Wednesday, February 19, 2014

ပစ်ခတ်မှုနှင့်တိုက်ခိုက်ရေး ဆိုင်ရာ လေ့ကျင့်ခန်းများ ပါကစ္စတန် ကြည်းတပ် ပြုလုပ်

ပါကစ္စတန်နိုင်ငံ Gujranwala နှင့် Sialkot ဒေသများမှ တပ်ဖွဲ့ဝင်များသည် Jhelum ခရိုင်အနီးရှိ Tilla လေ့ကျင့်ရေးစခန်းတွင် တိုက်ပွဲဝင် ပစ်ခတ်မှုနှင့် စစ်ရေးလေ့ကျင့်ခန်းတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ဖေဖော် ဝါရီ ၁၇ ရက် အင်တာနက် သတင်းတစ်အရ သိရသည်။


အဆိုပါ လေ့ကျင့်ခန်းကို Mangla တပ်မကြီးမှူး ဒုတိယဗိုလ်ချုပ်ကြီး Tariq Khan နှင့်ွ Gujranwala တပ်မကြီးမှူး ဒုတိယ ဗိုလ်ချုပ်ကြီှး Salim Nawaz တို့ကြည့်ရှုလေ့ လာခဲ့ကြောင်း သိရသည်။ ပါဝင်သည့် တပ်ဖွဲ့ဝင်များ အနေဖြင့် စစ်လက်နက် အမျိုးမျိုး၏ ပစ်ခတ်မှုနှင့် အတူ အမှန်တကယ် တိုက်ပွဲနယ်မြေတွင် လိုက်လျောညီစွာ ပါဝင် ဆင်နွှဲ နိုင်စေရေး ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။

အဆိုပါ တပ်မကြီးမှူးများသည် လေ့ကျင့်ခန်း ဆောင်ရွက်မှု အခြေအနေ၊ တိုက်ပွဲသဘော တရားနှင့် စီမံမှု အရည်သွေးတို့ အပေါ်ချီးကျူး ခဲ့ကြပြီး ပါဝင်ဆောင်ရွက်သော တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုနှင့် တိုက်ပွဲ ဝင်နိုင် မှု စွမ်းရည်များ အပေါ် အားရ ကျေနပ်ခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment