Friday, March 21, 2014

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံနှင့် အဖွဲ့အစည်း ၁၉ ခုသို့ ဒေါ်လာ သန်းပေါင်း ၉၅၀၀ ကျော်ပေးရန် ကြွေးကျန်ရှိ

Photo: မြန်မာနိုင်ငံအနေဖြင့် နိုင်ငံနှင့် အဖွဲ့အစည်း ၁၉ ခုသို့ ဒေါ်လာ သန်းပေါင်း ၉၅၀၀ ကျော်ပေးရန် ကြွေးကျန်ရှိ
Friday, March 21, 2014 

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် အထိ နိုင်ငံ ၁၆ နိုင်ငံနှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်း သုံးခုထံသို့ ပေးရန် အကြွေး အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၅၉၃ ဒသမ ၈၉၄ ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။

မတ် ၂၀ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကယားပြည်နယ် မယ်စဲ့ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခိုင်ဝင်း၏ မေးမြန်းချက်ကို ဒုဝန်ကြီး ဒေါက်တာလင်းအောင်က ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပေးဆပ်ရန် ကျန်ရှိနေသည့် ငွေပမာဏမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ (IMF) ၏ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်က ငွေလဲလှယ်နှုန်း တွက်ချက်ထားခြင်း ဖြစ်ကြောင်း ဒေါက်တာလင်းအောင်၏ ပြောကြားချက်အရ သိရသည်။ ချေးငွေ လက်ကျန်ပမာဏသည်  အချိန်နှင့်အမျှ ဖြစ်ပေါ်နေသည့် ငွေလဲလှယ်နှုန်း ပြောင်းလဲမှုကြောင့် လည်းကောင်း၊ စာရင်းပိတ်သည့်နေ့ရှိ ပြည်ပချေးငွေ ထုတ်ယူသုံးစွဲခြင်း၊ အရင်း၊ အတိုးပြန်လည်ပေးဆပ်ခြင်းတို့ကြောင့် လည်းကောင်း ကိန်းဂဏန်းများသည်  ပြောင်းလဲမှုရှိနိုင်ကြောင်းလည်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

အဆိုပါ ပြည်ပသို့ ပြန်လည်ဆပ်ရန် ငွေများတွင် တရုတ်နိုင်ငံသို့  အမေရိကန်ဒေါ်လာ သန်း လေးထောင်ကျော်ဖြင့် အများဆုံးဖြစ်ပြီး ဂျပန်နိုင်ငံသို့ ပေးရန်ငွေမှာ အမေရိကန် ဒေါ်လာ သန်း ၁၉၀၀ ကျော်ဖြင့် ဒုတိယအများဆုံး ဖြစ်ကြောင်း သိရသည်။

“ယခုတင်ပြသည့် နိုင်ငံ ၁၆ နိုင်ငံနဲ့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်း သုံးခုထံမှ ချေးငွေများ ချေးယူပြီးတော့မှ ပေးဆပ်ရန် ကျန်တဲ့  ချေးငွေများဟာ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေအရ ဆိုင်းငံ့ကာလ၊ ပြန်ဆပ်ကာလများမှာ အတိုးအရင်းတွေ ပြန်ဆပ်နေဆဲ ဖြစ်ပါတယ်။ ခြွင်းချက်အနေနဲ့ ပဲရစ်ကလပ်နဲ့ ဆောင်ရွက်ခဲ့တဲ့ ချေးငွေများမှာ ကနေဒါ ချေးငွေတစ်ခုတည်း ကြွေးမြီပယ်ဖျက်ရေးကာလ ပြန်လည်သတ်မှတ်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၄ ခုနှစ် နှစ်ဦးပိုင်းမှာ စတင် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်”ဟု ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။

“ဘယ်နှစ် ခုနှစ်ကတည်းက အကြွေးတွေဆိုတာ ဒုဝန်ကြီးက ပြောမသွားဘူး။  အရင် အစိုးရလက်ထက် ကတည်းက။ အစိုးရအဆက်ဆက်ကတည်းက။ န၀တ လက်ထက် ကတည်းကလား။ ဘယ်နှစ်ခုနှစ်လောက် ကတည်းက စသလဲဆိုတာတော့ မသိဘူးပေါ့နော်။ ၈၈ နောက်ပိုင်း ဖြစ်ဖို့များမယ်။ အတိကျတော့ မပြောနိုင်ဘူး”ဟု ဦးကျော်ခိုင်ဝင်းက ဆိုသည်။  

