ခရီးသည်တင်ယာဉ် မတော်တဆမှုများတွင် ဟိုင်းလပ်ယာဉ် မတော်တဆ ဖြစ်ပွားမှု ၁၃ ရာ ခိုင်နှုန်းပါဝင်ကြောင်း မထသ(ဗဟို)က ထုတ်ပြန်ထားသော တရားဝင် စာရင်းများအရ သိရ သည်။
ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ ခရီးသည်တင်ယာဉ် မတော်တဆမှု ၆၃ မှု၊ သေဆုံးသူ ၂၀ ဦး၊ ဒဏ်ရာရရှိသူ ၂၁၄ ဦးဖြစ်ရာ ဟိုင်းလပ်ကြောင့် ဖြစ်ပွားမှုသည် မတော်တဆမှု ရှစ်မှု၊ သေဆုံးသူ လေးဦး၊ ဒဏ်ရာရရှိသူ ၈၅ ဦး ဖြစ်သောကြောင့် ရာခိုင်နှုန်းဖြင့် တွက်ချက်ပါက မတော်တဆ ဖြစ်ပွားမှု ၁၃ ရာခိုင်နှုန်း၊ သေဆုံးမှု ၂၀ ရာခိုင်နှုန်း၊ ဒဏ်ရာရသူ ၄၀ ရာခိုင်နှုန်းတို့မှာ ဟိုင်းလပ်ယာဉ် များကြောင့် ဖြစ်ကြောင်း မထသ (ဗဟို) တွဲဖက်အတွင်းရေးမှူး ဦးမောင်မြို့က ပြောကြားသည်။
အဆိုပါ ဟိုင်းလပ် ယာဉ်များတွင် မောင်းနှင်သော ယာဉ်မောင်း အများစုမှာ အသက်ငယ်ရွယ် သည့် လူငယ်များ ဖြစ်ပြီး ယာဉ်ကို အရှိန်ပြင်းစွာ မောင်းနှင်ကြောင်း၊ ကားအမိုးနှင့် ဘေး အတွယ် စီးနင်းကြသဖြင့် ယာဉ်အရှိန်ပြင်းစွာ မောင်းနှင်ပါက အန္တရာယ် အလွန်များကြောင်း တာမွေမှ သန်လျင်သို့ ပြေးဆွဲနေသည့် ဟိုင်းလပ် ယာဉ်ငယ်များ စီးနင်းလျက်ရှိသည့် ခရီးသည် များက ပြောဆိုသည်။
ကားအမိုး၊ ဘေးတွယ်နှင့် နောက်တွယ် စီးနင်းသည့် ယာဉ်များကို စိစစ်၍ ဖမ်းဆီးလျက်ရှိရာ အစီးရေ တစ်ထောင်ကျော်ခန့် ဖမ်းဆီးရမိကြောင်း၊ ယာဉ်မတော်တဆ ဖြစ်ပွားမှုများတွင် ယာဉ်မကြံ့ခိုင်မှုကြောင့် ဖြစ်ပွားသော မတော်တဆမှုများလည်း ပါဝင်ရာ အဆိုပါ ယာဉ်မကြံ့ခိုင် သည့် ယာဉ်များမှာ ဟိုင်းလပ်ယာဉ်များ ဖြစ်ကြောင်း မထသ (ဗဟို) မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် ရန်ကုန်တော်မြို့ အတွင်းတွင် ဟိုင်းလပ်ယာဉ် ၈၅၀ စီး ပြေးဆွဲလျက်ရှိပြီး ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး မြို့တွင်း ခြောက်မြို့နယ်သို့ ဒိုင်နာယာဉ်နှင့် ဟိုင်းလပ်ယာဉ်များ ဝင်ရောက် ပြေးဆွဲခွင့် ရပ်နားခဲ့ပြီး ယခုလည်း ဟိုင်းလပ်နှင့် ဒိုင်နာယာဉ်များ စည်ပင်သာယာ နယ်နိမိတ်အတွင်း မတ်လကုန်အထိသာ ပြေးဆွဲခွင့်ပြုမည် ဖြစ်ကြောင်း မထသ(မြို့တွင်း) ၏ တရားဝင် စာရင်းများအရ သိရသည်။
The Voice Weekly
No comments:
Post a Comment