Wednesday, March 5, 2014

မုံရွာမြို့နယ်တွင် ဆိုင်ကယ်စီးလာသူ လူတစ်ဦး ဓားဖြင့် ၂၁ ချက်ခုတ်ခံရသဖြင့် သေဆုံး (ထိတ်လန့် တက်သူများ နှလုံးရောအခံရှိသူများ သတင်းအပြည့်စုံနှင့် ဓါတ်ပုံ မကြည့်ရန် သတိပေးအပ်ပါသည်။ )


ဖြစ်စဉ်မှာ ယခုလ ၃ ရက်နေ့ည ၁၀ နာရီခွဲအချိန်က ဆားကျင်းကျေးရွာနေ ကိုသန်းစိုး အသက်(၂၈) ဆိုသူ သည် အရက်သေစာသောက်စားပြီးနောက် အရက်ဝိုင်းမှ ဒေါ်အေးစီ၏ နေအိမ်သို့ ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ပြီး ထွန်းလွင် (ခ)နတ်ဆိုး ဆိုသူနှင့်ပတ်သက်၍ ယခင်က ရန်ကြွေးအား ကျေးနပ်မှုမရှိကြောင်း ထိုသူ၏ ဇနီးဖြစ်သူထံပြောဆိုခဲ့ရာ ဇ နီးဖြစ်သူမှ သူမ၏ ခင်ပွန်းဖြစ်သူကို တဆင့်ပြန်လည်ပြောပြရာ ထွန်းလွင်(ခ) နတ်ဆိုး ဆိုသူမှ နေအိမ်ရှိ အရိုးအသွား (၂)ပေ၊ (၄)လက္မရှိ ဓားရှည်တစ်ချောင်းဖြင့် ဆိုင်ကယ်စီးနင်းလာသည့် ကိုသန်းစိုးအား ခုတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ကိုသန်းစိုးမှာ ဒေါ်အေးစီ၏ နေအိမ်ရှေ့လမ်းပေါ်တွင် ဓားဒဏ်ရာများဖြင့် လဲနေသည့်အတွက် မုံရွာပြည်သူ့ ဆေးရုံကြီး အရေးပေါ်လူနာကုသရေးဌာနသို့ပို့ဆောင်၍ ဆေးကုသခဲ့ရာ ယခုလ မနက် ၄ နာရီအချိန်တွင် သေဆုံး သွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ ကိုသန်းစိုးအား မှုခင်းဆေးပညာအရ ဆက်လက်၍ စစ်ဆေးဆောင်ရွက်ရာတွင် ယာဘက် လည်ပင်း၊ ပါးစပ်၊ နုတ်ခမ်း၊ မေးစေ့၊ ပခုံး၊ နဖူး၊ ဂျိုးစောင်း၊ ရင်ဘတ်၊ လက်ချောင်းစသည့်နေရာများတွင် ပြတ်ရှ ဒဏ်ရာ ၂၁ ချက် ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယနေ့မနက် ၁၁ နာရီအချိန်က မှုခင်းဆေးဆရာ ၀န်ကြီး ၏ စစ်ဆေးပေါ်ချက်များအရ သိ ရသည်။

ထို့ကြောင့် အိမ်ရှင်ဖြစ်သူ ဒေါ်အေးစီမှ မုံရွာမြို့မရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းက ၊(ပ) ၆၄/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၂၆ အရ မူလက အမှုရေးဖွင့်ထားခဲ့သော်လည်း ဓားခုတ်ခံရသူမှာ သေဆုံးသွားသည့်အတွက် ပြစ်မှုပုဒ်မ ၃၂၆ မှ ၃၀၂သို့ အမှုအားပြောင်းလဲ ရေးဖွင့်ခဲ့ကြောင်း သိရသည်။

မှတိချက်။ ဤ ဓာတ်ပုံသည် သတင်းစာကျင့်ဝတ်များအရ ဖော်ပြရန် သင့်လျော်မှုမရှိသော်လည်း မှုခင်း ကျဆင်းရေးအတွက် အရေးပါမည်ဟု ယုံကြည်မိရသဖြင့် အကြိမ်ကြိမ်အခါခါ ဆင်ခြင်သုံးသပ်ပြီးမှ ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး ( မဇ္ဈိမ)

No comments:

Post a Comment