Wednesday, March 5, 2014

ဆင်းရဲမွဲတေမှု လျှော့ချရေး၊ အကြမ်းဖက်မှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးတို့ ပါဝင်သော တတိယအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး ကြေညာစာတမ်း ထုတ်ပြန်

Photo: ဆင်းရဲမွဲတေမှု လျှော့ချရေး၊ အကြမ်းဖက်မှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးတို့ ပါဝင်သော တတိယအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး ကြေညာစာတမ်း ထုတ်ပြန်
Wednesday, March 5, 2014

တတိယအကြိမ်မြောက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးကို မတ် ၄ ရက်က နေပြည်တော်ရှိ  MICC ခန်းမ၌ ကျင်းပခဲ့ပြီး တတိယအကြိမ်မြောက် ဘင်းမ်စတက် ကြေညာစာတမ်းကို ထုတ်ပြန်လိုက်သည်။

အဆိုပါကြေညာစာတမ်းထုတ်ပြန်သည့် အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၊ အိန္ဒိယ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း၊ သီရိလင်္ကာနိုင်ငံမှ သမ္မတ မစ္စတာမဟိန္ဒာရာဂျပက်ဆာ၊ နီပေါနိုင်ငံမှ ၀န်ကြီးချုပ် မစ္စတာဆူရှီးကွိုင်ရာလာ၊ ဘူတန်နိုင်ငံမှဝန်ကြီးချုပ် တီရှားရင်းတော့ဂေး၊ ထိုင်းနိုင်ငံမှ အမြဲတမ်းအတွင်းဝန် Mr.SihasakPhuangketkeow နှင့် မြန်မာနိုင်ငံမှ သမ္မတဦးသိန်းစိန်တို့ တက်ရောက်ခဲ့ပြီး စာတမ်းအား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အဆိုပါကြေညာစာတမ်းအရ ၁၉၉၇ ခုနှစ် Bangkok Declaration တွင် ချမှတ်ခဲ့သည့် ရည်ရွယ်ချက်များအား အကောင်အထည်ဖော်ရန် ထပ်လောင်းအတည်ပြုလိုက်ခြင်း၊ ၂၀၀၄ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ထိုင်းနိုင်ငံဘန်ကောက်၌ ကျင်းပခဲ့သော ပထမဦးဆုံးအကြိမ် ဘင်းမ်စတက် ထိပ်သီးဆွေးနွေးပွဲ ထုတ်ပြန်ချက်များနှင့် ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီ၌ ထုတ်ပြန်ခဲ့သော ဘင်းမ်စတက် ထိပ်သီးဆွေးနွေးပွဲများ၏ အာဂျင်ဒါများအား ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးနှင့် ပထ၀ီအနေအထားအရ တစ်နိုင်ငံနှင့် တစ်နိုင်ငံ နီးစပ်သည့်နိုင်ငံများအချင်းချင်း၊ ယဉ်ကျေးမှုအရ ကူးလူးဖလှယ်ရေးတို့အား အသိအမှတ်ပြုရန်၊ ဘင်းမ်စတက်နိုင်ငံများ၏ လူသားအရင်းအမြစ်နှင့် သဘာဝအရင်းအမြစ်များအား အသုံးပြု၍ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ တိုးတက်မြင့်မားအောင် ဆောင်ရွက်ရန်၊ နိုင်ငံတကာအသိုင်းအ၀ိုင်းအပြင် ဒေသတွင်းနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအား အသိအမှတ်ပြုရန်၊ ရာသီဥတုကြောင့် လူတို့၏ ဘ၀နှင့်အသက်မွေးဝမ်းကျောင်းမှုအပေါ် သက်ရောက်လာနိုင်သော ခြိမ်းခြောက်မှုများကို အရေးယူဆောင်ရွက်ရန်၊ ဘင်းမ်စတက်နိုင်ငံများအတွင်း ဆင်းရဲမွဲတေမှုလျှော့ချရေးအား ဆောင်ရွက်နိုင်ရန်၊ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ကျရောက်လာနိုင်သော အကြမ်းဖက်မှုများနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆောင်ရွက်ရန်၊ ဘင်းမ်စတက်နိုင်ငံများအတွင်း ဖွံ့ဖြိုးမှုနောက်ကျသည့်နိုင်ငံများအား အကူအညီအထောက်အပံ့များ ပေးနိုင်ရေးအား အသိအမှတ်ပြုရန်၊ ဘင်းမ်စတက်နိုင်ငံများအချင်းချင်း စီးပွားရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်မှုများ အချိန်တိုတိုနှင့် တိုးတက်လာရေးအတွက် နိုင်ငံအချင်းချင်း သဟဇာတ မျှတစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်တို့ ပါရှိကြောင်း သိရသည်။

"ဘင်းမ်စတက်နိုင်ငံတွေအတွင်းမှာ လမ်းပန်းဆက်သွယ်မှုနဲ့ အချိန်တိုတိုနဲ့ ကုန်ကျစရိတ် သက်သက်သာသာနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ရေးအတွက် ဘင်းမ်စတက် သယ်ယူပို့ဆောင်မှု အခြေခံအဆောက်အအုံနဲ့ ၀န်ဆောင်မှုဆိုင်ရာ လေ့လာချက်တစ်ရပ်ကို ပထမအဆင့်အနေနဲ့ ပြုလုပ်နိုင်ခဲ့ပြီး လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် စီမံချက်ကိုတော့ ဒုတိယအဆင့်အနေနဲ့ ဖော်ထုတ်လျက်ရှိပါတယ်။ ဒီလေ့လာချက်ကို အာရှဖွံ့ဖြိုးရေးဘဏ်က အကူအညီပေးဆောင်ရွက်နေပါတယ်"ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တတိယအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် ပြောကြားသည်။

Eleven Media Group

မတ် ၄ ရက်က ကျင်းပသော ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များကို တွေ့ရစဉ်၊

(၀ဲမှယာ) - ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မစ္စရှိတ်ဟာဆီနာ၊ ဘူတန်ဝန်ကြီးချုပ် မစ္စတာ တီရှားရင်းတော့ဂေး၊ အိန္ဒိယ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ နီပေါဝန်ကြီးချုပ် မစ္စတာ  ဆူရှီးကွိုင်ရာလာ၊ သီရိလင်္ကာသမ္မတ မစ္စတာ မဟိန္ဒာရာဂျပက်ဆာ၊ ထိုင်းဝန်ကြီးချုပ်၏ အမြဲတမ်းအတွင်းဝန် Mr.Sihasak Phuangketkeow
မတ် ၄ ရက်က ကျင်းပသော ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များကို တွေ့ရစဉ်
(၀ဲမှယာ) - ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မစ္စရှိတ်ဟာဆီနာ၊ ဘူတန်ဝန်ကြီးချုပ် မစ္စတာ တီရှားရင်းတော့ဂေး၊ အိန္ဒိယ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ နီပေါဝန်ကြီးချုပ် မစ္စတာ  ဆူရှီးကွိုင်ရာလာ၊ သီရိလင်္ကာသမ္မတ မစ္စတာ မဟိန္ဒာရာဂျပက်ဆာ၊ ထိုင်းဝန်ကြီးချုပ်၏ အမြဲတမ်းအတွင်းဝန် Mr.Sihasak Phuangketkeow

တတိယအကြိမ်မြောက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးကို မတ် ၄ ရက်က နေပြည်တော်ရှိ  MICC ခန်းမ၌ ကျင်းပခဲ့ပြီး တတိယအကြိမ်မြောက် ဘင်းမ်စတက် ကြေညာစာတမ်းကို ထုတ်ပြန်လိုက်သည်။

အဆိုပါကြေညာစာတမ်းထုတ်ပြန်သည့် အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၊ အိန္ဒိယ၀ န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း၊ သီရိလင်္ကာနိုင်ငံမှ သမ္မတ မစ္စတာမဟိန္ဒာရာဂျပက်ဆာ၊ နီပေါနိုင်ငံမှ ၀န်ကြီးချုပ် မစ္စတာဆူရှီးကွိုင်ရာလာ၊ ဘူတန်နိုင်ငံမှဝန်ကြီးချုပ် တီရှားရင်းတော့ဂေး၊ ထိုင်းနိုင်ငံမှ အမြဲတမ်း အတွင်းဝန် Mr.SihasakPhuangketkeow နှင့် မြန်မာနိုင်ငံမှ သမ္မတဦးသိန်းစိန်တို့ တက်ရောက်ခဲ့ပြီး စာတမ်းအား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အဆိုပါကြေညာစာတမ်းအရ ၁၉၉၇ ခုနှစ် Bangkok Declaration တွင် ချမှတ်ခဲ့သည့် ရည်ရွယ်ချက်များအား အကောင်အထည်ဖော်ရန် ထပ်လောင်း အတည်ပြုလိုက်ခြင်း၊ ၂၀၀၄ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ထိုင်းနိုင်ငံဘန်ကောက်၌ ကျင်းပခဲ့သော ပထမဦးဆုံး အကြိမ် ဘင်းမ်စတက် ထိပ်သီးဆွေးနွေးပွဲ ထုတ်ပြန်ချက်များနှင့် ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီ၌ ထုတ်ပြန်ခဲ့သော ဘင်းမ်စတက် ထိပ်သီးဆွေးနွေးပွဲများ၏ အာဂျင်ဒါများအား ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးနှင့် ပထ၀ီအနေ အထားအရ တစ်နိုင်ငံနှင့် တစ်နိုင်ငံ နီးစပ်သည့်နိုင်ငံများအချင်းချင်း၊ ယဉ်ကျေးမှုအရ ကူးလူးဖလှယ်ရေး တို့အား အသိအမှတ်ပြုရန်၊ ဘင်းမ်စတက်နိုင်ငံများ၏ လူသားအရင်းအမြစ်နှင့် သဘာဝအရင်းအမြစ်များအား အသုံးပြု၍ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ တိုးတက်မြင့်မားအောင် ဆောင်ရွက်ရန်၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းအပြင် ဒေသတွင်းနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအား အသိအမှတ်ပြုရန်၊ ရာသီဥတုကြောင့် လူတို့၏ ဘ၀နှင့်အသက်မွေးဝမ်းကျောင်းမှုအပေါ် သက်ရောက်လာနိုင်သော ခြိမ်းခြောက် မှုများကို အရေးယူဆောင်ရွက်ရန်၊ ဘင်းမ်စတက်နိုင်ငံများအတွင်း ဆင်းရဲမွဲတေမှုလျှော့ချရေးအား ဆောင်ရွက်နိုင်ရန်၊ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ကျရောက်လာနိုင်သော အကြမ်းဖက်မှုများနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆောင်ရွက်ရန်၊ ဘင်းမ်စတက်နိုင်ငံများအတွင်း ဖွံ့ဖြိုးမှုနောက်ကျသည့်နိုင်ငံများအား အကူအညီအထောက်အပံ့များ ပေးနိုင်ရေးအား အသိအမှတ်ပြုရန်၊ ဘင်းမ်စတက်နိုင်ငံများအချင်းချင်း စီးပွားရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်မှုများ အချိန်တိုတိုနှင့် တိုးတက်လာရေးအတွက် နိုင်ငံအချင်းချင်း သဟဇာတ မျှတစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်တို့ ပါရှိကြောင်း သိရသည်။

"ဘင်းမ်စတက်နိုင်ငံတွေအတွင်းမှာ လမ်းပန်းဆက်သွယ်မှုနဲ့ အချိန်တိုတိုနဲ့ ကုန်ကျစရိတ် သက်သက် သာသာနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ရေးအတွက် ဘင်းမ်စတက် သယ်ယူပို့ဆောင်မှု အခြေခံအဆောက် အအုံနဲ့ ၀န်ဆောင်မှုဆိုင်ရာ လေ့လာချက်တစ်ရပ်ကို ပထမအဆင့်အနေနဲ့ ပြုလုပ်နိုင်ခဲ့ပြီး လက်တွေ့ အကောင်အထည်ဖော်နိုင်မယ့် စီမံချက်ကိုတော့ ဒုတိယအဆင့်အနေနဲ့ ဖော်ထုတ်လျက်ရှိပါတယ်။ ဒီလေ့လာချက်ကို အာရှဖွံ့ဖြိုးရေးဘဏ်က အကူအညီပေးဆောင်ရွက်နေပါတယ်"ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တတိယအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲ အခမ်းအနား တွင် ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment