Friday, March 21, 2014

ပါးစပ်ကပြောနေရုံနဲ့ ငြိမ်းချမ်းရေးရနိုင်မည် မဟုတ်ပါ

ဒီကနေ့မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့အတူ ငြိမ်းချမ်းရေးရောင်ခြည်တွေ သန်းလာ နေပါပြီ။ ဒီကနေ့ပြည်သူတွေလိုလားနေတာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နိုင်ဖို့ပါပဲ။ တိုင်းရင်းသား လက်နက်ကိုင် တွေရှိနေတဲ့ဒေသမှာ နေထိုင်ကြတဲ့လူတွေရဲ့ အဓိကမျှော်လင့်ချက်ဟာ တိုက် ပွဲတွေမဖြစ်ဖို့ပါပဲ။ တိုက်ပွဲတွေ ဖြစ်ပြီးပြေးကြလွှားကြနဲ့ နေရတဲ့ဘ၀ဟာ လူဖြစ်ရှုံးတဲ့ဘ၀ပါပဲ။ ကိုယ့်တိုင်းရင်းသားအချင်းချင်း စစ်တိုက်နေရ တဲ့ ကိစ္စမျိုးကို တပ်မတော်သားတွေကလည်း မလိုလားပါဘူး။

မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးရဖို့ဆိုရင်တရားမ၀င်လက်နက်ကိုင်နေတဲ့သူတွေ ပပျောက်ဖို့ လိုအပ် ပါတယ်။ နယ်စပ်ဒေသတွေမှာ ရှိနေကြတဲ့လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်နက် ကိုင်ဆောင်ပြီး ဆက်ကြေးကောက် လမ်းတံတားတွေမိုင်းခွဲဖျက်ဆီး၊ တရားဥပဒေ မရှိဘဲ လူတွေသတ်ဖြတ်နေတာတွေကြောင့် (အမှန်အတိုင်းပြောရ ယင်)ဒေသခံလူတွေကို ဒုက္ခရောက်အောင်လုပ်နေတာကြောင့် တပ်မတော်ကစစ်တိုက်နေတာပါ။ အခုလူအချို့ ပြောနေတဲ့ ၂၀၀၈ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ လုံးဝ မကောင်းတာမျိုးမဟုတ်ပါဘူး။

တိုင်းရင်းသားအများစုနေထိုင်တဲ့ပြည်နယ်တွေမှာ သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးကိုပဲ ၀န်ကြီး ချုပ် ခန့်အပ်ပေးထားတာပါ။ကချင်မှာဆိုလဲကချင်လူမျိုး၊ရှမ်းမှာဆိုလဲရှမ်းလူမျိုး၊ချင်းမှာဆိုလဲ ချင်းလူမျိုး ကိုပဲပေးထား ခဲ့တာပါ။၂၀၀၈ဖွဲ့စည်းပုံအရ အသားမကျသေးတာပဲရှိနေပါလိမ့်မယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေလဲ ပေးထားပြီးသားမို့ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ သူတွေ ဟာ ဘာကြောင့်တိုက်ပွဲဝင်နေရတာလဲ။ ဒါကိုလဲ ပြည်သူလူထုကိုပွင့်ပွင့်လင်းလင်း ရှင်းပြသင့်ပါတယ်။

ကိုယ်ကအစိုးရအဖွဲ့မှာမပါလို့၊ အုပ်ချုပ်တဲ့အဖွဲ့မှာမပါလို့ဆိုပြီး လက်နက် ကိုင်ဆောင်နေ ရင်တော့ လက်နက်ကိုင် ပဋိပက္ခဟာပြီးနိုင်တော့မှာ မဟုတ်ပါဘူး။ လက်နက် ကိုင်ဆောင်နေ ရတဲ့ အရသာကြောင့် ကြီးပွား ချမ်းသာနေလို့ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်နိုင်တာကို အခြား အကြောင်းအရာတွေအမျိုးမျိုး ပြပြီး လက်နက်ကိုင်ဆောင်နေရတာပါလို့ ဆင်ခြေပေးနေ သမျှတော့ မြန်မာနိုင်ငံကြီးဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ် ပါဘူး။ လက်နက်ကိုင်ဆောင်မှုကို မစွန့်လွှတ်နိုင်သရွေ့တော့ မြန်မာပြည် ဘယ်တော့မှမချမ်းသာပါဘူး။ ဒေသခံပြည်သူတွေ ဒုက္ခနဲ့ရင်ဆိုင်နေရမှာဟာ အမှန်တရားပါပဲ။

တကယ်ငြိမ်းချမ်းရေး ရယူချင်တယ်ဆိုရင်တော့ မည်သူမဆို လက်နက် ကိုင်ဆောင် မှုကို စွန့်လွှတ်၊ ပါတီ ထောင်၊ရွေးကောက်ပွဲဝင်၊ ရွေးကောက်ပွဲ မှာနိုင်ရင် အစိုးရလုပ်။ဒီ လမ်းကြောင်းပဲရှိပါတယ်။ ဒါဟာလုပ်သင့်တဲ့ အလုပ်ပါပဲ။ အခုလက်ရှိမှာလုပ်နေတဲ့ငြိမ်း ချမ်းရေးဆွေးနွေး ပွဲတွေ၊ အပစ်အခတ် ရပ်စဲရေးတွေဟာ ရိုးရိုးလေးပဲ ပြောရယင် ဘယ်တော့မှပြီး ဆုံးနိုင်မှာမဟုတ်ပါဘူးလို့ပဲပြောချင်ပါတယ်။ အကြောင်းအမျိုးမျိုးပြပြီး လက်နက် ကိုင်ဆောင်မှုကိုမစွန့်လွှတ်နိုင်သမျှကာလပတ်လုံးကတော့ ဘယ်လိုဖွဲ့စည်းပုံ အခြေခံ ဥပဒေပဲပြင်ပြင်၊ရေးရေး ဘယ်တော့မှ ငြိမ်းချမ်းနိုင်မှာမဟုတ်ပါဘူး။ ပါးစပ်ကပြောနေ ကြရုံနဲ့ တကယ့်ငြိမ်းချမ်းရေး ရလာမှာမဟုတ်ပါဘူး ဆိုတာတော့ အမှန်အတိုင်းပဲပြောလိုက် ချင်ပါတယ်။ ။ 

ဗလမင်းထင်
credit to : zarni aung myat

No comments:

Post a Comment