Friday, March 21, 2014

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုချိန် အရက်၊ ဘီယာရောင်းချသည့်ဆိုင် ၄၁ ဆိုင်ကို အရေးယူ

Photo: တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုချိန် အရက်၊ ဘီယာရောင်းချသည့်ဆိုင် ၄၁ ဆိုင်ကို အရေးယူ
Friday, March 21, 2014

မန္တလေးတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဘာသာရပ်များအလိုက် ဖြေဆိုပြီးသည့် နောက်ဆုံး ရက်များဖြစ်သော မတ်လ ၁၉၊ ၂၀၊ ၂၁ ရက်နေ့တို့အတွင်း အရက်၊ ဘီယာ ရောင်းချရန် တားမြစ်ထားရာ မတ်လ ၁၉ ရက် ညပိုင်းအချိန်တွင် အဆိုပါ အရက်၊ ဘီယာရောင်းချသည့် ဆိုင် ၄၁ ဆိုင်ကို ယစ်မျိုးဥပဒေအရ အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

တားမြစ်ထားသည့်နေ့တွင် ရောင်းချသည့် အရောင်းဆိုင် ၄၁ ဆိုင်ကို ယစ်မျိုး ဥပဒေပုဒ်မ ၃၀ (က) ဖြင့် အရေးယူထားရာ အဆိုပါ ပုဒ်မအရ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရပါက ငွေဒဏ် တစ်ထောင်ကျပ် ချမှတ်ခံရမည် ဖြစ်ပြီး ငွေဒဏ် မဆောင်ပါက ထောင်ဒဏ်တစ်လ ကျခံရမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ နောက်ဆုံးနေ့ ညပိုင်းတွင် စားသောက်ဆိုင်များ အရက်၊ ဘီယာရောင်းချခွင့် မပြုခဲ့သည့်အတွက် နယ်မြေရဲတပ်ဖွဲ့ဝင်များ လှည့်ကင်းဖြင့် ဆောင်ရွက်ခဲ့ရာ စားသောက်ဆိုင်ကြီးများနှင့် စတိုးဆိုင် အချို့တွင် အရက်၊ ဘီယာများ ရောင်းချနေသဖြင့် ယင်းဆိုင်များကို ဖမ်းဆီး အရေးယူခဲ့ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အခုဖမ်းဆီးရမိတဲ့အထဲမှာ ဘီယာရောင်းတဲ့ ဆိုင်သေးတွေလည်း ပါတယ်၊ စတိုးဆိုင်တွေလည်း ပါတယ်” ဟု ၎င်းကဆိုသည်။

မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ်ရှိ စင်ကာပူ စားဆောက်ဆိုင်သို့ နယ်မြေရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် စစ်ဆေးရာ မြန်မာနိုင်ငံတွင် ချက်လုပ်သော ဘီယာများကို ဆိုင်ဖွင့်လှစ်၍ လက်လီ လက်ကားရောင်းချခွင့် လိုင်စင်မရှိဘဲ အနီရောင် တံဆိပ်ကပ်လျက် SPY WINE ပုလင်းနှင့် ဝိုင် ၁၄ ပုလင်းတို့ကို ရောင်းချနေကြောင်း တွေ့ရှိသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းပြီး ချမ်းအေးသာစံ မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းတွင် (ပ) ၂၁၉/၂၀၁၄၊ ယစ်မျိုး ၃၀(က) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။

“အဲဒီနေ့ညက ကျွန်တော်တို့ လုံးဝ တပ်ပျက်တဲ့နေ့ပဲ။ ဘယ်ပြေးလို့ ပြေးရမှန်းကို မသိဘူး။ တစ်မြို့လုံး လိုက်ရှာတာ ဆိုင်တွေ အကုန်ပိတ်တယ်၊ အဲ့ဒါနဲ့ စတိုးဆိုင်ကိုပဲ သွားဝယ်ရတယ်။ ဘီယာဆိုင်တွေမှာကျတော့ အရက်၊ ဘီယာ မရောင်းဘဲ အကင်ရောင်းတယ်” ဟု ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့် နေ့စဉ် အရက်၊ ဘီယာ သောက်သုံးသူ ဦးစည်သူက ဆိုသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုချိန် ကာလအတွင်း ကျောင်းသားများအတွက် စိတ်အနှောင့်အယှက် မဖြစ်စေရန်နှင့် မှုခင်းမဖြစ်စေရန် ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကေတီဗီများ၊ စင်တင် တေးဂီတများနှင့်အတူ အရက်၊ ဘီယာဆိုင်များပါ ပိတ်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း မန္တလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အရက် ဘီယာဆိုင်တွေကို ၁၉၊ ၂၀၊ ၂၁ ရက်တွေ ပိတ်ရမယ်လို့ ပြောထားတယ်။ ကျွန်တော်တို့ကလည်း မဖွင့်ဘူး။ တချို့ဆိုင်တွေက အထဲမှာတော့ ရောင်းပေးတာတွေ ရှိတယ်” ဟု အောင်မြေသာစံမြို့နယ်ရှိ BEER GARDEN အရက်ဘီယာ အရောင်းဆိုင် တာဝန်ခံက ဆိုသည်။

တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲ ဖြေဆိုသည့် မတ်လ ၁၂ ရက်နေ့မှ ၂၂ ရက်နေ့အတွင်းတွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကေတီဗီများ၊ စင်တင်တေးဂီတများ ပိတ်သိမ်းထားရမည် ဖြစ်ပြီး အရက်၊ ဘီယာဆိုင်များသည် စာမေးပွဲနောက်ဆုံး ဘာသာရပ် ဖြေဆိုသည့်နေ့တွင် ပိတ်သိမ်းထားရန် အရောင်းဆိုင်များသို့ သတိပေးစာ ပေးခဲ့ကြောင်း ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အဆိုပါနေ့တွင် မှုခင်းကြိုတင် ကာကွယ်ရန်အတွက် ပြည့်တန်ဆာ ဖမ်းဆီးမှုလေးမှု၊ ပြစ်မှုကျူးလွန်ခဲ့သည်ဟု သင်္ကာမကင်းဖြစ်မှု ကျင့် ၅၄ (၄)မှု တစ်မှု၊ ရဲအက် ၅၆ မှု၊ အသက် အန္တရာယ် ဖြစ်စေနိုင်သည့် လက်နက်ကိုင်ဆောင်မှု တစ်မှုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ရုံးမှတ်တမ်းအရ သိရသည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဘာသာရပ်များအလိုက် ဖြေဆိုပြီး သည့် နောက်ဆုံး ရက်များဖြစ်သော မတ်လ ၁၉၊ ၂၀၊ ၂၁ ရက်နေ့တို့အတွင်း အရက်၊ ဘီယာ ရောင်းချရန် တားမြစ်ထားရာ မတ်လ ၁၉ ရက် ညပိုင်းအချိန်တွင် အဆိုပါ အရက်၊ ဘီယာရောင်း ချသည့် ဆိုင် ၄၁ ဆိုင်ကို ယစ်မျိုးဥပဒေအရ အရေးယူခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

တားမြစ်ထားသည့်နေ့တွင် ရောင်းချသည့် အရောင်းဆိုင် ၄၁ ဆိုင်ကို ယစ်မျိုး ဥပဒေပုဒ်မ ၃၀ (က) ဖြင့် အရေးယူထားရာ အဆိုပါ ပုဒ်မအရ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရပါက ငွေဒဏ် တစ်ထောင်ကျပ် ချမှတ်ခံရမည် ဖြစ်ပြီး ငွေဒဏ် မဆောင်ပါက ထောင်ဒဏ်တစ်လ ကျခံရမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုရဲအုပ်တစ်ဦးက ပြောကြား သည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ နောက်ဆုံးနေ့ ညပိုင်းတွင် စားသောက်ဆိုင်များ အရက်၊ ဘီယာရောင်းချခွင့် မပြုခဲ့သည့်အတွက် နယ်မြေရဲတပ်ဖွဲ့ဝင်များ လှည့်ကင်းဖြင့် ဆောင်ရွက်ခဲ့ရာ စားသောက်ဆိုင်ကြီးများနှင့် စတိုးဆိုင် အချို့တွင် အရက်၊ ဘီယာများ ရောင်းချနေသဖြင့် ယင်းဆိုင် များကို ဖမ်းဆီး အရေးယူခဲ့ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ “အခုဖမ်းဆီးရမိတဲ့အထဲမှာ ဘီယာရောင်းတဲ့ ဆိုင်သေးတွေလည်း ပါတယ်၊ စတိုးဆိုင်တွေလည်း ပါတယ်” ဟု ၎င်းကဆိုသည်။

မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ်ရှိ စင်ကာပူ စားဆောက်ဆိုင်သို့ နယ်မြေရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် စစ်ဆေးရာ မြန်မာနိုင်ငံတွင် ချက်လုပ်သော ဘီယာများကို ဆိုင်ဖွင့်လှစ်၍ လက်လီ လက်ကားရောင်းချခွင့် လိုင်စင်မရှိဘဲ အနီရောင် တံဆိပ်ကပ်လျက် SPY WINE ပုလင်းနှင့် ဝိုင် ၁၄ ပုလင်းတို့ကို ရောင်းချနေကြောင်း တွေ့ရှိသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းပြီး ချမ်းအေးသာစံ မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းတွင် (ပ) ၂၁၉/၂၀၁၄၊ ယစ်မျိုး ၃၀(က) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။

“အဲဒီနေ့ညက ကျွန်တော်တို့ လုံးဝ တပ်ပျက်တဲ့နေ့ပဲ။ ဘယ်ပြေးလို့ ပြေးရမှန်းကို မသိဘူး။ တစ်မြို့လုံး လိုက်ရှာတာ ဆိုင်တွေ အကုန်ပိတ်တယ်၊ အဲ့ဒါနဲ့ စတိုးဆိုင်ကိုပဲ သွားဝယ်ရတယ်။ ဘီယာဆိုင်တွေမှာကျတော့ အရက်၊ ဘီယာ မရောင်းဘဲ အကင်ရောင်းတယ်” ဟု ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့် နေ့စဉ် အရက်၊ ဘီယာ သောက်သုံးသူ ဦးစည်သူက ဆိုသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုချိန် ကာလအတွင်း ကျောင်းသားများအတွက် စိတ်အနှောင့်အယှက် မဖြစ်စေရန်နှင့် မှုခင်းမဖြစ်စေရန် ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကေတီဗီများ၊ စင်တင် တေးဂီတများနှင့်အတူ အရက်၊ ဘီယာဆိုင်များပါ ပိတ်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း မန္တလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အရက် ဘီယာဆိုင်တွေကို ၁၉၊ ၂၀၊ ၂၁ ရက်တွေ ပိတ်ရမယ်လို့ ပြောထားတယ်။ ကျွန်တော်တို့ကလည်း မဖွင့်ဘူး။ တချို့ဆိုင်တွေက အထဲမှာတော့ ရောင်းပေးတာတွေ ရှိတယ်” ဟု အောင်မြေသာစံမြို့နယ်ရှိ BEER GARDEN အရက်ဘီယာ အရောင်းဆိုင် တာဝန်ခံက ဆိုသည်။

တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲ ဖြေဆိုသည့် မတ်လ ၁၂ ရက်နေ့မှ ၂၂ ရက်နေ့အတွင်းတွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကေတီဗီများ၊ စင်တင်တေးဂီတများ ပိတ်သိမ်းထားရမည် ဖြစ်ပြီး အရက်၊ ဘီယာဆိုင်များသည် စာမေးပွဲနောက်ဆုံး ဘာသာရပ် ဖြေဆိုသည့်နေ့တွင် ပိတ်သိမ်းထားရန် အရောင်းဆိုင်များသို့ သတိပေးစာ ပေးခဲ့ကြောင်း ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အဆိုပါနေ့တွင် မှုခင်းကြိုတင် ကာကွယ်ရန်အတွက် ပြည့်တန်ဆာ ဖမ်းဆီးမှုလေးမှု၊ ပြစ်မှုကျူးလွန်ခဲ့သည်ဟု သင်္ကာမကင်းဖြစ်မှု ကျင့် ၅၄ (၄)မှု တစ်မှု၊ ရဲအက် ၅၆ မှု၊ အသက် အန္တရာယ် ဖြစ်စေနိုင်သည့် လက်နက်ကိုင်ဆောင်မှု တစ်မှုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ရုံးမှတ်တမ်းအရ သိရသည်။

The Voice Weekly

No comments:

Post a Comment