Thursday, February 20, 2014

သီယာဂို၏ညီ ရာဖာကို စိတ်ဝင်စားနေသည့် မန်ချက်စတာ ယူနိုက်တက်

Photo: သီယာဂို၏ညီ ရာဖာကို စိတ်ဝင်စားနေသည့် မန်ချက်စတာ ယူနိုက်တက်
Thursday, February 20, 2014

သီယာဂို အယ်လ်ကန်ထရာကို လက်လွတ် ခဲ့ရသည့်နောက် မန်ချက်စတာ ယူနိုက်တက် အနေဖြင့် ရာဖာအယ်လ်ကန်ထရာကို ဆက်လက် စိတ်ဝင်စားလာကြောင်း သတင်းများက ဆိုသည်။

ဘာစီလိုနာ အသင်းမှ ကွင်းလယ် ဖန်တီးရှင် သီယာဂိုသည် နွေရာသီ ဈေးကွက် အတွင်းက ယူနိုက်တက်၏ အဓိက ပစ်မှတ်အဖြစ် ရပ်တည်ခဲ့သော်လည်း ဘိုင်ယန်မြူးနစ် အသင်းသို့သာ ပြောင်းရွှေ့ဖြစ်ခဲ့သည်။ ယခုအခါ ယူနိုက်တက်သည် ဘာစီလိုနာ အရန် အသင်းတွင် ကစားနေသည့် ရာဖာကို ဆက်လက် စောင့်ကြည့်နေဆဲဟု ဆိုသည်။ ရာဖင်ဟာဟု လူသိများသည့် အသက်(၂၁)နှစ်အရွယ် ကစားသမားလေးမှာ သီယာဂို၏ ညီအရင်းလည်း ဖြစ်သည်။ ၎င်းသည် ဆယ်လ်တာဗီဂိုတွင် အငှား ထွက်ကစားပြီး ခြေစွမ်းပြနိုင်သည့်နောက် ဘာစီလိုနာ၏ ပထမ အသင်းသား အဖြစ် လာမည့် ရာသီတွင် ဝင်ဆံ့ လာလိမ့်မည်ဟု သတင်းကြီးနေသည်။

သို့သော်လည်း ရှာဗီဟာနန်ဒက်ဇ်၊ အန်းဒရက်စ်အင်နီယေစတာ၊ ဆာဂျီယိုဘုရှ်ကွက်စ်နှင့် ဆက်စ်ဖာဘရီဂက်စ်တို့ ရှိနေသော ဘာစီလိုနာ ကွင်းလယ်တွင် ရာဖာအတွက် ပွဲထွက်ခွင့် နည်းပါး လွန်းခြင်းကြောင့် ယင်းအခြေအနေကို ယူနိုက်တက်က အခွင့်ကောင်းယူ ဆွဲဆောင် သိမ်းသွင်းရန် မျှော်လင့်နေခြင်း ဖြစ်သည်။ ရာဖာသည် အစ်ကိုဖြစ်သူ သီယာဂိုကဲ့သို့ပင် ကျွမ်းကျင်မှု ပြည့်ဝသော ကွင်းလယ် ကစားသမား တစ်ဦးဖြစ်ပြီး တိုက်စစ်ပိုင်းကို ပိုမိုအားပြု ကစားလေ့ရှိသည်။ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်သည် နွေရာသီတွင် အသင်းကို အကြီးစား ပြင်ဆင်မှုများ ပြုလုပ်ရန် သေချာနေပြီး ရာဖာသည်လည်း ပစ်မှတ်တစ်ခု ဖြစ်လာနိုင်သည်။

ယူနိုက်တက် အမှုဆောင်ချုပ်နှင့် ဒုတိယ အမှုဆောင်ဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ်က "ကျွန်တော်တို့ အနေနဲ့ ရာသီကုန်မှာ အသင်းအင်အားကို ဖြည့်တင်းတည်ဆောက်ဖို့ အာရုံစိုက်ထားကြောင်း ပြောနိုင်ပါတယ်။ ဈေးကွက်ထဲမှာ လှုပ်ရှားဖို့ ကျွန်တော်တို့ ဘာကိုမှ နောက်တွန့်နေမှာ မဟုတ်ပါဘူး။ ပုံမှန်ဆိုရင်တော့ အသင်းဟာ ဈေးကွက်ကာလမှ (၃)ယောက်လောက် ရောင်းပြီး (၃)ယောက်လောက် ဝယ်တာမျိုး လုပ်နေကျပါ။ ဒီတစ်ကြိမ်မှာတော့ ခုထက်ပိုများတာမျိုး ဖြစ်နိုင်ကောင်းပါတယ်"ဟု ပြောဆိုထားသည်။

Ref:Mirror
Soccer Myanmar

No comments:

Post a Comment