Eleven Media Group
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် အထိ နိုင်ငံ ၁၆ နိုင်ငံနှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်း သုံးခုထံသို့ ပေးရန် အကြွေး အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၅၉၃ ဒသမ ၈၉၄ ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။

မတ် ၂၀ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကယားပြည်နယ် မယ်စဲ့ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခိုင်ဝင်း၏ မေးမြန်းချက်ကို ဒုဝန်ကြီး ဒေါက်တာ လင်းအောင်က ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပေးဆပ်ရန် ကျန်ရှိနေသည့် ငွေပမာဏမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ (IMF) ၏ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်က ငွေလဲလှယ်နှုန်း တွက်ချက်ထားခြင်း ဖြစ်ကြောင်း ဒေါက်တာလင်းအောင်၏ ပြောကြားချက်အရ သိရသည်။ ချေးငွေ လက်ကျန် ပမာဏ သည်  အချိန်နှင့်အမျှ ဖြစ်ပေါ်နေသည့် ငွေလဲလှယ်နှုန်း ပြောင်းလဲမှုကြောင့် လည်းကောင်း၊ စာရင်းပိတ်သည့်နေ့ရှိ ပြည်ပချေးငွေ ထုတ်ယူသုံးစွဲခြင်း၊ အရင်း၊ အတိုးပြန်လည်ပေးဆပ်ခြင်းတို့ကြောင့် လည်းကောင်း ကိန်းဂဏန်းများသည်  ပြောင်းလဲမှု ရှိနိုင်ကြောင်းလည်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

အဆိုပါ ပြည်ပသို့ ပြန်လည်ဆပ်ရန် ငွေများတွင် တရုတ်နိုင်ငံသို့  အမေရိကန်ဒေါ်လာ သန်း လေးထောင်ကျော်ဖြင့် အများဆုံးဖြစ်ပြီး ဂျပန်နိုင်ငံသို့ ပေးရန်ငွေမှာ အမေရိကန် ဒေါ်လာ သန်း ၁၉၀၀ ကျော်ဖြင့် ဒုတိယအများဆုံး ဖြစ်ကြောင်း သိရသည်။

“ယခုတင်ပြသည့် နိုင်ငံ ၁၆ နိုင်ငံနဲ့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်း သုံးခုထံမှ ချေးငွေများ ချေးယူပြီးတော့မှ ပေးဆပ်ရန် ကျန်တဲ့  ချေးငွေများဟာ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေအရ ဆိုင်းငံ့ ကာလ၊ ပြန်ဆပ်ကာလများမှာ အတိုးအရင်းတွေ ပြန်ဆပ်နေဆဲ ဖြစ်ပါတယ်။ ခြွင်းချက်အနေနဲ့ ပဲရစ်ကလပ်နဲ့ ဆောင်ရွက်ခဲ့တဲ့ ချေးငွေများမှာ ကနေဒါ ချေးငွေတစ်ခုတည်း ကြွေးမြီပယ် ဖျက်ရေး ကာလ ပြန်လည်သတ်မှတ်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၄ ခုနှစ် နှစ်ဦးပိုင်း မှာ စတင် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်”ဟု ဒုတိယ၀န်ကြီး ဒေါက်တာ လင်းအောင်က ပြောကြားသည်။

“ဘယ်နှစ် ခုနှစ်ကတည်းက အကြွေးတွေဆိုတာ ဒုဝန်ကြီးက ပြောမသွားဘူး။  အရင် အစိုးရ လက်ထက် ကတည်းက။ အစိုးရအဆက်ဆက်ကတည်းက။ န၀တ လက်ထက် ကတည်း ကလား။ ဘယ်နှစ်ခုနှစ်လောက် ကတည်းက စသလဲဆိုတာတော့ မသိဘူးပေါ့နော်။ ၈၈ နောက်ပိုင်း ဖြစ်ဖို့များမယ်။ အတိကျတော့ မပြောနိုင်ဘူး”ဟု ဦးကျော်ခိုင်ဝင်းက ဆိုသည်။  

Eleven Media Group

No comments:

Post a Comment