Saturday, March 1, 2014

၂၀၁၃ ခုနှစ်တွင် အစိုးရ၀န်ထမ်းလစာ ကျပ်နှစ်သောင်း တိုးမြှင့်ပေးပြီး တစ်နှစ်အတွင်း အခြေခံစားသောက်ကုန်ဈေးများ ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉၀ အထိ မြင့်တက်ခဲ့

Photo: ၂၀၁၃ ခုနှစ်တွင် အစိုးရ၀န်ထမ်းလစာ ကျပ်နှစ်သောင်း တိုးမြှင့်ပေးပြီး တစ်နှစ်အတွင်း အခြေခံစားသောက်ကုန်ဈေးများ ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉၀ အထိ မြင့်တက်ခဲ့
Saturday, March 1, 2014

၂ဝ၁၃ ခုနှစ်တွင် အစိုးရဝန်ထမ်းလစာ ကျပ်နှစ်သောင်းတိုးမြှင့် ပေးခဲ့ပြီးနောက် တစ်နှစ်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ ၁ဝ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉ဝ အထိ မြင့်တက်မှုရှိခဲ့သည်။

အစိုးရဝန်ထမ်းများအား ၂ဝ၁၃ ခုနှစ်၊ ဧပြီ ၁ ရက်တွင် လစာတိုးမြှင့် ပေးခဲ့ခြင်းဖြစ်ပြီး ကုန်စည်ဈေးနှုန်းများမှာ ဇွန်လမှစ၍ တဖြည်းဖြည်း တက်ရိပ်ပြလာပြီး ဒီဇင်ဘာလတွင် သိသာစွာ မြင့်တက်လာခြင်းဖြစ်သည်။

ယခု ၂ဝ၁၄ ခုနှစ်တွင်လည်း အခြေခံ စားသောက်ကုန်အချို့ ဈေးနှုန်းမြင့်တက်မှုရှိနေပြီး လက်ရှိတွင် ဆန်၊ ဆီ၊ အသားငါး ဈေးနှုန်းများမှာ ယခင်ကထက် ကုန်စည်အမျိုးအစားအလိုက် ကျပ် ၂ဝဝ မှ ကျပ် ၅ဝဝဝ ကျော်အထိ မြင့်တက်နေခြင်းဖြစ်သည်။

ဈေးကွက်အတွင်း၌ ဆန်အသစ်ပေါ်ချိန်ဖြစ်၍ ဈေးနှုန်းတက်လေ့ ရှိသော်လည်း ယခင်နှစ်ကထက် များစွာမြင့်တက်မှုရှိနေပြီး ဆန်ချောဈေးမှာ ယခင်ကထက် တစ်အိတ်လျှင် ကျပ်  ၂ဝဝဝ မှ ၅ဝဝဝ ကျပ်အထိ မြင့်တက်မှုရှိကာ ဆန်ကြမ်းဈေးမှာ တစ်အိတ်လျှင် ကျပ် ၅ဝဝ မှ ၁၅ဝဝ အထိ မြင့်တက်နေခြင်းဖြစ်သည်။

စားအုန်းဆီဈေးနှုန်းမှာ အဓိကအားဖြင့် ပြည်ပမှ တင်သွင်းရောင်းချ ရသည့်အတွက် ငွေလဲဈေးမြင့်တက်ခြင်းကြောင့် ယခင်က ထက်တစ်ပိဿာလျှင် ကျပ် ၂ဝဝ မြင့်တက်မှုရှိကာ နှမ်းဆီဈေးမှာလည်း နယ်ဘက်မှ အဝင်နည်းခြင်းကြောင့် တစ်ပိဿာလျှင် ကျပ် ၂ဝဝဝ အထိမြင့်တက်နေပြီး ပဲဆီဈေးနှုန်းမှာမူ အတက်အကျမရှိကြောင်း သိရသည်။

အလားတူ အသားငါးဈေးနှုန်းများမှာ ယခင်ကထက် တစ်ပိဿာလျှင် ကျပ် ၁ဝဝဝ မှ ကျပ် ၅ဝဝဝ ကျော်အထိ မြင့်တက်ခဲ့ပြီး အထူးသဖြင့် ပုစွန်ဈေးနှုန်းမှာ သိသာစွာ မြင့်တက်မှုရှိခဲ့ပြီး ကြက်သွန်ဖြူ၊ နီ၊ အာလူး ဈေးနှုန်းများမှာ ယခင်နှစ် ဈေးထက်ကျပ် ၃ဝဝ မှ ကျပ် ၇ဝဝ အထိ မြင့်တက်မှုရှိခဲ့ပြီး လက်ရှိ၌မူ နယ်စုံမှဝင်ရောက်မှုနှင့် တရုတ်ဘက်မှ ဝယ်လိုအားနည်း နေခြင်းကြောင့် ဈေးအနည်းငယ် ကျဆင်းနေကြောင်း သိရသည်။

ကုန်စိမ်းများမှာမူ ကြာရှည်စွာ သိုလှောင်ထား၍မရသည့် ကုန်စည်များဖြစ်သည့်အတွက် ပစ္စည်းဝင်ရောက်မှု အနည်းအများပေါ် မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိပြီး ပစ္စည်းအဝင်များပါက ဈေးနှုန်းကျပြီး ပစ္စည်းအဝင်နည်းပါက ဈေးနှုန်းတက်လေ့ရှိကြောင်း သိရသည်။

ကုန်ဈေးနှုန်းမြင့်တက်မှုများနှင့် ပတ်သက်၍ ဗဟန်းမြို့နယ်နေ အိမ်ရှင်မတစ်ဦးက“အိမ်ရှင်မတွေအတွက် ကုန်ဈေးနှုန်းတက်လာရင် အဆင်မပြေဘူး။ တစ်နေ့တစ်နေ့ ဈေးထဲရောက်ရင် လက်ထဲက ပိုက်ဆံကိုကြည့်ပြီး ဈေးဝယ်နေရတယ်။ ကုန်ဈေးနှုန်းကလည်း လစာတိုး သတင်းကြားတာနဲ့ လိုက်တိုးချင်နေတာ။ အခုက တိုးပေးတဲ့လစာနဲ့ တက်သွားတဲ့ ကုန်ဈေးနှုန်းက အတူတူပဲဖြစ်နေတယ်။ အခုဆိုရင် လစာတိုးပြီး ကုန်ဈေးနှုန်းက အနည်းဆုံး ၁ဝဝဝ ကနေ ၅ဝဝဝ လောက်အထိ တက်သွားတော့ နှစ်သောင်းတိုးပေးလိုက်လို့ ပိုသုံးရတဲ့ ပိုက်ဆံက ငါးထောင်ပဲရှိတယ်။ ဒါက မီးဖိုချောင် အသုံးစရိတ်ပဲ ရှိသေးတာ။ အခုလဲ လစာနှစ်သောင်းထပ်တိုး ပေးမယ်လို့ကြားတယ်။ ဘာတွေထပ်တက်ဦးမလဲမသိဘူး”ဟု ပြောပြသည်။

ဆက်လက်၍ အစိုးရဝန်ထမ်းတစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်ခင်မိုး“အရင်နှစ်က ဝန်ထမ်းလစာ နှစ်သောင်းတိုးတယ်။ ဒါပေမဲ့ ဈေးဝယ်တဲ့အခါသုံးရတာ အရင်ကထက်တောင် ချွေတာနေရသေးတယ်။ အရင်ကဆိုရင် ဆန်ကို အိတ်လိုက်ဝယ်ထားနိုင်ပေမယ့် အခုဆိုရင် လိုသလောက် တစ်ပြည်ချင်းစီပဲဝယ်တယ်။ ဆီဆိုရင်လည်း ဒီလိုပဲ လစာတိုးလို့ အသုံးစရိတ် ပိုလျှံလာတာမျိုး မရှိပါဘူး”ဟု ပြောပြသည်။

“လစာတိုးတာတော့ ကောင်းပါတယ်။ တစ်ဖက်ကလည်း ကုန်ဈေးနှုန်း လိုက်တက်လာတာမျိုး မရှိအောင် ထိန်းချုပ်ဖို့ လိုအပ်တယ်။ ငွေကြေးဖောင်းပွတယ်လို့ ထင်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့လည်း အခွင့်အရေး တစ်ခုလိုမျိုး အသုံးချပြီး ဈေးမကစားသင့်ဘူး။ လစာတိုးတာရော ကုန်ဈေးနှုန်းတက်တာရောက အစိုးရနဲ့ဆိုင်တဲ့အတွက် လစာတိုးတိုင်း ကုန်ဈေးနှုန်း လိုက်မတက်ဖို့အတွက် ထိန်းချုပ်မှုတွေ ပြုလုပ်ဖို့လိုပါတယ်”ဟု အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဒေါ်ဆူဇန်နာလှလှစိုးက ဆိုသည်။

“ကုန်ဈေးတက်တာကို ငွေကြေးဖောင်းပွတယ်လို့ ပြောကြတယ်။ တက်သွားတဲ့ ကုန်ဈေးနှုန်းအပေါ် နှိုင်းယှဉ်တတ်ဖို့လိုအပ်တယ်။ လစာနဲ့ယှဉ်ရင် အခြေခံကျတဲ့ အသုံးစရိတ် မလောက်တာလား၊ ကျန်းမာရေး အသုံးစရိတ်အတွက် မလောက်တာလား ဆိုတာကို နှိုင်းယှဉ်နိုင်ဖို့ လိုပါတယ်။ ရွှေဈေးတက်တာ ကျတာက အရေးမကြီးဘူး။ ကုန်ဈေးနှုန်းတက်တာကတော့ အခြေခံပြည်သူတွေအပေါ် အကျိုးသက်ရောက်မှုရှိတယ်။ လစာတိုးတာကတော့ အခုထက်ပိုပြီး ခေတ်နဲ့အညီလိုက်ပြီး ထပ်တိုးပေးရဦးမှာပါ။ လစာတိုးတဲ့အတွက် ကုန်ဈေးနှုန်းတွေ လိုက်မတိုးဖို့လည်းလို နေပါတယ်”ဟု စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်မှ ဦးခင်မောင်ဦးက ပြောပြခဲ့သည်။

လာမည့်ဘဏ္ဍာနှစ်အတွင်း အစိုးရဝန်ထမ်းများ၏ လစာငွေအား ကျပ်နှစ်သောင်း ထပ်မံတိုးမြှင့်ပေးရန်နှင့် ပင်စင်လစာဆုကြေးငွေများ အချိုးကျတိုးမြှင့်ရန် လျာထားကြောင်း နိုင်ငံတော်သမ္မတက ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ အစိုးရဝန်ထမ်းလစာ ထပ်မံတိုးမြှင့်ပေးမည် ဆိုသောကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ အပြောင်းအလဲ ရှိနိုင်သော်လည်း လက်ရှိတွင် ဈေးကွက်ပေါ်မူတည်၍ ဈေးနှုန်းအတက်အကျ ဖြစ်ပေါ်သည့် ဆန်၊ ဆီဈေးနှုန်းမှအပ အခြားကုန်စည်ဈေးနှုန်း များမှာမူ တက်ရိပ်မရှိသေးကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ကုန်စည်အမျိုးအစား     ရေတွက်ပုံ       ယခင်ဈေးနှုန်း   ယခုဈေးနှုန်း

ရွှေဘိုပေါ်ဆန်း(သစ်)    တစ်အိတ်        ၃၈၀၀၀          ၄၃၀၀၀

ရွှေဘိုပေါ်ဆန်း(ဟောင်း)တစ်အိတ်        ၄၀၀၀၀          ၄၅၀၀၀

ဖျာပုံပေါ်ဆန်း              တစ်အိတ်        ၃၄၀၀၀          ၃၆၀၀၀

မနောသုခ                 တစ်အိတ်        ၁၇၀၀၀          ၁၉၀၀၀

ဧည့်မထ                  တစ်အိတ်        ၁၉၀၀၀          ၂၀၅၀၀

စားအုန်းဆီ                တစ်ပိဿာ      ၁၅၀၀            ၁၇၀၀

နှမ်းဆီ                     တစ်ပိဿာ      ၄၀၀၀            ၆၀၀၀

Bralioတံဆိပ်နေကြာဆီတစ်လီတာ      ၂၈၀၀            ၃၁၀၀ 

ကြက်သား                 တစ်ပိဿာ      ၅၀၀၀-၈၀၀၀    ၆၀၀၀-၁၀၀၀၀

ဝက်သား                   တစ်ပိဿာ      ၅၀၀၀-၇၀၀၀    ၆၀၀၀-၈၀၀၀၀

အမဲသား                   တစ်ပိဿာ      ၄၅၀၀-၈၀၀၀    ၅၀၀၀-၁၀၀၀၀

ဆိတ်သား                 တစ်ပိဿာ      ၁၀၀၀၀-၁၃၀၀၀          ၁၂၀၀၀-၁၅၀၀၀

ငါးကြင်း                   တစ်ပိဿာ      ၃၁၀၀            ၃၈၀၀

ငါးမြစ်ချင်း                 တစ်ပိဿာ      ၂၅၀၀            ၃၆၀၀

ငါးရံ့                       တစ်ပိဿာ      ၄၅၀၀            ၆၅၀၀

ပုစွန်ကျော့                 တစ်ပိဿာ      ၅၀၀၀            ၇၅၀၀

ပုစွန်တုပ်                   တစ်ပိဿာ      ၁၅၀၀၀          ၂၂၀၀၀

ကြက်သွန်နီ                တစ်ပိဿာ      ၃၀၀-၃၇၀       ၆၀၀-၁၀၀၀

ကြက်သွန်ဖြူ              တစ်ပိဿာ      ၁၈၀၀            ၂၅၀၀

အာလူး                   တစ်ပိဿာ      ၆၀၀              ၁၀၀၀

Eleven Media Group

ရန်ကုန်မြို့ တွင်းရှိ ဈေးတစ်ခုတွင် စားသောက်ကုန် ၀ယ်ယူနေသည့် အဘွားအိုတစ်ဦး (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ရန်ကုန်မြို့ တွင်းရှိ ဈေးတစ်ခုတွင် စားသောက်ကုန် ၀ယ်ယူနေသည့် အဘွားအိုတစ်ဦး (ဓာတ်ပုံ-၀င်းမြင့်ကျော်)

၂ဝ၁၃ ခုနှစ်တွင် အစိုးရဝန်ထမ်းလစာ ကျပ်နှစ်သောင်းတိုးမြှင့် ပေးခဲ့ပြီးနောက် တစ်နှစ်အတွင်း အခြေခံ စားသောက်ကုန်ဈေးနှုန်းများ ၁ဝ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉ဝ အထိ မြင့်တက်မှုရှိခဲ့သည်။


အစိုးရဝန်ထမ်းများအား ၂ဝ၁၃ ခုနှစ်၊ ဧပြီ ၁ ရက်တွင် လစာတိုးမြှင့် ပေးခဲ့ခြင်းဖြစ်ပြီး ကုန်စည်ဈေးနှုန်း များမှာ ဇွန်လမှစ၍ တဖြည်းဖြည်း တက်ရိပ်ပြလာပြီး ဒီဇင်ဘာလတွင် သိသာစွာ မြင့်တက်လာခြင်းဖြစ်သည်။

ယခု ၂ဝ၁၄ ခုနှစ်တွင်လည်း အခြေခံ စားသောက်ကုန်အချို့ ဈေးနှုန်းမြင့်တက်မှုရှိနေပြီး လက်ရှိတွင် ဆန်၊ ဆီ၊ အသားငါး ဈေးနှုန်းများမှာ ယခင်ကထက် ကုန်စည်အမျိုးအစားအလိုက် ကျပ် ၂ဝဝ မှ ကျပ် ၅ဝဝဝ ကျော် အထိ မြင့်တက်နေခြင်းဖြစ်သည်။

ဈေးကွက်အတွင်း၌ ဆန်အသစ်ပေါ်ချိန်ဖြစ်၍ ဈေးနှုန်းတက်လေ့ ရှိသော်လည်း ယခင်နှစ်ကထက် များစွာမြင့် တက်မှုရှိနေပြီး ဆန်ချောဈေးမှာ ယခင်ကထက် တစ်အိတ်လျှင် ကျပ်  ၂ဝဝဝ မှ ၅ဝဝဝ ကျပ်အထိ မြင့်တက်မှု ရှိကာ ဆန်ကြမ်းဈေးမှာ တစ်အိတ်လျှင် ကျပ် ၅ဝဝ မှ ၁၅ဝဝ အထိ မြင့်တက်နေခြင်းဖြစ်သည်။

စားအုန်းဆီဈေးနှုန်းမှာ အဓိကအားဖြင့် ပြည်ပမှ တင်သွင်းရောင်းချ ရသည့်အတွက် ငွေလဲဈေးမြင့် တက်ခြင်းကြောင့် ယခင်က ထက်တစ်ပိဿာလျှင် ကျပ် ၂ဝဝ မြင့်တက်မှုရှိကာ နှမ်းဆီဈေးမှာလည်း နယ်ဘက်မှ အဝင် နည်းခြင်းကြောင့် တစ်ပိဿာလျှင် ကျပ် ၂ဝဝဝ အထိမြင့်တက်နေပြီး ပဲဆီဈေးနှုန်းမှာမူ အတက်အကျ မရှိကြောင်း သိရသည်။

အလားတူ အသားငါးဈေးနှုန်းများမှာ ယခင်ကထက် တစ်ပိဿာလျှင် ကျပ် ၁ဝဝဝ မှ ကျပ် ၅ဝဝဝ ကျော်အထိ မြင့်တက် ခဲ့ပြီး အထူးသဖြင့် ပုစွန်ဈေးနှုန်းမှာ သိသာစွာ မြင့်တက်မှုရှိခဲ့ပြီး ကြက်သွန်ဖြူ၊ နီ၊ အာလူး ဈေးနှုန်း များမှာ ယခင်နှစ် ဈေးထက်ကျပ် ၃ဝဝ မှ ကျပ် ၇ဝဝ အထိ မြင့်တက်မှုရှိခဲ့ပြီး လက်ရှိ၌မူ နယ်စုံမှဝင်ရောက် မှုနှင့် တရုတ်ဘက်မှ ဝယ်လိုအားနည်း နေခြင်းကြောင့် ဈေးအနည်းငယ် ကျဆင်းနေကြောင်း သိရသည်။

ကုန်စိမ်းများမှာမူ ကြာရှည်စွာ သိုလှောင်ထား၍မရသည့် ကုန်စည်များဖြစ်သည့်အတွက် ပစ္စည်းဝင်ရောက်မှု အနည်းအများပေါ် မူတည်၍ ဈေးနှုန်းပြောင်းလဲမှုရှိပြီး ပစ္စည်းအဝင်များပါက ဈေးနှုန်းကျပြီး ပစ္စည်းအဝင်နည်းပါက ဈေးနှုန်းတက်လေ့ရှိကြောင်း သိရသည်။

ကုန်ဈေးနှုန်းမြင့်တက်မှုများနှင့် ပတ်သက်၍ ဗဟန်းမြို့နယ်နေ အိမ်ရှင်မတစ်ဦးက“အိမ်ရှင်မတွေအတွက် ကုန်ဈေးနှုန်း တက်လာရင် အဆင်မပြေဘူး။ တစ်နေ့တစ်နေ့ ဈေးထဲရောက်ရင် လက်ထဲက ပိုက်ဆံ ကိုကြည့်ပြီး ဈေးဝယ်နေရတယ်။ ကုန်ဈေးနှုန်းကလည်း လစာတိုး သတင်းကြားတာနဲ့ လိုက်တိုးချင်နေတာ။ အခုက တိုးပေးတဲ့လစာနဲ့ တက်သွားတဲ့ ကုန်ဈေးနှုန်းက အတူတူပဲဖြစ်နေတယ်။ အခုဆိုရင် လစာတိုးပြီး ကုန်ဈေးနှုန်းက အနည်းဆုံး ၁ဝဝဝ ကနေ ၅ဝဝဝ လောက်အထိ တက်သွားတော့ နှစ်သောင်းတိုးပေးလိုက်လို့ ပိုသုံးရတဲ့ ပိုက်ဆံက ငါးထောင်ပဲရှိတယ်။ ဒါက မီးဖိုချောင် အသုံးစရိတ်ပဲ ရှိသေးတာ။ အခုလဲ လစာနှစ်သောင်းထပ်တိုး ပေးမယ်လို့ကြားတယ်။ ဘာတွေထပ်တက်ဦးမလဲမသိဘူး”ဟု ပြောပြသည်။

ဆက်လက်၍ အစိုးရဝန်ထမ်းတစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်ခင်မိုး“အရင်နှစ်က ဝန်ထမ်းလစာ နှစ်သောင်း တိုးတယ်။ ဒါပေမဲ့ ဈေးဝယ်တဲ့အခါသုံးရတာ အရင်ကထက်တောင် ချွေတာနေရသေးတယ်။ အရင်ကဆိုရင် ဆန်ကို အိတ်လိုက်ဝယ်ထားနိုင်ပေမယ့် အခုဆိုရင် လိုသလောက် တစ်ပြည်ချင်းစီပဲဝယ်တယ်။ ဆီဆိုရင်လည်း ဒီလိုပဲ လစာတိုးလို့ အသုံးစရိတ် ပိုလျှံလာတာမျိုး မရှိပါဘူး”ဟု ပြောပြသည်။

“လစာတိုးတာတော့ ကောင်းပါတယ်။ တစ်ဖက်ကလည်း ကုန်ဈေးနှုန်း လိုက်တက်လာတာမျိုး မရှိအောင် ထိန်းချုပ်ဖို့ လိုအပ်တယ်။ ငွေကြေးဖောင်းပွတယ်လို့ ထင်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့လည်း အခွင့်အရေး တစ်ခုလိုမျိုး အသုံးချပြီး ဈေးမကစားသင့်ဘူး။ လစာတိုးတာရော ကုန်ဈေးနှုန်းတက်တာရောက အစိုးရနဲ့ဆိုင်တဲ့အတွက် လစာတိုးတိုင်း ကုန်ဈေးနှုန်း လိုက်မတက်ဖို့အတွက် ထိန်းချုပ်မှုတွေ ပြုလုပ်ဖို့ လိုပါတယ်”ဟု အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဒေါ်ဆူဇန်နာလှလှစိုး က ဆိုသည်။

“ကုန်ဈေးတက်တာကို ငွေကြေးဖောင်းပွတယ်လို့ ပြောကြတယ်။ တက်သွားတဲ့ ကုန်ဈေးနှုန်းအပေါ် နှိုင်းယှဉ်တတ်ဖို့လိုအပ်တယ်။ လစာနဲ့ယှဉ်ရင် အခြေခံကျတဲ့ အသုံးစရိတ် မလောက်တာလား၊ ကျန်းမာရေး အသုံးစရိတ်အတွက် မလောက်တာလား ဆိုတာကို နှိုင်းယှဉ်နိုင်ဖို့ လိုပါတယ်။ ရွှေဈေးတက်တာ ကျတာက အရေးမကြီးဘူး။ ကုန်ဈေးနှုန်းတက်တာကတော့ အခြေခံပြည်သူတွေအပေါ် အကျိုးသက်ရောက်မှုရှိတယ်။ လစာတိုးတာကတော့ အခုထက်ပိုပြီး ခေတ်နဲ့အညီလိုက်ပြီး ထပ်တိုးပေးရဦးမှာပါ။ လစာတိုးတဲ့အတွက် ကုန်ဈေးနှုန်းတွေ လိုက်မတိုးဖို့လည်းလို နေပါတယ်”ဟု စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်မှ ဦးခင်မောင်ဦးက ပြောပြခဲ့သည်။

လာမည့်ဘဏ္ဍာနှစ်အတွင်း အစိုးရဝန်ထမ်းများ၏ လစာငွေအား ကျပ်နှစ်သောင်း ထပ်မံတိုးမြှင့်ပေးရန်နှင့် ပင်စင်လစာဆုကြေးငွေများ အချိုးကျတိုးမြှင့်ရန် လျာထားကြောင်း နိုင်ငံတော်သမ္မတက ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ အစိုးရဝန်ထမ်းလစာ ထပ်မံတိုးမြှင့်ပေးမည် ဆိုသောကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ အပြောင်းအလဲ ရှိနိုင်သော်လည်း လက်ရှိတွင် ဈေးကွက်ပေါ်မူတည်၍ ဈေးနှုန်းအတက်အကျ ဖြစ်ပေါ်သည့် ဆန်၊ ဆီဈေးနှုန်းမှအပ အခြားကုန်စည်ဈေးနှုန်း များမှာမူ တက်ရိပ်မရှိသေးကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ကုန်စည်အမျိုးအစား     ရေတွက်ပုံ       ယခင်ဈေးနှုန်း   ယခုဈေးနှုန်း

ရွှေဘိုပေါ်ဆန်း(သစ်)    တစ်အိတ်        ၃၈၀၀၀          ၄၃၀၀၀

ရွှေဘိုပေါ်ဆန်း(ဟောင်း)တစ်အိတ်        ၄၀၀၀၀          ၄၅၀၀၀

ဖျာပုံပေါ်ဆန်း              တစ်အိတ်        ၃၄၀၀၀          ၃၆၀၀၀

မနောသုခ                 တစ်အိတ်        ၁၇၀၀၀          ၁၉၀၀၀

ဧည့်မထ                  တစ်အိတ်        ၁၉၀၀၀          ၂၀၅၀၀

စားအုန်းဆီ                တစ်ပိဿာ      ၁၅၀၀            ၁၇၀၀

နှမ်းဆီ                     တစ်ပိဿာ      ၄၀၀၀            ၆၀၀၀

Bralioတံဆိပ်နေကြာဆီတစ်လီတာ      ၂၈၀၀            ၃၁၀၀ 

ကြက်သား                 တစ်ပိဿာ      ၅၀၀၀-၈၀၀၀    ၆၀၀၀-၁၀၀၀၀

ဝက်သား                   တစ်ပိဿာ      ၅၀၀၀-၇၀၀၀    ၆၀၀၀-၈၀၀၀၀

အမဲသား                   တစ်ပိဿာ      ၄၅၀၀-၈၀၀၀    ၅၀၀၀-၁၀၀၀၀

ဆိတ်သား                 တစ်ပိဿာ      ၁၀၀၀၀-၁၃၀၀၀          ၁၂၀၀၀-၁၅၀၀၀

ငါးကြင်း                   တစ်ပိဿာ      ၃၁၀၀            ၃၈၀၀

ငါးမြစ်ချင်း                 တစ်ပိဿာ      ၂၅၀၀            ၃၆၀၀

ငါးရံ့                       တစ်ပိဿာ      ၄၅၀၀            ၆၅၀၀

ပုစွန်ကျော့                 တစ်ပိဿာ      ၅၀၀၀            ၇၅၀၀

ပုစွန်တုပ်                   တစ်ပိဿာ      ၁၅၀၀၀          ၂၂၀၀၀

ကြက်သွန်နီ                တစ်ပိဿာ      ၃၀၀-၃၇၀       ၆၀၀-၁၀၀၀

ကြက်သွန်ဖြူ              တစ်ပိဿာ      ၁၈၀၀            ၂၅၀၀

အာလူး                   တစ်ပိဿာ      ၆၀၀              ၁၀၀၀

Eleven Media Group

No comments:

Post a Comment