Friday, March 21, 2014

ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး နည်းဗျူဟာ စနစ်တကျ ပံ့ပိုးရန်လိုဟု ဆို

ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိရေးအတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက်နေပြည်သူများအား ငွေကြေးထောက်ပံ့မှု၊ နည်း ပညာထောက်ပံ့မှုနှင့် စနစ်ကျနမှုရှိစေရန် အစိုးရမှ နည်းဗျူဟာ စနစ်တကျဖြင့် ဆောင်ရွက်ပေး သင့်ကြောင်း ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်အသင်း (REAM) က အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်က ပြောသည်။

 “၀န်ကြီးဌာန အများကြီးရှိတယ်။ လျှပ်စစ်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ စက်မှု၊ ကျေးလက်ဖွံ့ဖြိုးရေး စတာတွေ ပေါ့။ ဒါတွေက အုပ်ချုပ်ရေးအရခွဲတာ။ တကယ် ကျေးလက်ဒေသတစ်ခု မီးလင်းဖို့ ဆိုရင် လျှပ်စစ်ဝန်ကြီး ဌာနတစ်ခုတည်းနဲ့ မလုံလောက်တော့ဘူး။ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပါမယ်။ စွမ်းအင်က ပေါ်လစီအရ ပါမယ်။ ၀န်ကြီးဌာနတွေ ခွဲဖို့မလိုတော့ဘူး။ အားလုံး ပူးပေါင်းလုပ်ရမှာ။ ဒီလိုလုပ်ဖို့ လုပ်ထုံးလုပ်နည်း လို တယ်။ ဥပဒေတွေ လိုအပ်တယ်။ ဒါမှ နည်းဗျူဟာတကျ ဖြစ်မယ်”ဟု ပြောသည်။

မြန်မာနိုင်ငံ ပြည်သူလူထု၏ ၂၆ ရာခိုင်နှုန်းသာ လျှပ်စစ်မီးရရှိပြီး ၇၄ ရာခိုင်နှုန်းမှာ လျှပ်စစ်မီး မရရှိသည့် ကျေးလက်ဒေသများတွင် နေထိုင်ကြသည်။ အစိုးရအနေဖြင့် ပင်မဓာတ်အားလိုင်း များမှတစ်ဆင့် ကျေး လက်ဒေသများ မီးလင်းရေးအထိပါ ဆောင်ရွက်နေသော်လည်း ပင်မ ဓာတ်အား လိုင်း ပြင်ပလျှပ်စစ်မီးရရှိ ရေးစနစ်(off grid power supply system) မှတစ်ဆင့် ပြည်သူလူထုအားလုံး လျှပ်စစ်ဓာတ်အားရရှိရန် ပံ့ပိုးပေးသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

“တချို့မြို့နယ် ဥပမာ ချင်းပြည်နယ်မှာ ပြင်ပဓာတ်အားလိုင်းက လျှပ်စစ်မီးရရှိအောင် ရေအား လျှပ်စစ် ထုတ်တဲ့ စက်လေးတွေနဲ့ အစိုးရက လုပ်ပေးနေတာရှိတယ်။ ဒါပေမဲ့ ပမာဏက အရမ်း နည်းပါတယ်။ တချို့နယ်တွေမှာ ပုဂ္ဂလိကပိုင်းက တာဝန်ယူလုပ်နေတာတွေရှိတယ်။ ဆိုလာတွေ သုံးနေတာရှိတယ်။ ဒါပေမဲ့ စနစ်မကျဘူး။ ဘယ်သူမှလည်း မပံ့ပိုးဘူး။ ဒါတွေကို အစိုးရက အားပေးလိုက်ရင် ပင်မဓာတ်အား လိုင်းနဲ့ သူတို့ (ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးသုံးစွဲ သူတွေ)ကိုယ်တိုင် အောက်ခြေကနေ လာချိတ်ဆက်လို့ ရသွားမယ်”ဟု ဦးအောင်မြင့်က ပြော သည်။

ကျေးလက်နေပြည်သူများသည် လျှပ်စစ်မီးရရှိရေးအတွက် အချိန်ကြာမြင့်စွာ စောင့်နေရသည် ထက် ၎င်း တို့ကိုယ်တိုင် တစ်ဖက်တစ်လမ်းမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ခြင်းဖြင့် ပြည် သူလူထု၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသည့်ကဏ္ဍများတွင် တိုးတက်လာမည်ဖြစ်ကြောင်း ၎င်း က ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment