Saturday, March 1, 2014

ဝ နဲ့ မိုင်းလားမှာ သန်းခေါင်စာရင်း စောစီးစွာကောက်ခံမည်

မြန်မာနိုင်ငံရဲ့ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံမှုကို တပြည်လုံးအတိုင်းအတာနဲ့  မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့ ထိဆောင်ရွက်မှာဖြစ်ပေမယ့် UWSA ဝ ပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ ထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ ၂ ၊ မိုင်းလားတပ်ဖွဲ ထိန်းချုပ်ရာ အထူးဒေသ ၄ နဲ့  ကချင်ပြည်နယ် ပူတာအိုခရိုင်မှာ အခုမတ်လဆန်းကစပြီး ကောက်ခံမယ်လို့  ဗဟိုသန်းခေါင်စာရင်းကော်မတီက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။


ဒီလိုရက်စောပြီး ကောက်ခံတာဟာ ဒေသခံတိုင်းရင်းသားတွေ၊ ဒေသခံအာဏာပိုင်တွေရဲ့ တောင်းဆိုချက် အရဖြစ်သလို၊ ရာသီဥတု၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဘာသာစကား အခြေအနေတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသတစ်ခုချင်းအပေါ်မူတည်ပြီး လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေပုဒ်မ ၃ နဲ့  အညီဆောင်ရွက်မယ်လို့ လဲထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

RFA

No comments:

Post a Comment