Friday, March 14, 2014

ပျောက်ဆုံးနေသည့် မလေးရှားလေယာဉ်အား မတ် ၁၁ ရက်မှစ၍ ခုနစ်ရက် အတွင်း မြန်မာ့ဝေဟင်ပိုင်နက်တွင်ရှာဖွေရန် မြန်မာအစိုးရ ခွင့်ပြု

မလေးရှားလေကြောင်းလိုင်းမှ ပျောက်ဆုံးနေသည့်  MH 370 လေယာဉ်အား မတ် ၁၁ ရက်မှစ၍ ခုနစ်ရက် အတွင်း မြန်မာနိုင်ငံဝေဟင်ပိုင်နက်တွင် ရှာဖွေရန် မြန်မာနိုင်ငံအစိုးရမှ ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင် ငံလေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

ယင်းသို့ခွင့်ပြုချက်တောင်းခံရာတွင် မြန်မာနိုင်ငံဝေဟင်ပိုင်နက်တွင် ရှာဖွေမည့် လေယာဉ်အမျိုးစားနှင့် ရှာဖွေမည့် ဧရိယာ နယ်နိမိတ်အား သတ်မှတ်ပြီး ရှာဖွေခွင့်ပြုရန် တောင်းခံလာခြင်းဖြစ်ကြောင်း သိရသည်။

“အကြမ်းဖျင်း ဘယ်လေယာဉ်အမျိုးအစား၊ ဘယ်ဧရိယာအတွင်း ရှာချင်ပါတယ်ဆိုပြီး ခွင့်ပြုချက် တောင်းလာ တာပါ။ ဒါကြောင့် မတ် ၁၁ ရက်ကစပြီး ခုနစ်ရက်အတွင်း မြန်မာနိုင်ငံဝေဟင်ပိုင်နက်အတွင်းမှာ ရှာဖွေခွင့် ပြုလိုက်ပါပြီ။ ဒီခုနစ်ရက်အတွင်းမှာ အခြားနေရာမှာလည်း ရှာတွေ့ချင် တွေ့မှာပေါ့။ မတွေ့ဘူး မြန်မာနိုင်ငံ ဧရိယာထဲမှာ ဆက်ပြီးရှာချင်တယ်လို့ ထပ်ပြီးတောင်းဆိုလာရင်လည်း ခွင့်ပြုပေးသွားမှာပါ” ဟု မြန်မာနိုင် ငံလေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း က ပြောကြား သည်။

မလေးရှားလေကြောင်းလိုင်းမှ  MH 370 လေယာဉ်အား မြန်မာနိုင်ငံဝေဟင်ပိုင်နက်အတွင်း၌ မလေးရှားနို င်ငံလေ တပ်နှင့် သြစတြေးလျနိုင်ငံလေတပ်မှ လေယာဉ်များဖြင့် ရှာဖွေရန် ခွင့်ပြုချက်တောင်းခံ ထားခြင်းဖြစ်သော် လည်း မတ် ၁၃ ရက် အထိ မြန်မာနိုင်ငံဝေဟင်ပိုင်နက်အတွင်း လာရောက်ရှာဖွေခြင်း မရှိသေးကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment