Monday, March 17, 2014

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်ခွင့်မပြုရန် ရခိုင်တွင် လူသိန်းချီ သပိတ်မှောက်

Photo: သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်ခွင့်မပြုရန် ရခိုင်တွင် လူသိန်းချီ သပိတ်မှောက်

ရန်ကုန်၊ မတ် ၁၆

သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ယူခြင်း မပြုလုပ်ရန် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၃ မြို့နယ်၌ မတ်လ ၁၆ ရက်နေ့တွင် ဒေသခံ တစ်သိန်းကျော် ဆန္ဒပြ တောင်းဆိုကြကြောင်း စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လုံး ဆိုင်ရာ ကျူးကျော် ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီ၏ သတင်းပြန်ကြားရေး တာဝန်ခံ ဦးသန်းထွန်းက ပြောကြားသည်။

စစ်တွေမြို့၌ ဆန္ဒပြရာတွင် မြို့ခံ လူဦးရေ ငါးသောင်းဝန်းကျင် ပါဝင်ခဲ့ပြီး လေးနာရီခန့် အကြာ လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ကျောက်တော်၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ ဂွမြို့နယ်တို့တွင် ဆန္ဒပြခဲ့ကြကြောင်း ၎င်းကဆိုသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့်ပြုလျှင် ရခိုင် တစ်မျိုးသားလုံး သန်းခေါင်စာရင်း  အကောက်မခံဘဲ သပိတ်မှောက်မည်၊ ရိုဟင်ဂျာဟု ထည့်ခိုင်းသော နိုင်ငံတကာ စွက်ဖက်မှု လုံးဝ (လုံးဝ) လက်မခံ၊ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို  အမြန်ဆုံး အကောင်အထည်ဖော်ရန် အချက်များ အပါအဝင် အချက် ခုနစ်ချက်ကို ဆန္ဒပြရာတွင် တောင်းဆိုခဲ့ကြသည်။

ရိုဟင်ဂျာ ထည့်သွင်းခွင့် ပြု မပြု မတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီ နောက်ဆုံးထား၍ သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်သွင်းခွင့် ပြုခွင့်ကို ရုပ်သိမ်းကြောင်း အကြောင်းပြန်ကြားခြင်း မရှိပါက ရခိုင် တိုင်းရင်းသားများ သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည် ဖြစ်ကြောင်း ဦးသန်းထွန်းက ဆိုသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ယူခဲ့ပါက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ရှိသည်ဟု အထောက်အထား ပြစရာ ရရှိသွားမည် ဖြစ်ပြီး ရှုပ်ထွေးမှုများ ဖြစ်လာနိုင်သည့် အပြင် ပြည်တွင်း အချုပ်အခြာ အာဏာကိုပါ ထိပါးလာနိုင်သဖြင့် ဆန္ဒပြခြင်း ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားများက ပြောဆိုကြသည်။

မြောက်ဦးမြို့တွင် မြို့ခံများအပြင် ကျေးရွာများကပါ ဒေသခံများ ဝင်ရောက် ဆန္ဒပြသဖြင့် လူဦးရေ ငါးထောင်ကျော်သွားကြောင်း မြို့ခံ တစ်ဦးဖြစ်သူ ဦးထွန်းထွန်းက ပြောကြားသည်။ အခြား မြို့နယ်များတွင်လည်း ဆန္ဒပြ လူဦးရေ အနည်းဆုံး တစ်ထောင် အထက်တွင်သာ ရှိကြောင်း ဒေသခံများကို မေးမြန်းချက်အရ သိရှိရသည်။

အဆိုပါ ဆန္ဒပြ ကန့်ကွက်သည့် ကိစ္စနှင့် ပတ်သက်၍ ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုးကမူ “လောလောဆယ် ဘာမှ မှတ်ချက်ပေးလို့ မရသေးဘူး။ ဘာမှ ဖြေလို့ မရသေးဘူး။ အရမ်း အလုပ်ရှုပ်နေတယ်” ဟု ပြန်လည် ဖြေကြားသည်။

သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် စစ်တွေမြို့ မြို့မိမြို့ဖများ မတ်လ ၁၄ ရက်နေ့က စစ်တွေမြို့၌ တွေ့ဆုံခဲ့ရာတွင် ဦးခင်ရီက ရိုဟင်ဂျာ ထည့်ခွင့် ပြု မပြု တိကျသည့် အဖြေ မပေးခဲ့ကြောင်း မြို့မိမြို့ဖများ ထံမှ သိရှိရသည်။

သန်းခေါင်စာရင်းတွင် နိုင်ငံတကာ စံချိန်စံညွှန်းများ၊ လူ့အခွင့်အရေးများ အပေါ် အခြေခံကာ လူဦးရေနှင့် စုဖွဲ့မှုများကို ကောက်ယူမည် ဖြစ်သော်လည်း နိုင်ငံတော်၏ လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားကို ထိခိုက်ခံမည် မဟုတ်ကြောင်း၊ ရိုဟင်ဂျာဟု သန်းခေါင်စာရင်းတွင် ထည့်သွင်းရုံဖြင့် နိုင်ငံသားဖြစ်ခွင့် ရမည် မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောဆိုထားသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူမည် ဖြစ်သည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ယူခြင်း မပြုလုပ်ရန် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၃ မြို့နယ်၌ မတ်လ ၁၆ ရက်နေ့တွင် ဒေသခံ တစ်သိန်းကျော် ဆန္ဒပြ တောင်း ဆိုကြကြောင်း စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လုံး ဆိုင်ရာ ကျူးကျော် ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီ၏ သတင်းပြန်ကြားရေး တာဝန်ခံ ဦးသန်းထွန်းက ပြောကြားသည်။

စစ်တွေမြို့၌ ဆန္ဒပြရာတွင် မြို့ခံ လူဦးရေ ငါးသောင်းဝန်းကျင် ပါဝင်ခဲ့ပြီး လေးနာရီခန့် အကြာ လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ကျောက်တော်၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ ဂွမြို့နယ်တို့တွင် ဆန္ဒပြခဲ့ကြကြောင်း ၎င်းကဆိုသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့်ပြုလျှင် ရခိုင် တစ်မျိုးသားလုံး သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည်၊ ရိုဟင်ဂျာဟု ထည့်ခိုင်းသော နိုင်ငံတကာ စွက်ဖက်မှု လုံးဝ (လုံးဝ) လက်မခံ၊ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော်ရန် အချက်များ အပါအဝင် အချက် ခုနစ်ချက်ကို ဆန္ဒပြရာတွင် တောင်းဆိုခဲ့ကြသည်။

ရိုဟင်ဂျာ ထည့်သွင်းခွင့် ပြု မပြု မတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီ နောက်ဆုံးထား၍ သန်းခေါင် စာရင်းတွင် ရိုဟင်ဂျာ ထည့်သွင်းခွင့် ပြုခွင့်ကို ရုပ်သိမ်းကြောင်း အကြောင်းပြန်ကြားခြင်း မရှိပါက ရခိုင် တိုင်းရင်းသားများ သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည် ဖြစ်ကြောင်း ဦးသန်းထွန်းက ဆိုသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ယူခဲ့ပါက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ရှိသည်ဟု အထောက်အထား ပြစရာ ရရှိသွားမည် ဖြစ်ပြီး ရှုပ်ထွေးမှုများ ဖြစ်လာနိုင်သည့် အပြင် ပြည်တွင်း အချုပ် အခြာ အာဏာကိုပါ ထိပါးလာနိုင်သဖြင့် ဆန္ဒပြခြင်း ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားများက ပြောဆိုကြ သည်။

မြောက်ဦးမြို့တွင် မြို့ခံများအပြင် ကျေးရွာများကပါ ဒေသခံများ ဝင်ရောက် ဆန္ဒပြသဖြင့် လူဦးရေ ငါးထောင်ကျော်သွားကြောင်း မြို့ခံ တစ်ဦးဖြစ်သူ ဦးထွန်းထွန်းက ပြောကြားသည်။ အခြား မြို့နယ်များတွင် လည်း ဆန္ဒပြ လူဦးရေ အနည်းဆုံး တစ်ထောင် အထက်တွင်သာ ရှိကြောင်း ဒေသခံများကို မေးမြန်းချက်အရ သိရှိရသည်။

အဆိုပါ ဆန္ဒပြ ကန့်ကွက်သည့် ကိစ္စနှင့် ပတ်သက်၍ ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုးကမူ “လောလောဆယ် ဘာမှ မှတ်ချက်ပေးလို့ မရသေးဘူး။ ဘာမှ ဖြေလို့ မရသေးဘူး။ အရမ်း အလုပ်ရှုပ်နေတယ်” ဟု ပြန်လည် ဖြေကြားသည်။

သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် စစ်တွေမြို့ မြို့မိမြို့ဖများ မတ်လ ၁၄ ရက်နေ့က စစ်တွေမြို့၌ တွေ့ဆုံခဲ့ရာတွင် ဦးခင်ရီက ရိုဟင်ဂျာ ထည့်ခွင့် ပြု မပြု တိကျသည့် အဖြေ မပေးခဲ့ကြောင်း မြို့မိမြို့ဖများ ထံမှ သိရှိရသည်။

သန်းခေါင်စာရင်းတွင် နိုင်ငံတကာ စံချိန်စံညွှန်းများ၊ လူ့အခွင့်အရေးများ အပေါ် အခြေခံကာ လူဦးရေနှင့် စုဖွဲ့မှု များကို ကောက်ယူမည် ဖြစ်သော်လည်း နိုင်ငံတော်၏ လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားကို ထိခိုက်ခံမည် မဟုတ်ကြောင်း၊ ရိုဟင်ဂျာဟု သန်းခေါင်စာရင်းတွင် ထည့်သွင်းရုံဖြင့် နိုင်ငံသားဖြစ်ခွင့် ရမည် မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောဆိုထားသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment