Monday, March 17, 2014

သာကေတ ဓါးထိုးမှု (၄)ဦးကို မိဘများက ရဲစခန်းသို့ အပ်နှံ

Photo: သာကေတ ဓါးထိုးမှု (၄)ဦးကို မိဘများက ရဲစခန်းသို့ အပ်နှံ
Monday, March 17, 2014

၁၂.၃.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်ခန့်တွင် ကိုကျော်ထင်ဦးနှင့် သူငယ်ချင်း(၅)ဦးတို့သည် သာကေတမြို့နယ် ရန်ပြေထိပ်အနီးရှိ အရက်ဆိုင်တွင် အတူ အရက်သောက်ခဲ့ကြပြီး ပြန်လာခဲ့ကြစဉ် အချင်းချင်း ဖုန်းဆက်ပြီး ဆဲဆိုပြောသည်ကို အနီးရှိလမ်းဘေးတွင်ထိုင်နေကြသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ၎င်းတို့ကိုဆဲသည်ဟု ထင်ကာ နှစ်ဖက်စကားများခဲ့ကြကြောင်း၊ ထိုစဉ် အနီးရှိအမျိုးသား(၂)ဦး ရောက်ရှိလာပြီး ၎င်းတို့ကို ၀ိုင်းဝန်းထိုးကြိတ်ကာ ဓါးဖြင့်ထိုးခဲ့ကြသဖြင့် သူငယ်ချင်း ဖြစ်သူ ဝေယံစိုးမှာ ရင်ဘတ်၌ ထိုးသွင်းဒဏ်ရာရရှိကာ  သေဆုံးခဲ့ရသည့်အပြင် ချစ်စမ်းမောင်နှင့် ၀င်းထက်အောင်တို့တွင်လည်း ဓါးဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ထိုသို့ပြစ်မှုကျူးလွန်သူများကို စုံစမ်း အရေးယူပေးပါရန် ကိုကျော်ထင်ဦးမှ တိုင်တန်းခဲ့သဖြင့် သာကေတမြို့မရဲစခန်း(ပ)၁၁၃/၂၀၁၄၊ ပုဒ်မ ၃၀၂/ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ကာ ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး အတွက် စုံစမ်းဆောင်ရွက် လျက်ရှိသည့်အပြင် ၁၄.၃.၂၀၁၄ ရက်နေ့တွင် YangonPolice လူမှုကွန်ယက် facebook စာမျက်နှာမှ ပြစ်မှုကျူးလွန်သူများနှင့် ပတ်သက်ပြီး ပြည်သူများမှတွေ့ရှိပါက ရဲတပ်ဖွဲ့သို့အမြန်ဆုံး သတင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံ ခဲ့ပါသည်။

