Saturday, February 1, 2014

ယနေ့အချိန်တွင် ကိုလိုနီခေတ်ကထက် တောင်သူလယ်သမားများဘ၀ ပိုမိုနိမ့်ကျနေရကြောင်း NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက မြေလတ်ဒေသ တောင်သူလယ်သမားညီလာခံ၌ ပြောကြား

Photo: ယနေ့အချိန်တွင် ကိုလိုနီခေတ်ကထက် တောင်သူလယ်သမားများဘ၀ ပိုမိုနိမ့်ကျနေရကြောင်း NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက မြေလတ်ဒေသ တောင်သူလယ်သမားညီလာခံ၌ ပြောကြား
Saturday, February 1, 2014

ကိုလိုနီခေတ်ကတည်းက နိမ့်ကျနေခဲ့ရသည့် တောင်သူလယ်သမားများဘ၀မှာ ယနေ့အချိန်တွင် ထို့ထက်ပိုဆိုးနေရကြောင်း NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက မကွေးမြို့ သံဃာရာမကျောင်းတိုက်၌ ဇန်န၀ါရီ ၃၁ ရက်နံနက်က ကျင်းပခဲ့သည့် မြေလတ်ဒေသ တောင်သူလယ်သမား ညီလာခံတွင် ပြောကြားခဲ့သည်။

မကွေးတိုင်း ၂၅ မြို့နယ်မှ တောင်သူလယ်သမားများ တက်ရောက်ခဲ့ပြီး အစိုးရသစ်လက်ထက် မကွေးတိုင်းအတွင်း ပထမဆုံးအနေဖြင့် တောင်သူလယ်သမား သမဂ္ဂဖွဲ့စည်းခဲ့သည့် ယင်းပွဲတွင် တောင်သူလယ်သမားများအနေဖြင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်မရှိသေးခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ဒီနေ့ထိ တောင်သူလယ်သမားတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို တန်းတူညီမျှမှု မရရှိသေးဘူး ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်မရှိသေးဘူး လယ်မြေတွေ မတရားသိမ်းဆည်းခံရတယ် သိမ်းခံရတဲ့ လယ်မြေတွေကို ပြန်ရဖို့တောင်းတော့ အဖမ်းခံကြရတယ် ဒီလိုအခြေနေတွေကို ကာကွယ်နိုင်ဖို့ တောင်သူလယ်သမား သမဂ္ဂတွေဖွဲ့ဖြစ်အောင်ဖွဲ့ပါ"ဟု မကွေးတိုင်း လယ်ယာမြေ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်လည်းဖြစ်သည့် ဦးမြင့်သိန်းက ပြောကြားသည်။

အဆိုပါညီလာခံသို့ တက်ရောက်လာသည့် တောင်သူလယ်သမား အများစုကလည်း လယ်ယာမြေ မတရားသိမ်းယူခံရခြင်းများ စိုက်ပျိုးမြေမရှိတော့၍ အခြားနယ်များသို့ ထွက်ခွာအလုပ်လုပ်ရသူ များပြားလာသောကြောင့် လုပ်သားရှားပါးမှု ကြုံတွေ့ရခြင်းများအား အများဆုံး တင်ပြဆွေးနွေးခဲ့ကြသည်။

"တောင်သူလယ်သမားတွေရဲ့ဘ၀က ဂျာအေးသူ့အမေရိုက်ဆိုတဲ့ ကဗျာလေးလိုပဲ လုံးလည်လိုက်နေတယ် တောင်သူတွေက ဂျာအေးတွေ ရိုက်နေတဲ့ သူ့အမေဆိုသူတွေက စစ်အာဏာရှင်တွေနဲ့ ခရိုနီတွေပဲ"ဟု ယင်းညီလာခံသို့ တက်ရောက်ခဲ့သည့် ပဲခူးတိုင်း ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းက ပြောကြားခဲ့သည်။

မကွေးမြို့ မြစ်ကွေ့ဧရာလူမှုကွန်ရက်မှ မကွေးတိုင်းအတွင်း တောင်သူလယ်သမားများအား နှစ်နှစ်ကြာ လယ်ယာမြေဥပဒေ သင်တန်းများ ပေးခဲ့အပြီး ယင်းညီလာခံအား ကျင်းပနိုင်ခဲ့ကြောင်း အဆိုပါညီလာခံသို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (ရန်ကုန်)နှင့် (ပြည်ခရိုင်)တို့မှ သ၀ဏ်လွှာများ ပေးပို့ခဲ့ကြောင်း သိရသည်။

(မြေလတ်ဒေသ လယ်သမားညီလာခံတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း ဟောပြောနေစဉ်)

Eleven Media Group
Add captio(မြေလတ်ဒေသ လယ်သမားညီလာခံတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း ဟောပြောနေစဉ်)


ကိုလိုနီခေတ်ကတည်းက နိမ့်ကျနေခဲ့ရသည့် တောင်သူလယ်သမားများဘ၀မှာ ယနေ့ အချိန်တွင် ထို့ထက် ပိုဆိုးနေရကြောင်း NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း က မကွေးမြို့ သံဃာ ရာမကျောင်း တိုက် ၌ ဇန်န၀ါရီ ၃၁ ရက်နံနက်က ကျင်းပ ခဲ့သည့် မြေလတ်ဒေသ တောင်သူလယ်သမား ညီလာခံတွင် ပြောကြားခဲ့သည်။

မကွေးတိုင်း ၂၅ မြို့နယ်မှ တောင်သူလယ်သမားများ တက်ရောက်ခဲ့ပြီး အစိုးရသစ်လက်ထက် မကွေးတိုင်း အတွင်း ပထမဆုံးအနေဖြင့် တောင်သူလယ်သမား သမဂ္ဂဖွဲ့စည်းခဲ့သည့် ယင်းပွဲ တွင် တောင်သူ လယ်သမား များအနေဖြင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်မရှိသေးခြင်းနှင့် ပတ်သက်၍ ပြောကြား ခဲ့ခြင်းဖြစ်သည်။

"ဒီနေ့ထိ တောင်သူလယ်သမားတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို တန်းတူညီမျှမှု မရရှိသေးဘူး ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့်မရှိသေးဘူး လယ်မြေတွေ မတရားသိမ်းဆည်း ခံရတယ် သိမ်းခံရတဲ့ လယ်မြေတွေကို ပြန်ရဖို့တောင်းတော့ အဖမ်းခံကြရတယ် ဒီလို အခြေနေတွေ ကို ကာကွယ်နိုင်ဖို့ တောင် သူ လယ်သမား သမဂ္ဂတွေဖွဲ့ဖြစ်အောင်ဖွဲ့ပါ"ဟု မကွေးတိုင်း လယ်ယာမြေ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် လည်းဖြစ်သည့် ဦးမြင့်သိန်းက ပြောကြားသည်။

အဆိုပါညီလာခံသို့ တက်ရောက်လာသည့် တောင်သူလယ်သမား အများစုကလည်း လယ် ယာမြေ မတရား သိမ်းယူခံရခြင်းများ စိုက်ပျိုးမြေမရှိတော့၍ အခြားနယ်များသို့ ထွက်ခွာ အလုပ်လုပ်ရသူ များပြား လာသောကြောင့် လုပ်သားရှားပါးမှု ကြုံတွေ့ရခြင်းများအား အများ ဆုံး တင်ပြဆွေးနွေးခဲ့ကြသည်။

"တောင်သူလယ်သမားတွေရဲ့ဘ၀က ဂျာအေးသူ့အမေရိုက်ဆိုတဲ့ ကဗျာလေးလိုပဲ လုံးလည် လိုက်နေ တယ် တောင်သူတွေက ဂျာအေးတွေ ရိုက်နေတဲ့ သူ့အမေဆိုသူတွေက စစ်အာဏာ ရှင်တွေနဲ့ ခရိုနီတွေ ပဲ"ဟု ယင်းညီလာခံသို့ တက်ရောက်ခဲ့သည့် ပဲခူးတိုင်း ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးစိန်ထွန်းက ပြောကြားခဲ့သည်။

မကွေးမြို့ မြစ်ကွေ့ဧရာလူမှုကွန်ရက်မှ မကွေးတိုင်းအတွင်း တောင်သူလယ်သမားများအား နှစ်နှစ်ကြာ လယ် ယာမြေဥပဒေ သင်တန်းများ ပေးခဲ့အပြီး ယင်းညီလာခံအား ကျင်းပနိုင် ခဲ့ကြောင်း အဆိုပါညီလာခံသို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (ရန်ကုန်)နှင့် (ပြည်ခရိုင်)တို့မှ သ၀ဏ်လွှာများ ပေးပို့ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment