Friday, March 14, 2014

ဥရောပခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးကောင်စီက မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အကောင်းဆုံးခရီးစဉ်ဒေသဆုပေးရန် ကမ်းလှမ်း

Photo: ဥရောပခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးကောင်စီက မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အကောင်းဆုံးခရီးစဉ်ဒေသဆုပေးရန် ကမ်းလှမ်း
Firday, March 14, 2014

ဥရောပခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးကောင်စီက မြန်မာနိုင်ငံကို ၂၀၁၄  ခုနှစ်၏ အကောင်းဆုံးခရီးစဉ်ဒေသဆုပေးရန် ဆုံးဖြတ်လိုက်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်ထံသို့ ကမ်းလှမ်းလာကြောင်း သိရသည်။

အဆိုပါအဖွဲ့အစည်းက မြန်မာနိုင်ငံကို သမိုင်းအစဉ်အလာကြီးသော ယဉ်ကျေးမှု အမွေများ၊ စစ်မှန်သော ကမ္ဘာ့အဖိုးတန်နေရာ၊ အာရှ၏ ဆွဲဆောင်မှုအရှိဆုံး နေရာတစ်ခုစသည့် ဂုဏ်သတင်းများရှိပြီး ကမ္ဘာ့အလှဆုံး နေရာတစ်ခုအဖြစ်လည်းကောင်း၊ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ခရီးစဉ်ဒေသအဖြစ် ကမ္ဘာလှည့်ခရီးသည်များအား ပိုမိုဆွဲဆောင်နိုင်စေရန်နှင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းပိုမိုမြှင့်တင်နိုင်ရန် ပူးပေါင်းဆောင်ရွက်လိုသည့် ရည်ရွယ်ချက်နှင့် ဆုကို ပေးအပ်လိုခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်အတွက် အနှစ်သက်ဆုံး ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ခရီးစဉ်ဒေသအဖြစ်လည်း ကြေညာသွားမည်ဖြစ်ကြောင်း အဆိုပါ ကမ်းလှမ်းစာတွင် ပါဝင်သည်ဟု ဆိုသည်။

ကမ္ဘာ့အကောင်းဆုံးခရီးစဉ်ဒေသဆုသည် ကမ္ဘာပေါ်ရှိ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ပေးအပ်သောဆုများတွင် အမြင့်ဆုံးဆုတစ်ခုဖြစ်ပြီး ကမ္ဘာ့ခရီးသွားနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းကြီးများက သတ်မှတ်ထားသော ခရီးသွားလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်များ၊ နိုင်ငံခြားခရီးသွား ဧည့်သည်များ၏ လုံခြုံမှု၊ နိုင်ငံ၏ ပြယုဂ်ဖြစ်သော ယဉ်ကျေးမှုအမွေများ ထိန်းသိမ်းထားမှု စသည့်အချက်များကို နိုင်ငံများက လိုက်နာမှုပေါ်မူတည်ကာ ၂၀၀၇ ခုနှစ်မှစ၍ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည် ၀င်ရောက်မှုမှာ သမိုင်းတစ်လျှောက် စံချိန်တင်မြင့်တက်လာခဲ့ပြီး ခရီးသွားကဏ္ဍမှာလည်း ဆက်လက်တိုးတက်ရန် အလားအလာကောင်းများ ရှိနေသည်။

မြန်မာနိုင်ငံ၏ အချို့ဒေသများမှာ နိုင်ငံခြားခရီးသွားဧည့်သည်များအတွက် အသစ်အဆန်း ဆွဲဆောင်မှုများဖြစ်နေပြီး မဖော်ထုတ်ရသေးသော ခရီးသွားနယ်ပယ်အသစ်များလည်း ရှိနေသေးကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းမှ သိရသည်။

မြန်မာနိုင်ငံ၏ အမျိုးသားဥယျာဉ်နှစ်ခုဖြစ်သည့် နတ်မတောင်အမျိုးသားဥယျာဉ် နှင့် အင်းတော်ကြီးအိုင် သားရဲတိရစ္ဆာန်ထိန်းသိမ်းရေးနယ်မြေတို့မှာ UNESCO ၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်နိုင်ရန် အဆိုတင်သွင်းထားသောဒေသများ ဖြစ်ပြီး မကြာခင် ပြည်ပခရီးသွားဧည့်သည်များ လာရောက်ရန် အလားအလာကောင်းနေသည်ဟု သိရသည်။     

