Saturday, March 1, 2014

ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သည့် Samsung Tech Institude Mobile Application Training

Photo: ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သည့် Samsung Tech Institude Mobile Application Training
Saturday, March 1, 2014

Samsung ရုံးခွဲမြန်မာ၊ Samsung ရုံးခွဲထိုင်းနဲ့ UCSY တို့ပူးပေါင်းပြီး Mobile Application တွေရေးသားဖို့ သင်ကြားပေးတဲ့ Samsung
Tech Institude Mobile Application Training သင်တန်းရဲ့ ဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၇)ရက်နေ့က ရန်ကုန် ကွန်ပျူတာတက္ကသိုလ် (UCSY) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီသင်တန်းကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ 22ရက်နေ့ကနေက စတင်ဖွင့်လှစ်သင်ကြားခဲ့တာဖြစ်ပြီး သင်တန်းဖွင့်ပွဲကိုတော့ ဖေဖော်ဝါရီ 27ရက်နေ့မှ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
 
စာတွေ့သင်ကြားတဲ့ကာလအနေနဲ့ ဇန်န၀ါရီ ၂၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ 21ရက်နေ့အထိ လေးပတ်ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။ စာတွေ့သင်ကြားပြီးချိန်မှာ  လက်တွေ့Project ကာလအနေနဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကနေ မတ် ၂၁ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။ ဒီသင်တန်းမှာ Android Operating System ပေါ်မှာ အသုံးပြုနိုင်မယ့် application တွေကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့တာပဲ ဖြစ်ပါတယ်။ 
 
ဒီသင်တန်းမှာတော့ ရွေးချယ်ထားတဲ့ သင်တန်းသား 18ယောက်ကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။ သင်ကြားပေးတဲ့ ဆရာတွေကတော့ ထိုင်းနိုင်ငံက ၀ါရင့်ဆရာတွေက လာရောက်သင်ကြားပေးနေတာ ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးချိန်မှာလည်း သင်တန်းသားတွေရဲ့ တင်ပြပေးမယ့် project တွေကို ရွေးချယ်ဆုပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
 
ဒါ့အပြင် ဒီSamsumg Tech Institude Mobile App Trainingမှာ တက်ရောက်နေကြတဲ့ သင်တန်းသား 18ယောက်လုံးကလည်း Group project အဖြစ် Shwedagon Audio Guide လို့ခေါ်တဲ့ Application ကိုရေးသားခဲ့ပါတယ်။ ဒီ application ကတော့ ရွှေတိဂုံဘုရားရဲ့ အံ့ဖွယ်နေရာတွေနဲ့ အထင်ကရနေရာတွေကို ရုပ်ရော၊ အသံပါ ကြည့်ရှု့နိုင်မှာ ဖြစ်ပြီး နိုင်ငံခြားသားတွေရော ပြည်သူတွေပါ အလွယ်တကူသိရှိ အသုံးပြုနိုင်ဖို့ ရည်ရွယ်ရေးသားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒီသင်တန်းကတော့ မြန်မာနိုင်ငံရဲ့ ITနည်းပညာကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် နည်းပညာနယ်ပယ်မှာ အရည်အချင်းပြည့်မှီတဲ့ မျိုးဆက်သစ် IT ပညာရှင်တွေကိုမွေးထုတ်ပေးတဲ့ သင်တန်းတစ်ခုပဲ ဖြစ်ပါတယ်။

MRTV-4
Samsung ရုံးခွဲမြန်မာ၊ Samsung ရုံးခွဲထိုင်းနဲ့ UCSY တို့ပူးပေါင်းပြီး Mobile Application တွေရေးသားဖို့ သင်ကြားပေးတဲ့ Samsung Tech Institude Mobile Application Training သင်တန်းရဲ့ ဖွင့်ပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၇)ရက်နေ့က ရန်ကုန် ကွန်ပျူတာတက္ကသိုလ် (UCSY) မှာ ကျင်းပပြု လုပ် ခဲ့ပါတယ်။ ဒီသင်တန်းကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ 22ရက်နေ့ကနေက စတင်ဖွင့်လှစ်သင်ကြားခဲ့တာဖြစ်ပြီး သင်တန်းဖွင့်ပွဲကိုတော့ ဖေဖော်ဝါရီ 27ရက်နေ့မှ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။


စာတွေ့သင်ကြားတဲ့ကာလအနေနဲ့ ဇန်န၀ါရီ ၂၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ 21ရက်နေ့အထိ လေး ပတ်ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။ စာတွေ့သင်ကြားပြီးချိန်မှာ  လက်တွေ့Project ကာလအနေနဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကနေ မတ် ၂၁ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။ ဒီသင်တန်းမှာ Android Operating System ပေါ်မှာ အသုံးပြုနိုင်မယ့် application တွေကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့တာပဲ ဖြစ်ပါတယ်။ 

ဒီသင်တန်းမှာတော့ ရွေးချယ်ထားတဲ့ သင်တန်းသား 18ယောက်ကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။ သင်ကြားပေးတဲ့ ဆရာတွေကတော့ ထိုင်းနိုင်ငံက ၀ါရင့်ဆရာတွေက လာရောက်သင်ကြားပေးနေတာ ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးချိန်မှာလည်း သင်တန်းသားတွေရဲ့ တင်ပြပေးမယ့် project တွေကို ရွေးချယ်ဆုပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဒီSamsumg Tech Institude Mobile App Trainingမှာ တက်ရောက်နေကြတဲ့ သင်တန်းသား 18ယောက်လုံးကလည်း Group project အဖြစ် Shwedagon Audio Guide လို့ခေါ်တဲ့ Application ကိုရေးသားခဲ့ပါတယ်။ ဒီ application ကတော့ ရွှေတိဂုံဘုရားရဲ့ အံ့ဖွယ်နေရာတွေနဲ့ အထင်ကရနေရာတွေကို ရုပ်ရော၊ အသံပါ ကြည့်ရှု့နိုင်မှာ ဖြစ်ပြီး နိုင်ငံခြားသားတွေရော ပြည်သူတွေပါ အလွယ်တကူသိရှိ အသုံးပြုနိုင်ဖို့ ရည်ရွယ်ရေးသားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီသင်တန်းကတော့ မြန်မာနိုင်ငံရဲ့ ITနည်းပညာကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် နည်းပညာနယ်ပယ် မှာ အရည်အချင်းပြည့်မှီတဲ့ မျိုးဆက်သစ် IT ပညာရှင်တွေကိုမွေးထုတ်ပေးတဲ့ သင်တန်းတစ်ခုပဲ ဖြစ်ပါတယ်။

MRTV-4

No comments:

Post a Comment