Thursday, February 13, 2014

KIA ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာမှ ဒေသခံရှမ်းလူမျိုးတစ်ဦး ပြင်းထန်းစွာ ဒဏ်ရာရရှိ

Photo: KIA ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာမှ ဒေသခံရှမ်းလူမျိုးတစ်ဦး ပြင်းထန်းစွာ ဒဏ်ရာရရှိ
Thursday, February 13, 2014

ကချင်ပြည်နယ် တနိုင်းမြို့နယ် အင်ဂါးဂါးစခန်းနှင့် ပယင်းမှော်သွားလမ်းဘေးရှိ ဝေလော်ကျေးရွာအနီးတွင် ယမန်နေ့မနက် ၈ နာရီခန့်က ဒေသခံရှမ်းလူမျိုးတစ်ဦး KIA အဖွဲ့ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲရာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သိရသည်။

``မိုင်းကွဲသံကြားတာကတော့ မနက်ရှစ်နာရီလောက်ပဲ၊ ဝေလော်ရွာက ရှမ်းတစ်ယောက်လို့တော့ သိရတယ်။ ဒါပေမယ့် အဲဒီမိုင်းထိလူနာကို KIA အဖွဲ့က ဘာမှ လုပ်မပေးဘူးလို့ ကြားတယ်´´ ဟု ပယင်းမှော်တွင် ကျင်းသားအဖြစ် အလုပ်လုပ်နေသော ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ မိုင်းထိလူနာအား KIA အဖွဲ့မှ ဆေးဝါးကုသဖို့ထက် ဒေသခံရှမ်းလူမျိုးများ သိမှာကို စိုးရိမ်သည့်အတွက် အင်ဂါးဂါးစခန်းတွင် ဆေးကုသမှုမပေးဘဲ ရွာထဲတွင် ဆေးမြီးတိုဖြင့်ကုသရန် ပြောဆိုခဲ့ကြောင်း ယင်းရွာသား တစ်ဦး၏ ပြောပြချက်အရ သိရသည်။

``တကယ်ဆိုရင် သူတို့ထောင်ထားတဲ့မိုင်းကို နင်းမိတာလေ။ အင်ဂါးဂါးစခန်းနဲ့ နီးနီးလေးပါ။ စခန်းမှာ မိုင်းထိ ဒဏ်ရာကို ကုသပေးရမှာပေါ့။ ခုတော့ သူတို့နဲ့ မဆိုင်သလို လုပ်နေတယ်။ ရှမ်းတွေကို KIA က ရည်ရွယ်ချက် ရှိရှိ နှိပ်စက်တယ်ဆိုတာ မြင်သာပါတယ်´´ ဟု ဝေလော်ရွာသား ကိုစိုင်းမိန်းက ပြောကြားသည်။

မိုင်းထိလူနာမှာ KIA ၏ ထိန်းချုပ်ခြိမ်းခြောက်မှုကြောင့် မိုင်းထိဒဏ်ရာအား ဆေးရုံသို့ သွားရောက်ကုသခွင့် မရကြောင်း၊ KIA အနေဖြင့်လည်း မိုင်းထိလူနာအတွက် ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းတစ်စုံတစ်ရာမျှ လာရောက်ပံ့ပိုးပေးခြင်းမရှိကြောင်း ယင်းရွာသားအချို့ထံမှ သိရသည်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)မှ တာဝန်ရှိသူတစ်ဦးက``KIA ရဲ့ လုပ်ရပ်က တော်တော် အောက်တန်းကျပါတယ်။ အဲဒီပတ်ဝန်းကျင်မှာ သူတို့အဖွဲ့ပဲ မိုင်းထောင်ထားတာ၊ ရွာသားတွေက စားဝတ် နေရေးအတွက် သွားလာလှုပ်ရှားရမှာပဲလေ။ အခုမိုင်းနင်းမိတော့ မိသားစုက ဘ၀ပျက်ပြီပေါ့။ ဆေးလည်း ကုမပေးဘူး။ ဆေးကုသစရိတ်လည်း မပေးတဲ့အပြင် ဆေးကုခွင့်တောင်မပြုဘူးဆိုတော့ ကျွန်တော်တို့ ရှမ်း တွေကို KIA က သက်သက်မဲ့ အနိုင်ကျင့်တယ်ဆိုတာ ထင်ရှားနေတာပဲ။ ဒီလိုသာဆက်ပြီး အနိုင်ကျင့် နေမယ်ဆိုရင် ကျွန်တော်တို့ ရှမ်းတွေကလည်း ပြည်သူ့စစ်ဖွဲ့ပြီး လက်နက်ကိုင်ဖို့ လုပ်ရတော့မယ်၊ ဒါမှသူတို့ အနိုင်ကျင့်တာမခံ ရမှာ ´´ ဟု ပြောကြားသွားခဲ့သည်။

