Wednesday, March 5, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သီရိလင်္ကာနိုင်ငံ သမ္မတ၊ နီပေါနိုင်ငံဝန်ကြီးချုပ်တို့နှင့် သီးခြားတွေ့ဆုံဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သီရိလင်္ကာနိုင်ငံ သမ္မတ မစ္စတာမဟိန္ဒာရာဂျပက်ဆာတို့သည် မတ် ၄ ရက် မွန်းလွဲပိုင်းက နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး ဘင်းမ်စတက်အဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံပိုမို ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံအကြား လေကြောင်း ဆက် သွယ်မှု ထူထောင်ရေး၊ လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပဋိပက္ခဖြေရှင်းဆောင်ရွက်မှုဆိုင်ရာ အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြောင်း မတ် ၄ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားမှ သတင်းဖော်ပြချက် အရ သိရသည်။

မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့သည် ၁၉၄၉ ခုနှစ်က သံတမန်အဆက်အသွယ် စတင်ခဲ့ကြောင်းနှင့် သီရိ လင်္ကာ သမ္မတမဟိန္ဒာရာဂျပက်ဆာသည် မြန်မာနိုင်ငံသို့ ၂၀၀၄ ခုနှစ် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူချိန်က တစ်ကြိမ် ၂၀၀၉ခုနှစ် သမ္မတတာဝန်ယူချိန်တွင် တစ်ကြိမ် လာရောက်ခဲ့ဖူးကြောင်း သိရသည်။

ထို့ပြင် မတ် ၄ ရက် ညနေပိုင်း၌ပင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နီပေါနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆူရှီးကွိုင်ရာလာနှင့်တွေ့ဆုံ၍ ဗုဒ္ဓဖွားမြင်ရာ လုမ္မိနိဥယျာဉ် ဖွံ့ဖြိုးတိုးတက်ရေး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်မှုနှင့်ပတ်သက်ပြီး အတွေ့အကြုံများဖလှယ်ရေး၊ နှစ်နိုင်ငံ တိုက် ရိုက်လေကြောင်းဆက်သွယ် ပျံသန်းနိုင်မည့် အလားအလာများ၊ ငြိမ်းချမ်းရေးတည်ဆောက်မှု အတွေ့ အကြုံများနှ င့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့သည် ၁၉၆၀ ပြည့်နှစ်က သံတမန်ဆက်ဆံမှုစတင်ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ် သည် နီပေါဝန်ကြီးချုပ်တစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ကြောင်း သိရ သည်။

Eleven Media Group

No comments:

Post a Comment