Wednesday, March 19, 2014

ပျောက်ဆုံးလေယာဉ်သတင်း မလေးအစိုးရ ထိမ်ချန်လိမ်ညာနေဟု မိသားစုဝင်များ စွပ်စွဲ

ထူးဆန်းစွာ ပျောက်နေသော မလေးလေကြောင်းပိုင် MH 370 အား ယခုအချိန်ထိ ရှာဖွေတွေ့ရှိခြင်း မရှိ သေးသည်မှာ မလေးရှားအစိုးရက ယင်းလေယာဉ်သတင်းများ ထိမ်ချန်ကာ လိမ်ညာနေသောကြောင့် ဖြစ်သည်ဟု ဒေါသထွက်နေသော တရုတ်မိသားစုများက ပြောကြား လိုက်ကြောင်း မတ်လ ၁၈ ရက် ရိုက် တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ပျောက်ဆုံး မလေးရှား လေယာဉ်ပေါ်တွင် လိုက်ပါခဲ့ကြသည့် တရုတ်ခရီးသည်များ၏ သတင်း မှန်ကို မလေးရှားအစိုးရ ပြောပြသည့်အချိန်အထိ အစာငတ်ခံ ဆန္ဒပြသွားမည်ဟု လေယာဉ်ပေါ်တွင် ပါ
သွားသောခရီးသည်များ၏ ဆွေမျိုးများက ပြောကြားလိုက်သည်။ ယခုအခါတွင် မိသားစုဝင်များက ၎င်းတို့ နှင့် တွေ့ဆုံရန် မလေးရှားလေကြောင်းလိုင်းမှ လွှတ်ပေးလိုက်သည့် ကိုယ်စားလှယ်များအပေါ် စိတ်ဆိုး ဒေါသထွက်မှုများကို မတ်လ ၁၈ ရက်က ထုတ်ဖော်ပြောကြားခဲ့ပြီး မလေးရှား သံ အမတ်နှင့် တွေ့ဆုံခွင့် ပေးရန် တောင်းဆိုထားသည်။
“ခင်ဗျားတို့က သွားလိုက်ပြန်လိုက်ပဲ လုပ်နေတယ်။ ကျွန်တော်တို့ကို ဘယ်လို အဖြေမျိုးပေးစေချင်လဲ ဆို တာကို ခင်ဗျားတို့ အစိုးရ သိပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့က ကျွန်တော်တို့ကို အမြဲတမ်း လှည့် ဖျားနေလို့ လိမ်ညာနေလို့ပါ” ဟု အမျိုးသားတစ်ဦးက ပြောကြားလိုက်သည်။
“ကျွန်မတို့ကို မလေးရှားသံအမတ်ကြီးက အစိုးရကိုယ်စား လာရောက်တွေ့ဆုံပြီး မိသားစုဝင်တွေကို သတင်းအချက်အလက် အချို့ပေးဖို့ တောင်းဆိုပါတယ်။ မလေးရှားအစိုးရ အရမ်း လျှို့ဝှက်လွန်းပါတယ်။ ဘယ်တော့မှ အမှန်မပြောပါဘူး” ဟု ၀မ်ဟူသော အမျိုးသမီးတစ်ဦးက ဆိုသည်။
သို့သော် မည်သို့သော သတင်းအချက်အလက်များအား မိသားစုဝင်များထံသို့ အသိပေးရမည်ဆိုသည်မှာ မိမိလုပ်နိုင်သော အရာမဟုတ်ဟု မလေးလေကြောင်းလိုင်း၏ တရုတ်ကိုယ်စားလှယ်က ပြန်လည်ပြော ကြားလိုက်သည်။
အဆိုပါ လေယာဉ်သည် ထွက်ခွာပြီး တစ်နာရီကြာ၌ ပျောက်ဆုံးသွားခဲ့ကာ ၁၀ ရက်ကြာသည်အထိ ရှာ ဖွေတွေ့ရှိခြင်း မရှိသေးသည့်အတွက် သတင်းအချက်အလက်များရရှိရန် ရာပေါင်းများစွာသော မိသားစုဝင် များ ပေကျင်းဟိုတယ်၌ စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ လေယာဉ်ပေါ်တွင် ပါသွားခဲ့သည့် ခရီးသည် ၂၃၉ ဦး ၏ သုံးပုံနှစ်ပုံမှာ တရုတ်နိုင်ငံသားများ ဖြစ်သည်။
“အစာငတ်ခံဆန္ဒပြသွားမယ်၊ ကျွန်မ ဦးဆောင်ဆန္ဒပြသွားမယ်” ဟုလည်း အမျိုးသမီးတစ်ဦးက ဆိုသည်။
တစ်ချိန်တည်း၌ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟုန်လေးကလည်း “တရုတ်မိသားစုတွေရဲ့သင် တင့်လျောက်ပတ်တဲ့ မေးမြန်းမှုကို မလေးအစိုးရနဲ့ လေကြောင်းလိုင်းတို့က တလေးတစား ပြန်ဖြေပေးဖို့ တရုတ်အနေနဲ့ စဉ်ဆက်မပြတ် တောင်းဆိုခဲ့ပြီးပါပြီ” ဟု သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။


Mizzima - News in Burmese

No comments:

Post a Comment