Saturday, April 19, 2014

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တော်၌ အမှုပေါင်း ၆၀၀ ခန့်ဖြစ်ပွား၊ လူ ၄၀ ကျော် သေဆုံး

ရန်ကုန်၊ ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် သင်္ကြန်ရေသဘင် ပွဲတော်ကာလ ဖြစ်သည့်  ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) မှ ဧပြီလ ၁၆ ရက် (သင်္ကြန်အတက်နေ့) အထိ အမှုပေါင်း ၆၀၀ ခန့် ဖြစ်ပွားပြီး လူ ၄၃ ဦး သေဆုံးကာ ၂၅၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ကာလအတွင်း လူသတ်မှု ကိုးမှု၊ မုဒိမ်းမှု သုံးမှု၊ ယာဉ်တိုက်မှု ၆၀ ကျော်၊ ခိုက်ရန်ဖြစ်ပွားမှု  ၅၈ မှု၊ ဝတ္တရားနှောင့်ယှက်မှု တစ်မှု၊ သေမှုသေခင်း ၂၇ မှု၊ ကာယိနြေ္ဒဖျက်ဆီးမှု ၁၁ မှု၊ မူးယစ်ရမ်းကားမှု  ၉၇ မှုနှင့် ခိုးမှု အပါအဝင် အခြားအမှုပေါင်း ၃၁၁ မှု စုစုပေါင်း ၅၇၈ မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် သင်္ကြန်ပွဲတော် ကာလအတွင်း ဖြစ်ပွားခဲ့သည့် ယင်းအမှုများအနက် ယာဉ်မတော်တဆမှုမှာ ၆၂ မှု ဖြစ်ပွားခဲ့ပြီး လူ ၁၅ ဦး သေဆုံးကာ လူပေါင်း ၁၈၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းထုတ်ပြန်ရေး တာဝန်ခံ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

အဆိုပါ ယာဉ်မတော်တဆမှု ၆၂ မှုအနက် သင်္ကြန်ကာလအတွင်း ရေပက်ကစားရာမှ ဖြစ်ပွားသည့် ယာဉ်မတော်တဆ ၁၀ မှု ပါဝင်ကြောင်း၊ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၁၅ ဦးအနက် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး နှစ်ဦး ပါဝင်ပြီး အမျိုးသား ၁၁၁ ဦး၊ အမျိုးသမီး ၆၇ ဦး စုစုပေါင်း ၁၇၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံး၏ စာရင်းများအရ သိရှိရသည်။ 

၂၀၁၄ခုနှစ် သင်္ကြန်ကာလတွင် ဖြစ်ပွားသော အမှုများမှာ ယခင် ၂၀၁၃ ခုနှစ် သင်္ကြန်ထက် အမှုပေါင်း ၁၇၀ ကျော် ပိုမိုဖြစ်ပွားခဲ့ကြောင်း၊ ယင်းအမှုများတွင် ယခင်နှစ်ထက် ခိုက်ရန်ဖြစ်ပွားမှု ၁၆ ခုသာ လျော့နည်းခဲ့ပြီး လူသတ်မှု ခြောက်ခု၊ မုဒိမ်းမှု သုံးခု၊ မူးယစ်ရမ်းကားမှု ၆၆ ခု၊ သေမှုသေခင်း ကိုးခုနှင့် အခြားသော အမှုပေါင်း ၇၆ ခု၊ ကာယိနြေ္ဒဖျက်ဆီးမှု ခြောက်မှုအထိ မြင့်တက်ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံး၏ စာရင်းဇယားများအရ သိရသည်။

သင်္ကြန်ကာလတွင် ခိုက်ရန်ဖြစ်ပွားမှု၊ မူးယစ်သောက်စား ရမ်းကားမှုနှင့် ခါးပိုက်နှိုက်မှု လျော့ကျရန် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပြီး ခါးပိုက်နှိုက်ဖွယ် ရှိသူများကို  စာရင်းပြုစုခြင်း၊ စောင့်ကြည့်ခြင်းများကို လုပ်ဆောင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက မတ်လကုန်ပိုင်းတွင် ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် သင်္ကြန်ကာလတွင် လူသတ်မှု သုံးမှု၊ မုဒိမ်းမှု တစ်မှု၊ ယာဉ်တိုက်မှု ၃၉ မှု၊ ခိုက်ရန်ဖြစ်ပွားမှု ၇၄ မှု၊ သေမှုသေခင်း ၁၈ မှု၊ ကာယိနြေ္ဒ ဖျက်ဆီးမှု ငါးမှု၊ မူးယစ်ရမ်းကားမှု ၃၁ မှု၊ စည်းကမ်းပျက်မှု တစ်မှုနှင့် ခိုးမှု အပါအဝင် အခြားအမှုပေါင်း ၂၃၅ မှု စုစုပေါင်း အမှုပေါင်း ၄၀၇ မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ 

အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်တွင် နှစ်သစ်ကူးပွဲတော် ဖြစ်သော သင်္ကြန်ကာလ လေးရက်အတွင်း လူသတ်မှုကြောင့် သုံးဦးနှင့် ယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် ၁၁ ဦး သေဆုံးခဲ့ကြောင်း လုံခြုံရေးနှင့် ထောက်လှမ်းရေး ဌာနခွဲ (နေပြည်တော်) မှ ဒုရဲမှူး အောင်ဝင်းက ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်များသည် သင်္ကြန်ပွဲတော် သတ်မှတ်ရာ မဏ္ဍပ်ဧရိယာ ပြင်ပရှိ မြို့နယ်၊ ရပ်ကွက်များတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ လူသတ်မှုများမှာ ရေကစားချိန် ပြီးစီး၍ အိမ်ပြန်ချိန်တို့တွင် ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိ မြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် သင်္ကြန်ရေသဘင် ပွဲတော်ကာလ ဖြစ်သည့် ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) မှ ဧပြီလ ၁၆ ရက် (သင်္ကြန်အတက်နေ့) အထိ အမှုပေါင်း ၆၀၀ ခန့် ဖြစ်ပွားပြီး လူ ၄၃ ဦး သေဆုံးကာ ၂၅၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ကာလအတွင်း လူသတ်မှု ကိုးမှု၊ မုဒိမ်းမှု သုံးမှု၊ ယာဉ်တိုက်မှု ၆၀ ကျော်၊ ခိုက်ရန်ဖြစ်ပွားမှု ၅၈ မှု၊ ဝတ္တရားနှောင့်ယှက်မှု တစ်မှု၊ သေမှုသေခင်း ၂၇ မှု၊ ကာယိနြေ္ဒဖျက်ဆီးမှု ၁၁ မှု၊ မူးယစ်ရမ်းကားမှု ၉၇ မှုနှင့်
ခိုးမှု အပါအဝင် အခြားအမှုပေါင်း ၃၁၁ မှု စုစုပေါင်း ၅၇၈ မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် သင်္ကြန်ပွဲတော် ကာလအတွင်း ဖြစ်ပွားခဲ့သည့် ယင်းအမှုများအနက် ယာဉ်မတော်တဆမှုမှာ ၆၂ မှု ဖြစ်ပွားခဲ့ပြီး လူ ၁၅ ဦး သေဆုံးကာ လူပေါင်း ၁၈၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းထုတ်ပြန်ရေး တာဝန်ခံ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။
အဆိုပါ ယာဉ်မတော်တဆမှု ၆၂ မှုအနက် သင်္ကြန်ကာလအတွင်း ရေပက်ကစားရာမှ ဖြစ်ပွားသည့် ယာဉ်မတော်တဆ ၁၀ မှု ပါဝင်ကြောင်း၊ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၁၅ ဦးအနက် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး နှစ်ဦး ပါဝင်ပြီး အမျိုးသား ၁၁၁ ဦး၊ အမျိုးသမီး ၆၇ ဦး စုစုပေါင်း ၁၇၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံး၏ စာရင်းများအရ သိရှိရသည်။
၂၀၁၄ခုနှစ် သင်္ကြန်ကာလတွင် ဖြစ်ပွားသော အမှုများမှာ ယခင် ၂၀၁၃ ခုနှစ် သင်္ကြန်ထက် အမှုပေါင်း ၁၇၀ ကျော် ပိုမိုဖြစ်ပွားခဲ့ကြောင်း၊ ယင်းအမှုများတွင် ယခင်နှစ်ထက် ခိုက်ရန်ဖြစ်ပွားမှု ၁၆ ခုသာ လျော့နည်းခဲ့ပြီး လူသတ်မှု ခြောက်ခု၊ မုဒိမ်းမှု သုံးခု၊ မူးယစ်ရမ်းကားမှု ၆၆ ခု၊ သေမှုသေခင်း ကိုးခုနှင့် အခြားသော အမှုပေါင်း ၇၆ ခု၊ ကာယိနြေ္ဒဖျက်ဆီးမှု ခြောက်မှုအထိ မြင့်တက်ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံး၏ စာရင်းဇယားများအရ သိရသည်။
သင်္ကြန်ကာလတွင် ခိုက်ရန်ဖြစ်ပွားမှု၊ မူးယစ်သောက်စား ရမ်းကားမှုနှင့် ခါးပိုက်နှိုက်မှု လျော့ကျရန် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပြီး ခါးပိုက်နှိုက်ဖွယ် ရှိသူများကို စာရင်းပြုစုခြင်း၊ စောင့်ကြည့်ခြင်းများကို လုပ်ဆောင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက မတ်လကုန်ပိုင်းတွင် ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ် သင်္ကြန်ကာလတွင် လူသတ်မှု သုံးမှု၊ မုဒိမ်းမှု တစ်မှု၊ ယာဉ်တိုက်မှု ၃၉ မှု၊ ခိုက်ရန်ဖြစ်ပွားမှု ၇၄ မှု၊ သေမှုသေခင်း ၁၈ မှု၊ ကာယိနြေ္ဒ ဖျက်ဆီးမှု ငါးမှု၊ မူးယစ်ရမ်းကားမှု ၃၁ မှု၊ စည်းကမ်းပျက်မှု တစ်မှုနှင့် ခိုးမှု အပါအဝင် အခြားအမှုပေါင်း ၂၃၅ မှု စုစုပေါင်း အမှုပေါင်း ၄၀၇ မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်တွင် နှစ်သစ်ကူးပွဲတော် ဖြစ်သော သင်္ကြန်ကာလ လေးရက်အတွင်း လူသတ်မှုကြောင့် သုံးဦးနှင့် ယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် ၁၁ ဦး သေဆုံးခဲ့ကြောင်း လုံခြုံရေးနှင့် ထောက်လှမ်းရေး ဌာနခွဲ (နေပြည်တော်) မှ ဒုရဲမှူး အောင်ဝင်းက ပြောကြားသည်။
ယာဉ်တိုက်မှု ဖြစ်စဉ်များသည် သင်္ကြန်ပွဲတော် သတ်မှတ်ရာ မဏ္ဍပ်ဧရိယာ ပြင်ပရှိ မြို့နယ်၊ ရပ်ကွက်များတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ လူသတ်မှုများမှာ ရေကစားချိန် ပြီးစီး၍ အိမ်ပြန်ချိန်တို့တွင် ပျဉ်းမနားမြို့နယ်၊ ဇေယျာသီရိ မြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

The Voice

No comments:

Post a Comment