စိုင်းအောင်ဝင်း

ဓါတ်ပုံ - KIA အသုံးပြုနေသော မိုင်းများ
ဓါတ်ပုံ - KIA အသုံးပြုနေသော မိုင်းများ
ကချင်ပြည်နယ် တနိုင်းမြို့နယ် အင်ဂါးဂါးစခန်းနှင့် ပယင်းမှော်သွားလမ်းဘေးရှိ ဝေလော်ကျေးရွာအနီးတွင် ယမန်နေ့မနက် ၈ နာရီခန့်က ဒေသခံရှမ်းလူမျိုးတစ်ဦး KIA အဖွဲ့ထောင်ထားသော မိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲရာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သိရသည်။


``မိုင်းကွဲသံကြားတာကတော့ မနက်ရှစ်နာရီလောက်ပဲ၊ ဝေလော်ရွာက ရှမ်းတစ်ယောက်လို့တော့ သိရ တယ်။ ဒါပေမယ့် အဲဒီမိုင်းထိလူနာကို KIA အဖွဲ့က ဘာမှ လုပ်မပေးဘူးလို့ ကြားတယ်´´ ဟု ယင်းမှော် တွင် ကျင်းသားအဖြစ် အလုပ်လုပ်နေသော ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းထိလူနာအား KIA အဖွဲ့မှ ဆေးဝါးကုသဖို့ထက် ဒေသခံရှမ်းလူမျိုးများ သိမှာကို စိုးရိမ်သည့် အတွက် အင်ဂါးဂါးစခန်းတွင် ဆေးကုသမှုမပေးဘဲ ရွာထဲတွင် ဆေးမြီးတိုဖြင့်ကုသရန် ပြောဆိုခဲ့ကြောင်း ယင်း ရွာသား တစ်ဦး၏ ပြောပြချက်အရ သိရသည်။

``တကယ်ဆိုရင် သူတို့ထောင်ထားတဲ့မိုင်းကို နင်းမိတာလေ။ အင်ဂါးဂါးစခန်းနဲ့ နီးနီးလေးပါ။ စခန်းမှာ မိုင်းထိ ဒဏ်ရာကို ကုသပေးရမှာပေါ့။ ခုတော့ သူတို့နဲ့ မဆိုင်သလို လုပ်နေတယ်။ ရှမ်းတွေကို KIA က ရည်ရွယ်ချက် ရှိရှိ နှိပ်စက်တယ်ဆိုတာ မြင်သာပါတယ်´´ ဟု ဝေလော်ရွာသား ကိုစိုင်းမိန်းက ပြောကြား သည်။

မိုင်းထိလူနာမှာ KIA ၏ ထိန်းချုပ်ခြိမ်းခြောက်မှုကြောင့် မိုင်းထိဒဏ်ရာအား ဆေးရုံသို့ သွားရောက်ကုသခွင့် မရကြောင်း၊ KIA အနေဖြင့်လည်း မိုင်းထိလူနာအတွက် ထောက်ပံ့ငွေ၊ ထောက်ပံ့ပစ္စည်းတစ်စုံတစ်ရာမျှ လာရောက်ပံ့ပိုးပေးခြင်းမရှိကြောင်း ယင်းရွာသားအချို့ထံမှ သိရသည်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)မှ တာဝန်ရှိသူတစ်ဦးက``KIA ရဲ့ လုပ်ရပ်က တော်တော် အောက်တန်း ကျပါတယ်။ အဲဒီပတ်ဝန်းကျင်မှာ သူတို့အဖွဲ့ပဲ မိုင်းထောင်ထားတာ၊ ရွာသားတွေက စားဝတ် နေရေးအတွက် သွားလာလှုပ်ရှားရမှာပဲလေ။ အခုမိုင်းနင်းမိတော့ မိသားစုက ဘ၀ပျက်ပြီပေါ့။ ဆေးလည်း ကုမပေးဘူး။ ဆေးကုသစရိတ်လည်း မပေးတဲ့အပြင် ဆေးကုခွင့်တောင်မပြုဘူးဆိုတော့ ကျွန်တော်တို့ ရှမ်း တွေကို KIA က သက်သက်မဲ့ အနိုင်ကျင့်တယ်ဆိုတာ ထင်ရှားနေတာပဲ။ ဒီလိုသာဆက်ပြီး အနိုင်ကျင့် နေမယ်ဆိုရင် ကျွန်တော်တို့ ရှမ်းတွေကလည်း ပြည်သူ့စစ်ဖွဲ့ပြီး လက်နက်ကိုင်ဖို့ လုပ်ရတော့မယ်၊ ဒါမှသူတို့ အနိုင်ကျင့်တာမခံ ရမှာ ´´ ဟု ပြောကြားသွားခဲ့သည်။

စိုင်းအောင်ဝင်း

No comments:

Post a Comment