Thursday, February 13, 2014

ကြားကားများကို အရေးယူရန် တိုင်းအစိုးရထံ တင်ပြမည်

Photo: ကြားကားများကို အရေးယူရန် တိုင်းအစိုးရထံ တင်ပြမည်
Thursday, February 13, 2014

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ယာဉ် မဟုတ်ဘဲ ကြားကားအဖြစ် ပြေးဆွဲနေသော ယာဉ်များကို ဖမ်းဆီး အရေးယူရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြမည် ဖြစ်ကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

လတ်တလောတွင် ထိုယာဉ်များ ပြေးဆွဲနေသည်ကို ဓာတ်ပုံရိုက်၍ မှတ်တမ်း တင်လျက်ရှိပြီး မည်သည့် နေရာများတွင် ပြေးဆွဲလျက် ရှိသည်တို့ကို ယခုလပိုင်းအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြနိုင်ရန် စီစဉ်ထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ထိုသို့ အရေးယူ ဆောင်ရွက်ရခြင်းမှာ ခရီးသည် တင်ယာဉ်များနှင့် ကြားကားအဖြစ် ပြေးဆွဲနေသည့် ယာဉ်များကြား မကြာခဏ အချင်းများလေ့ ရှိသည်ကို တွေ့ရခြင်းနှင့် တရားဝင် ပြေးဆွဲခြင်းဖြင့် ပြည်သူများ အတွက်ပါ အသက်အန္တရာယ် ကင်းရှင်းစေနိုင်ရန် ရည်ရွယ်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘတ်စ်ကား စီးရသည်မှာ မှတ်တိုင်တွင် ကြာမြင့်ခြင်း၊ ယာဉ်နောက်လိုက်များ ယဉ်ကျေးမှု မရှိခြင်း၊ ကြားကားမှာ လိုရာခရီးသို့ အလျင်အမြန် ရောက်ခြင်းတို့ကြောင့် ဈေးအနည်းငယ် ပိုပေးရသော်လည်း ကြားကားစီးခြင်း ဖြစ်ကြောင်း ပန်းဆိုးတန်းမှ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ် မြို့တော်သို့ ကြားကားဖြင့် နေ့စဉ်သွားသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

ယခင်က ကြားကားများမှာ ညပိုင်းခရီးသည်တင် ဘတ်စ်ကားများ ရှားသည့် အချိန်တွင်သာ ပြေးဆွဲခဲ့သော်လည်း ယခုအခါ ဘတ်စ်ကားများနှင့် တန်းတူ ပြေးဆွဲနေသည်ကို တွေ့ရပြီး လှိုင်သာယာမြို့နယ်ရှိ အဝိုင်းများ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေရည်မှတ်တိုင်၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ ခြောက်ကွေ့ မှတ်တိုင်၊ ယုဇနဥယျာဉ်မြို့တော်၊ ဒဂုံဆိပ်ကမ်း မြို့နယ် (၈၈) ရပ်ကွက်နှင့် သာကေတ မြို့နယ်များတွင် ပြေးဆွဲလျက် ရှိကြောင်း မထသ (ဗဟို) ထံမှ စုံစမ်းသိရသည်။

The Voice Weekly
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ယာဉ်မဟုတ်ဘဲ ကြားကားအဖြစ် ပြေး ဆွဲနေသော ယာဉ်များ ကို ဖမ်းဆီးအရေးယူရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြမည်ဖြစ်ကြောင်း မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင် က ပြောကြားသည်။

လတ်တလောတွင် ထိုယာဉ်များ ပြေးဆွဲနေသည်ကို ဓာတ်ပုံရိုက်၍ မှတ်တမ်း တင်လျက်ရှိပြီး မည်သည့် နေ ရာ များတွင် ပြေးဆွဲလျက် ရှိသည်တို့ကို ယခုလပိုင်းအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြနိုင်ရန် စီစဉ်ထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ထိုသို့ အရေးယူ ဆောင်ရွက်ရခြင်းမှာ ခရီးသည် တင်ယာဉ်များနှင့် ကြားကားအဖြစ် ပြေးဆွဲနေ သည့် ယာဉ် များကြား မကြာခဏ အချင်းများလေ့ ရှိသည်ကို တွေ့ရခြင်းနှင့် တရားဝင် ပြေး ဆွဲခြင်းဖြင့် ပြည်သူများ အတွက်ပါ အသက်အန္တရာယ် ကင်းရှင်းစေနိုင်ရန် ရည်ရွယ်ခြင်း တို့ကြောင့် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘတ်စ်ကား စီးရသည်မှာ မှတ်တိုင်တွင် ကြာမြင့်ခြင်း၊ ယာဉ်နောက်လိုက်များ ယဉ်ကျေးမှု မရှိခြင်း၊ ကြား ကားမှာ လိုရာခရီးသို့ အလျင်အမြန် ရောက်ခြင်းတို့ကြောင့် ဈေးအနည်းငယ် ပိုပေးရသော်လည်း ကြား ကားစီးခြင်း ဖြစ်ကြောင်း ပန်းဆိုးတန်းမှ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ် မြို့တော်သို့ ကြား ကားဖြင့် နေ့စဉ်သွားသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

ယခင်က ကြားကားများမှာ ညပိုင်းခရီးသည်တင် ဘတ်စ်ကားများ ရှားသည့် အချိန်တွင်သာ ပြေးဆွဲခဲ့သော် လည်း ယခုအခါ ဘတ်စ်ကားများနှင့် တန်းတူ ပြေးဆွဲနေသည်ကို တွေ့ရပြီး လှိုင် သာယာမြို့နယ်ရှိ အဝိုင်း များ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေရည်မှတ်တိုင်၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ ခြောက်ကွေ့ မှတ်တိုင်၊ ယုဇန ဥယျာဉ်မြို့တော်၊ ဒဂုံဆိပ်ကမ်း မြို့နယ် (၈၈) ရပ်ကွက်နှ င့် သာကေတ မြို့နယ်များတွင် ပြေးဆွဲလျက် ရှိကြောင်း မထသ (ဗဟို) ထံမှ စုံစမ်းသိရသည်။

The Voice Weekly

No comments:

Post a Comment