Eleven Media Group

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များရှိရာ ပုဂံမြို့ ပြသာဒ်ကြီးဘုရားပေါ်တွင် နေ၀င်ချိန်မြင်ကွင်းကို ကြည့်ရှုနေသော ခရီးသွားများအား တွေ့ရစဉ်
(ဓာတ်ပုံ-စိုးထက်ခိုင်)
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များရှိရာ ပုဂံမြို့ ပြသာဒ်ကြီးဘုရားပေါ်တွင် နေ၀င်ချိန်မြင်ကွင်းကို ကြည့်ရှုနေသော ခရီးသွား များအား တွေ့ရစဉ်(ဓာတ်ပုံ-စိုးထက်ခိုင်)

ဥရောပခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးကောင်စီက မြန်မာနိုင်ငံကို ၂၀၁၄  ခုနှစ်၏ အကောင်းဆုံး ခရီးစဉ်ဒေသ ဆုပေးရန် ဆုံးဖြတ်လိုက်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဌေးအောင်ထံသို့ ကမ်းလှမ်းလာကြောင်း သိရသည်။

အဆိုပါအဖွဲ့အစည်းက မြန်မာနိုင်ငံကို သမိုင်းအစဉ်အလာကြီးသော ယဉ်ကျေးမှု အမွေများ၊ စစ်မှန်သော ကမ္ဘာ့အဖိုးတန်နေရာ၊ အာရှ၏ ဆွဲဆောင်မှုအရှိဆုံး နေရာတစ်ခုစသည့် ဂုဏ်သတင်းများရှိပြီး ကမ္ဘာ့အလှဆုံး နေရာတစ်ခုအဖြစ်လည်းကောင်း၊ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ခရီးစဉ်ဒေသအဖြစ် ကမ္ဘာလှည့်ခရီးသည် များအား ပိုမိုဆွဲဆောင်နိုင်စေရန်နှင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းပိုမိုမြှင့်တင်နိုင်ရန် ပူးပေါင်းဆောင်ရွက် လိုသည့် ရည်ရွယ်ချက်နှင့် ဆုကို ပေးအပ်လိုခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်အတွက် အနှစ်သက်ဆုံး ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ခရီးစဉ်ဒေသ အဖြစ်လည်း ကြေညာသွားမည်ဖြစ်ကြောင်း အဆိုပါ ကမ်းလှမ်းစာတွင် ပါဝင်သည်ဟု ဆိုသည်။

ကမ္ဘာ့အကောင်းဆုံးခရီးစဉ်ဒေသဆုသည် ကမ္ဘာပေါ်ရှိ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ပေးအပ်သောဆုများ တွင် အမြင့်ဆုံးဆုတစ်ခုဖြစ်ပြီး ကမ္ဘာ့ခရီးသွားနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းကြီးများက သတ်မှတ် ထားသော ခရီးသွားလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်များ၊ နိုင်ငံခြားခရီးသွား ဧည့်သည်များ၏ လုံခြုံမှု၊ နိုင်ငံ၏ ပြယုဂ်ဖြစ်သော ယဉ်ကျေးမှုအမွေများ ထိန်းသိမ်းထားမှု စသည့်အချက်များကို နိုင်ငံများက လိုက်နာမှုပေါ် မူတည် ကာ ၂၀၀၇ ခုနှစ်မှစ၍ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည် ၀င်ရောက်မှုမှာ သမိုင်းတစ်လျှောက် စံချိန်တင်မြင့်တက်လာခဲ့ပြီး ခရီးသွားကဏ္ဍမှာလည်း ဆက်လက်တိုးတက်ရန် အလားအလာကောင်းများ ရှိနေသည်။

မြန်မာနိုင်ငံ၏ အချို့ဒေသများမှာ နိုင်ငံခြားခရီးသွားဧည့်သည်များအတွက် အသစ်အဆန်း ဆွဲဆောင်မှု များဖြစ်နေ ပြီး မဖော်ထုတ်ရသေးသော ခရီးသွားနယ်ပယ်အသစ်များလည်း ရှိနေသေးကြောင်း ခရီးသွားလုပ် ငန်း အသိုင်းအ၀ိုင်းမှ သိရသည်။

မြန်မာနိုင်ငံ၏ အမျိုးသားဥယျာဉ်နှစ်ခုဖြစ်သည့် နတ်မတောင်အမျိုးသားဥယျာဉ် နှင့် အင်းတော်ကြီးအိုင် သားရဲတိရစ္ဆာန်ထိန်းသိမ်းရေးနယ်မြေတို့မှာ UNESCO ၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်နိုင်ရန် အဆိုတင်သွင်းထားသောဒေသများ ဖြစ်ပြီး မကြာခင် ပြည်ပခရီးသွားဧည့်သည်များ လာရောက်ရန် အလား အလာကောင်းနေသည်ဟု သိရသည်။     

Eleven Media Group

No comments:

Post a Comment