ယင်းသို့မေတ္တာရပ်ခံခဲ့မှုအပေါ် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူများထဲမှ သာကေတမြို့နယ်၊ ၃/ရန်ပြေရပ်ကွက်နေသူများဖြစ်ကြသည့် ရဲနိုင်၊ (၂၉)နှစ်၊ (ဘ)ဦးသန်းနိုင်၊ လင်းထက်အောင်၊ (၂၀)နှစ်၊(ဘ) ဦးမောင်မောင်လွင်၊ ကိုထက်(ခ)သန့်ဇော်ထက်၊ (၁၉)နှစ်၊ (ဘ)ဦးသန်းနိုင်၊ သဲမောင်မောင်(ခ)မမ(ခ)ဟိန်းလတ်အောင်၊ (၂၁)နှစ်၊ (ဘ)ဦးအောင်မြင့်တို့(၄)ဦးကို ၁၆.၃.၂၀၁၄ရက်နေ့ ၁၅၁၀အချိန်တွင် ၎င်းတို့၏မိဘအုပ်ထိန်းသူများက သာကေတမြို့မရဲစခန်းသို့ တာဝန်သိစွာ ဆက်သွယ်လာရောက် အပ်နှံပေးခဲ့ကြသဖြင့် ဥပဒေနှင့် အညီ စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိပြီး ကျန်ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ယခုကဲ့သို့ပြစ်မှု ကျူးလွန်သူများ၏ သတင်းများ အပေါ်ြ ပည်သူများနှင့် ပူးပေါင်း ဆောင်ရွက်ဖော်ထုတ်နိုင်ခဲ့မှုသည် ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် အကောင်အထည် ဖော်ဆောင်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက်နေမှုကို မိဘပြည်သူများအနေဖြင့် ယုံကြည်ကိုးစားမှု ရှိလာခြင်းဖြစ်သောကြောင့် ဥပဒေကိုလေးစားလိုက်နာရမည်ဆိုသည့် အသိတရားနှင့်ယှဉ်၍ ယခုကဲ့သို့ ပြစ်မှုကျူးလွန်သူများ၏ မိဘအုပ်ထိန်း သူများကိုယ်တိုင် သာကေတမြို့မရဲစခန်းသို့ မိမိတို့၏သားများကို လာရောက်အပ်နှံပေးခဲ့ခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့တို့မှလည်း အထူးကျေးဇူးတင်ရှိ ပါကြောင်းနှင့် မှတ်တမ်းတင်ထားရှိပါကြောင်းဖော်ပြအပ်ပါသည်။

နောင်တွင်လည်း မိဘပြည်သူများမှ ရဲတပ်ဖွဲ့အပေါ်ယုံကြည်မှုဖြင့် လက်တွဲကာ ဥပဒေဘောင်အတွင်းမှ ၀ိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက် ပေးကြစေလိုပါကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် တိုက်တွန်းအပ်ပါသည်။

Yangon Police

သာကေတမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားကာ ဓါးဖြင့်ထိုးခဲ့၍ (၁)ဦးသေ၊ (၂)ဦးဒဏ်ရာ ရခဲ့သည့်အမှုမှ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင် နေသူများအနက် (၄)ဦးကို မိဘအုပ်ထိန်းသူများက ရဲစခန်းသို့ လာရောက်အပ်နှံ
သာကေတမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားကာ ဓါးဖြင့်ထိုးခဲ့၍ (၁)ဦးသေ၊ (၂)ဦးဒဏ်ရာ ရခဲ့သည့်အမှုမှ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင် နေသူများအနက် (၄)ဦးကို မိဘအုပ်ထိန်းသူများက ရဲစခန်းသို့ လာရောက်အပ်နှံ

၁၂.၃.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်ခန့်တွင် ကိုကျော်ထင်ဦးနှင့် သူငယ်ချင်း(၅)ဦးတို့သည် သာကေတမြို့နယ် ရန်ပြေထိပ်အနီးရှိ အရက်ဆိုင်တွင် အတူ အရက်သောက်ခဲ့ကြပြီး ပြန်လာခဲ့ကြစဉ် အချင်းချင်း ဖုန်းဆက်ပြီး ဆဲဆိုပြောသည်ကို အနီးရှိလမ်းဘေးတွင်ထိုင်နေကြသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ၎င်းတို့ကို ဆဲသည်ဟု ထင်ကာ နှစ်ဖက်စကားများခဲ့ကြကြောင်း၊ ထိုစဉ် အနီးရှိအမျိုးသား(၂)ဦး ရောက်ရှိ လာပြီး ၎င်းတို့ကို ၀ိုင်းဝန်းထိုးကြိတ်ကာ ဓါးဖြင့်ထိုးခဲ့ကြသဖြင့် သူငယ်ချင်း ဖြစ်သူ ဝေယံစိုးမှာ ရင်ဘတ်၌ ထိုးသွင်းဒဏ်ရာရရှိကာ  သေဆုံးခဲ့ရသည့်အပြင် ချစ်စမ်းမောင်နှင့် ၀င်းထက်အောင်တို့တွင်လည်း ဓါးဒဏ်ရာ များ ရရှိခဲ့ကြောင်းနှင့် ထိုသို့ပြစ်မှုကျူးလွန်သူများကို စုံစမ်းအရေးယူပေးပါရန် ကိုကျော်ထင်ဦးမှ တိုင်တန်းခဲ့ သဖြင့် သာကေတမြို့မရဲစခန်း(ပ)၁၁၃/၂၀၁၄၊ ပုဒ်မ ၃၀၂/ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ကာ ဖော်ထုတ် ဖမ်း ဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး အတွက် စုံစမ်းဆောင်ရွက် လျက်ရှိသည့်အပြင် ၁၄.၃.၂၀၁၄ ရက်နေ့တွင် YangonPolice လူမှုကွန်ယက် facebook စာမျက်နှာမှ ပြစ်မှုကျူးလွန်သူများနှင့် ပတ်သက်ပြီး ပြည်သူများမှတွေ့ရှိပါက ရဲတပ်ဖွဲ့သို့အမြန်ဆုံး သတင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံ ခဲ့ပါသည်။

ယင်းသို့မေတ္တာရပ်ခံခဲ့မှုအပေါ် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူများထဲမှ သာကေတမြို့နယ်၊ ၃/ရန်ပြေရပ် ကွက်နေ သူများဖြစ်ကြသည့် ရဲနိုင်၊ (၂၉)နှစ်၊ (ဘ)ဦးသန်းနိုင်၊ လင်းထက်အောင်၊ (၂၀)နှစ်၊(ဘ) ဦးမောင်မောင်လွင်၊ ကိုထက်(ခ)သန့်ဇော်ထက်၊ (၁၉)နှစ်၊ (ဘ)ဦးသန်းနိုင်၊ သဲမောင်မောင်(ခ) မမ(ခ) ဟိန်းလတ်အောင်၊ (၂၁)နှစ်၊ (ဘ)ဦးအောင်မြင့်တို့(၄)ဦးကို ၁၆.၃.၂၀၁၄ရက်နေ့ ၁၅၁၀အချိန်တွင် ၎င်းတို့၏မိဘအုပ်ထိန်းသူများက သာကေတမြို့မရဲစခန်းသို့ တာဝန်သိစွာ ဆက်သွယ်လာရောက် အပ်နှံပေးခဲ့ကြသဖြင့် ဥပဒေနှင့် အညီ စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိပြီး ကျန်ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ယခုကဲ့သို့ပြစ်မှု ကျူးလွန်သူများ၏ သတင်းများ အပေါ်ြ ပည်သူများနှင့် ပူးပေါင်း ဆောင်ရွက်ဖော်ထုတ်နိုင်ခဲ့ မှုသည် ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် အကောင်အထည် ဖော်ဆောင်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက်နေမှုကို မိဘပြည်သူများအနေဖြင့် ယုံကြည်ကိုးစားမှု ရှိလာခြင်းဖြစ်သောကြောင့် ဥပဒေကိုလေး စား လိုက်နာရမည်ဆိုသည့် အသိတရားနှင့်ယှဉ်၍ ယခုကဲ့သို့ ပြစ်မှုကျူးလွန်သူများ၏ မိဘအုပ်ထိန်း သူများကိုယ်တိုင် သာကေတမြို့မရဲစခန်းသို့ မိမိတို့၏သားများကို လာရောက်အပ်နှံပေးခဲ့ခြင်းဖြစ်သည့် အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့တို့မှလည်း အထူးကျေးဇူးတင်ရှိ ပါကြောင်းနှင့် မှတ်တမ်းတင်ထားရှိပါကြောင်းဖော်ပြအပ်ပါသည်။

နောင်တွင်လည်း မိဘပြည်သူများမှ ရဲတပ်ဖွဲ့အပေါ်ယုံကြည်မှုဖြင့် လက်တွဲကာ ဥပဒေဘောင်အတွင်းမှ ၀ိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက် ပေးကြစေလိုပါကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် တိုက် တွန်း အပ်ပါသည်။

Yangon Police

No comments:

Post a Comment