်-မုံရွာ ကားလမ်းဘေး ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ တည်ဆောက်ပြီးစီးမှု အခြေအနေအား လည်းကောင်း ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ယင်းမာပင်မြို့နယ် တည်ပင်ကန်ကျေးရွာ ခေတ်သစ်အလင်းတန်း စာကြည့်တိုက် ဖွင့်ပွဲ အခမ်း အနားနှင့် တည်ပင်ကန်ကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားသို့ လည်းကောင်း၊ ဆက်လက်၍ ဆားလင်းကြီးမြို့နယ် ဝါးတန်းကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲ အခမ်းအနားသို့ လည်းကောင်း တက်ရောက် အားပေးသည်။

ဆက်လက်၍ ဝက်မှေး-ကံတောကျေးရွာ သစ်နှင်ဆည်တည်း-ဇီးတောကျေးရွာသစ်ရှိ မူလတန်း ကြိုကျောင်း များဖွင့်ပွဲ အခမ်းအနားနှင့် ကျောင်းဆောင် လွှဲပြောင်းပေးအပ်ပွဲ အခမ်း အနား သို့ တက်ရောက်အားပေး ကြသည်။

ထို့နောက် ဖောင်းကတာကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၏ RC နှစ်ထပ် ကျောင်းဆောင် သစ် ဆောက်လုပ်နေမှုအား ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် စက်မှုဝန်ကြီးဌာန မြန်မာ့ အထည်အလိပ် လုပ်ငန်း အမှတ် (၆) အထည်စက်ရုံ (ဆားလင်းကြီး) ရှိ အထည်ချုပ် လုပ်ငန်း သင်တန်းတွင် တက်ရောက် သင်ကြားလျက်ရှိသည့် သင်တန်းသူများ၏ လေ့ကျင့် သင်ကြားနေမှုများအား ကြည့်ရှုစစ်ဆေး ပြီးယင်းစက်ရုံ အစည်းအဝေးခန်းမ၌ ဒေသခံ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ အနေဖြင့် အနည်းဆုံး တစ်လလျှင်တစ်ကြိမ် ဒေသခံပြည်သူ များနှင့် တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပွင့်လင်းမြင်သာစွာချပြ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းလုပ်ငန်း မြေယာ သိမ်းဆည်း မှုများနှင့် ပတ်သက်၍ မြေယာ လျော်ကြေးများကို သတ်မှတ်နှုန်းထားအတိုင်း ထုတ်ပေးခဲ့ရာ အချို့မှာ ထုတ်ယူပြီးဖြစ်သော်လည်း အချို့မှာ အကြောင်းအမျိုးမျိုးကြောင့် ထုတ်ယူနိုင်ခြင်း မရှိသေးသည် ကို တွေ့ရှိရပါကြောင်း၊ စီမံကိန်း အနေဖြင့် မြေယာ သိမ်းဆည်းခံရသူများအပေါ် နစ်နာကြေး၊ လျော်ကြေး များ အပြင် ထောက်ပံ့ကြေးများကိုလည်း ထပ်မံထုတ်ပေးနိုင်ရန်အတွက် ဒေသခံများနှင့် လာရောက် တွေ့ဆုံ ရခြင်းဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တွေ့ရှိချက်များအပြင် အခြား ဆောင်ရွက်ပေးသင့်သည့် လူမှုစီးပွား ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ထပ်မံ ဖြည့်စွက်ဆောင် ရွက် လျက်ရှိပါကြောင်း၊ ထပ်မံချုပ်ဆိုသည့် သဘောတူစာချုပ်သစ်အရ နိုင်ငံတော်မှ ရရှိမည့် အကျိုးအမြတ် များသည် လက်ပံတောင်းတောင် စီမံကိန်းဒေသ အပါအဝင် နိုင်ငံတစ်ဝန်းရှိ ပြည်သူတို့ အတွက်သာ ဖြစ် ပါကြောင်း၊ စီမံကိန်း စနစ်တကျ အောင်မြင်စွာ ပိတ်သိမ်းနိုင်ရန် (Mine Closure Plan) ကိုလည်း ချမှတ် ဆောင် ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှု ကွာဟခြင်း မရှိစေရန် ဘက်စုံ၊ ကဏ္ဍစုံ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို လက်ခံ ဆောင်ရွက် သွားကြရမည်ဖြစ်ပြီး ရရှိသင့်သည့် အခွင့်အရေးများ အပြည့်အဝ ရရှိရန် ဖော်ဆောင် သွားရမှာ ဖြစ်ကြောင်း၊ မိမိကိုယ်ကျိုးအတ္တ တစ်ခုတည်းကို မကြည့်ဘဲ အများအတွက် ငဲ့ညှာပြီး ဆောင်ရွက် သွားကြ ရမည် ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ ဆောင် ရွက်ပြီး၊ ဆောင်ရွက်ဆဲ အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များကို လည်းကောင်း ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် မန်နေးဂျင်း ဒါရိုက်တာ ဗိုလ်ချုပ် ဇာနည်ဝင်း က သိမ်း ဆည်း မြေယာများအတွက် ထောက်ပံ့ကြေးများကို လယ်မြေတစ်ဧက ကျပ် ၁၂ သိန်းနှုန်း၊ (ဦးပိုင်ပေါက်) ယာမြေ တစ်ဧက ကျပ်ရှစ်သိန်းနှုန်းနှင့် (ဦးပိုင်မပေါက်) ယာမြေ တစ်ဧက ကျပ်သုံးသိန်းနှုန်းတို့ဖြင့် ထပ်မံ၍ ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်း၊ အဆိုပါငွေများကို ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှ စတင်၍ ထုတ်ယူ နိုင်ကြောင်း၊ ယခင် အကြောင်းအမျိုးမျိုးကြောင့် လာရောက်ထုတ်ယူနိုင်ခြင်း မရှိသည့် သူများ အတွက် ယခု ထောက်ပံ့ကြေးကို တစ်ပေါင်းတည်း ထုတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ဒေသခံ များ၏ အလုပ်အကိုင် ရရှိရေး ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ စီမံကိန်း ပတ်ဝန်းကျင်ဒေသရှိ တက္ကသိုလ်ဝင်တန်းနှင့် တက္ကသိုလ်ပညာ တက်ရောက် သင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၈၆ ဦးတို့အား ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ် အတွက် ပညာသင် ထောက်ပံ့ကြေး ကျပ် ၂၅၄ သိန်းကို ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်သည်။

ထို့နောက် ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် လက်ပံတောင်းတောင် ကြေးနီ စီမံ ကိန်း လုပ်ငန်းများသည် ဒေသခံ ပြည်သူများနှင့် ပွင့်လင်းမြင်သာစွာ တွေ့ဆုံ ဆွေးနွေးဆောင်ရွက်ခဲ့သည့် အတွက် တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင် တိုးတက်နေသည်ကို တွေ့မြင်ရပါကြောင်း၊ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာပါ အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူလူထု ထိခိုက် နစ်နာ မှုမရှိစေရန် ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်း လုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြင့် ပိုမို အောင်မြင် မှုများ ရရှိလာမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပညာရည်မြင့်မား တိုးတက်လာစေရန် ပညာ သင် ထောက်ပံ့ ကြေးများပေးအပ်ခြင်းသည် မိမိတို့တိုင်းပြည်၊ မိမိတို့ဒေသ၏ လူသားစွမ်းရည် အရင်းအမြစ်များ မြင့်မား လာစေရန် ဖြစ်ကြောင်း၊ ရသင့်ရရှိရမည့် အခွင့်အရေးများရရှိရန် ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီလီမိတက်ရှိ အငယ်တန်းအော်ပရေတာ လုပ်ငန်းခွင် သင်တန်း သို့ ရောက် ရှိပြီး သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံ အမှာစကားပြောကြား ရာတွင် လက် ပံတောင်း တောင်ကြေးနီစီမံကိန်းသည် စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ ပါအတိုင်း ဆောင်ရွက်ရ မည့် နိုင်ငံတော် စီမံကိန်းကြီး ဖြစ်သည့်အတွက် မိမိတို့ ကျရာအခန်း ကဏ္ဍများတွင် မိမိတို့တာဝန် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုအပ်ပြီး စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ ကို လေ့လာဖတ်ရှုရန် တိုက်တွန်း ပါကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန်များကို စေတနာကောင်းများဖြင့် ကြိုးပမ်း ဆောင်ရွက်သွားကြရန် ဖြစ်ကြော င်းဖြင့် မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment