Friday, March 21, 2014

ဆိုင်ရှင်ဆီက အပ်နှံငွေပြန်မရလို့ စားပွဲထိုးက ဓာတ်ဆီလောင်းမီးရှို့

Photo: ဆိုင်ရှင်ဆီက အပ်နှံငွေပြန်မရလို့ စားပွဲထိုးက ဓာတ်ဆီလောင်းမီးရှို့
Friday, March 21, 2014

စုဆောင်းအပ်နှံထားတဲ့ငွေတွေ ဆိုင်ရှင်ဆီက ပြန်လည်ထုတ်ယူတာ မရလို့ စားပွဲထိုးတစ်ယောက်က သူ့ကိုယ်သူ ဓာတ်ဆီလောင်း မီးရှို့မှုတစ်ခု တောင်ငူမြို့မှာ မတ်လ ၂၁ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

၂၁.၃.၂၀၁၄ ရက်ေ မနက် ၉ နာရီ ၁၀ မိနစ်အချိန်က တောင်ငူမြို့ ၁၈ ရပ်ကွက် ရန်ကုန် မန္တလေးကားလမ်းမ အနောက်ဘက်ခြမ်းရှိ ရွက်သစ်ဝေေ၀ စားသောက်ဆိုင်ရှေ့မှာ စားပွဲထိုးဖြစ်သူကိုမျိုး ခေါ် မျိုးမင်းလှိုင် (၂၁ နှစ်)ဟာ စုဆောင်းအပ်နှံထားတဲ့ငွေကို ဆိုင်ရှင်ထံက ပြန်လည် ထုတ်ယူရန် ပြောဆိုတဲ့ကိစ္စ အဆင်မပြေမှုနှင့် ပတ်သက်ကာ ဆိုင်ရှေ့ရှိမြေကွက်လပ်မှာ အိပ်ရာအခင်းကိုခင်းထိုင်ပြီး ဓာတ်ဆီ ၁ လီတာ သူ့ကိုယ်ပေါ်ကိုလောင်းချ မီးရှို့ခဲ့လို့ အနီးပတ်ဝန်းကျင်ရှိ လူတွေက ၀ိုင်းဝန်းငြိမ်းသတ်ပေးခဲ့ရပါတယ်။ 

မီးလောင်မှုကြောင့် ကိုမျိုးမှာ တကိုယ်လုံး အရေပြားမီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ၉ နာရီခွဲအချိန်မှာ တောင်ငူဆေးရုံကို တင်ပို့ကုသထားပါတယ်။ အခုဖြစ်စဉ်နှင့် ပတ်သက်ပြီး တောင်ငူမြို့မရဲစခန်းက (ပ)၈၅/၂၀၁၄ ပုဒ်မ ၃၀၉ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်းဓာတ်ပုံ - သားကြီး(တောင်ငူ)

DVB
သတင်းဓာတ်ပုံ - သားကြီး(တောင်ငူ)
စုဆောင်းအပ်နှံထားတဲ့ငွေတွေ ဆိုင်ရှင်ဆီက ပြန်လည်ထုတ်ယူတာ မရလို့ စားပွဲထိုး တစ်ယောက်က သူ့ကိုယ်သူ ဓာတ်ဆီလောင်း မီးရှို့မှုတစ်ခု တောင်ငူမြို့မှာ မတ်လ ၂၁ရက်နေ့ က ဖြစ်ပွားခဲ့ပါတယ်။

၂၁.၃.၂၀၁၄ ရက်ေ မနက် ၉ နာရီ ၁၀ မိနစ်အချိန်က တောင်ငူမြို့ ၁၈ ရပ်ကွက် ရန်ကုန် မန္တလေးကားလမ်းမ အနောက်ဘက်ခြမ်းရှိ ရွက်သစ်ဝေေ၀ စားသောက်ဆိုင်ရှေ့မှာ စားပွဲ ထိုးဖြစ် သူ ကိုမျိုး ခေါ် မျိုးမင်းလှိုင် (၂၁ နှစ်)ဟာ စုဆောင်းအပ်နှံထားတဲ့ငွေကို ဆိုင်ရှင်ထံက ပြန်လည် ထုတ်ယူရန် ပြောဆိုတဲ့ကိစ္စ အဆင်မပြေမှုနှင့် ပတ်သက်ကာ ဆိုင်ရှေ့ရှိမြေကွက် လပ်မှာ အိပ်ရာအခင်းကိုခင်းထိုင်ပြီး ဓာတ်ဆီ ၁ လီတာ သူ့ကိုယ်ပေါ်ကိုလောင်းချ မီးရှို့ခဲ့လို့ အနီးပတ်ဝန်းကျင်ရှိ လူတွေက ၀ိုင်းဝန်းငြိမ်းသတ်ပေးခဲ့ရပါတယ်။ 

မီးလောင်မှုကြောင့် ကိုမျိုးမှာ တကိုယ်လုံး အရေပြားမီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ၉ နာရီခွဲ အချိန်မှာ တောင်ငူဆေးရုံကို တင်ပို့ကုသထားပါတယ်။ အခုဖြစ်စဉ်နှင့် ပတ်သက်ပြီး တောင် ငူမြို့မရဲစခန်းက (ပ)၈၅/၂၀၁၄ ပုဒ်မ ၃၀၉ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

DVB

No comments:

Post a Comment