Wednesday, February 19, 2014

ပန်ဝါဒေသ နှင်းများကျ၍ အအေးလွန်ကဲ

Photo: ပန်ဝါဒေသ နှင်းများကျ၍ အအေးလွန်ကဲ
Wednesday, February 19, 2014

တရုတ် မြန်မာနယ်စပ် ကချင်ပြည်နယ် ပန်ဝါမြို့နယ်တွင် နှင်းခဲကျဆင်းမှုနှုန်းများခြင်းကြောင့် ဒေသခံများနှင့် ထိုဒေသတွင်ခိုလှုံနေသော ဒုက္ခသည်များအတွက် အအေးလွန်ကဲမှုဒာဏ်ခံနေရကြောင်း စခန်းမှသိရသည်။

ပန်ဝါမြို့အထက် နယ်ခြားမှတ်တိုင် အမှတ် (၅-၆-၇) ဒေသ တလျှောက် ပြီးခဲ့သည့် ၃ ရက်ခန့်ကတည်းက နှင်းများကျနေသောကြောင့် နေထိုင်မှုတွင်အခက်ခဲရင်ဆိုင်နေရကြောင်း မှတ်တိုင်အမှတ် (၆) ဖရဲခက် (Hpre Hkyet) စစ်ပြေးဒုက္ခသည်စခန်းတာဝန်ခံ အုပ်ချုပ်ရေးမှူး အရာရှိ ဖောင်ဂျေလတောင် KNG ကချင်သတင်းဌာန သို့ပြောသည်။

“ဘယ်မှထွက်လို့မရဘူး ရေတွင်းတွေမှာလည်း နှင်းတွေအုပ်လိုက်တော့ ရေလည်းမရှိတော့ခက်ခဲနေတယ် ဒါမဲ့ နှင်းခဲတွေခပ်ယူပြီး အိုးနဲ့ချက်ပြီးသုံးနေကြတယ် နှင်းတွေလည်း ဆက်တိုက်ကျနေဆဲဘဲ အရမ်းအေးခဲနေတယ်”

ထို့ပြင် နှင်းခဲများထူထပ်ခြင်းကြောင့် နယ်ခြားမှတ်တိုင်အမှတ် (၆) ဖရဲခက် (Hpre Hkyet) ဒုက္ခသည်စခန်းရှိ မူလတန်းကျောင်းလည်း ပိတ်ထားရပြီး မိမိနေအိမ်တွင်းသာ မီးလုံနေရကြောင်းသိရှိရသည်။

ထိုသို့ နှင်းများကျသောကြောင့် အိမ်များ ပျက်ဆီးသွားခြင်းမရှိသေးသော်လည်း ရေခဲများ အိမ်ခေါင်မိုးပေါ်တွင် ၈ လက်မ ကျော်တင်နေပြီး လူသွားလမ်း တချို့နေ ရာများတွင် ၁ ပေကျော်၊ ၈ လက်မကျော် စသည်ဖြင့် နေရာအသီးသီးတွင် နှင်းများဖုံးလွှမ်းနေသောကြောင့်လည်း သွားလာရန် အလွန်ခက်ခဲလျက်ရှိနေကြောင်း သိရသည်။

KIA တပ်သားများရှိသော ပန်ဝါအထက် နယ်ခြားမှတ်တိုင်အမှတ် (၅) တွင် ဖေဖ၀ါရီလ ၁၇ ရက် နံနက် ၂ နာရီချိန်ခန့်မှ နှင်းများကျကာ ယခုချိန်ရေခဲများ ဒူးဆစ်အထိရှိနေပြီဖြစ်သောကြောင့် သွားလာရန် ခက်ခဲနေကြောင်း သိရသည်။

“မိုးရွာသလိုရွာနေတာ အတုံးကြီးတော့မဟုတ်ဘူး နှင်းတွေကျပြီး အရည်မပျော်သွားဘူး ၁ ပတ်လောက်ရှိပြီးမှ နေပူလာတဲ့ချိန်မှ ပြန်အရည်ပျော်သွားတာ နေ့ ည၂ ရက်လောက် ကျပြီဆိုရင်တော့ ခြေဆစ်လောက်ရှိပြီ နှင်းတွေက ဖြည်းဖြည်းချင်း အရည်ပြန်ပျော်သွားတာ” ဟု ပန်ဝါဒေသ မှတ်တိုင် (၅) စခန်းမှဒုက္ခသည်တဦး ပြောသည်။

ဆက်လက်၍ ထိုကဲ့သို့ နှင်းများအဆက်မပြတ်ကျပြီး ဒုက္ခသည်များနှင့် ဒေသခံများနေထိုင်ရန် ပို၍ခက်ခဲလာလျင် KIO အဖွဲ့နှင့် လုပ်ငန်းရှင်သူဌေးများအားအကူအညီတောင်း၍ လမ်း ပေါ်ရှိ နှင်းခဲများအားဖယ်ရှားမည်ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများပြောသည်။ ယမန်နှစ်တွင် နိုင်ဝင်ဘာလနှင့် အောက်တိုဘာလအတွင် နှင်းခဲကျ၍ အေးသော်လည်း ယခုနှစ်တွင် အအေးလွန်ကဲနေခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကျရေများတွင်လည်း နှင်းများဖုံးသွားခြင်းကြောင့် နှင်းတုံးများကို ဆာလာအိတ်တွင်သိမ်းယူကာ သောက်ရေ သုံးရေများ အသုံးပြုနေကြောင်းသိရသည်။ ၎င်းဒုက္ခသည်စခန်းတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးနေကြောင်း သိရသည်။

KNG News
တရုတ် မြန်မာနယ်စပ် ကချင်ပြည်နယ် ပန်ဝါမြို့နယ်တွင် နှင်းခဲကျဆင်းမှုနှုန်းများခြင်းကြောင့် ဒေသခံ များနှင့် ထိုဒေသတွင်ခိုလှုံနေသော ဒုက္ခသည်များအတွက် အအေးလွန်ကဲမှုဒာဏ်ခံနေရကြောင်း စခန်းမှ သိရသည်။


ပန်ဝါမြို့အထက် နယ်ခြားမှတ်တိုင် အမှတ် (၅-၆-၇) ဒေသ တလျှောက် ပြီးခဲ့သည့် ၃ ရက်ခန့်ကတည်းက နှင်းများကျနေသောကြောင့် နေထိုင်မှုတွင်အခက်ခဲရင်ဆိုင်နေရကြောင်း မှတ်တိုင်အမှတ် (၆) ဖရဲခက် (Hpre Hkyet) စစ်ပြေးဒုက္ခသည်စခန်းတာဝန်ခံ အုပ်ချုပ်ရေးမှူး အရာရှိ ဖောင်ဂျေလတောင် KNG ကချင်သတင်းဌာန သို့ပြောသည်။

“ဘယ်မှထွက်လို့မရဘူး ရေတွင်းတွေမှာလည်း နှင်းတွေအုပ်လိုက်တော့ ရေလည်းမရှိတော့ခက်ခဲနေတယ် ဒါမဲ့ နှင်းခဲတွေခပ်ယူပြီး အိုးနဲ့ချက်ပြီးသုံးနေကြတယ် နှင်းတွေလည်း ဆက်တိုက်ကျနေဆဲဘဲ အရမ်းအေးခဲနေတယ်”

ထို့ပြင် နှင်းခဲများထူထပ်ခြင်းကြောင့် နယ်ခြားမှတ်တိုင်အမှတ် (၆) ဖရဲခက် (Hpre Hkyet) ဒုက္ခသည်စခန်းရှိ မူလတန်းကျောင်းလည်း ပိတ်ထားရပြီး မိမိနေအိမ်တွင်းသာ မီးလုံနေရကြောင်းသိရှိရသည်။

ထိုသို့ နှင်းများကျသောကြောင့် အိမ်များ ပျက်ဆီးသွားခြင်းမရှိသေးသော်လည်း ရေခဲများ အိမ်ခေါင်မိုးပေါ်တွင် ၈ လက်မ ကျော်တင်နေပြီး လူသွားလမ်း တချို့နေ ရာများတွင် ၁ ပေကျော်၊ ၈ လက်မကျော် စသည်ဖြင့် နေရာအသီးသီးတွင် နှင်းများဖုံးလွှမ်းနေသောကြောင့်လည်း သွားလာရန် အလွန်ခက်ခဲလျက်ရှိနေကြောင်း သိရသည်။

KIA တပ်သားများရှိသော ပန်ဝါအထက် နယ်ခြားမှတ်တိုင်အမှတ် (၅) တွင် ဖေဖ၀ါရီလ ၁၇ ရက် နံနက် ၂ နာရီချိန်ခန့်မှ နှင်းများကျကာ ယခုချိန်ရေခဲများ ဒူးဆစ်အထိရှိနေပြီဖြစ်သောကြောင့် သွားလာရန် ခက်ခဲနေကြောင်း သိရသည်။

“မိုးရွာသလိုရွာနေတာ အတုံးကြီးတော့မဟုတ်ဘူး နှင်းတွေကျပြီး အရည်မပျော်သွားဘူး ၁ ပတ်လောက်ရှိပြီးမှ နေပူလာတဲ့ချိန်မှ ပြန်အရည်ပျော်သွားတာ နေ့ ည၂ ရက်လောက် ကျပြီဆိုရင်တော့ ခြေဆစ်လောက်ရှိပြီ နှင်းတွေက ဖြည်းဖြည်းချင်း အရည်ပြန်ပျော်သွားတာ” ဟု ပန်ဝါဒေသ မှတ်တိုင် (၅) စခန်းမှဒုက္ခသည်တဦး ပြောသည်။

ဆက်လက်၍ ထိုကဲ့သို့ နှင်းများအဆက်မပြတ်ကျပြီး ဒုက္ခသည်များနှင့် ဒေသခံများနေထိုင်ရန် ပို၍ခက်ခဲလာလျင် KIO အဖွဲ့နှင့် လုပ်ငန်းရှင်သူဌေးများအားအကူအညီတောင်း၍ လမ်း ပေါ်ရှိ နှင်းခဲ များအား ဖယ်ရှားမည်ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများပြောသည်။ ယမန်နှစ်တွင် နိုင်ဝင်ဘာလနှင့် အောက်တို ဘာလအတွင် နှင်းခဲကျ၍ အေးသော်လည်း ယခုနှစ်တွင် အအေးလွန်ကဲနေခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကျရေများတွင်လည်း နှင်းများဖုံးသွားခြင်းကြောင့် နှင်းတုံးများကို ဆာလာအိတ်တွင်သိမ်းယူကာ သောက်ရေ သုံးရေများ အသုံးပြုနေကြောင်းသိရသည်။ ၎င်းဒုက္ခသည်စခန်းတွင် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးနေကြောင်း သိရ သည်။

KNG News

No comments:

Post a Comment