Wednesday, April 30, 2014

ချန်ပီယံဆုဖလား ငှားရန် ပရီးမီးယားလိဂ်အဖွဲ့ချုပ် ပြင်ဆင်နေ

Photo: ချန်ပီယံဆုဖလား ငှားရန် ပရီးမီးယားလိဂ်အဖွဲ့ချုပ် ပြင်ဆင်နေ
Wednesday, April 30, 2014

ရာသီပိတ်ပွဲစဉ်များတွင် အသင်း(၃)သင်းအတွက် ချန်ပီယံဆုပေးပွဲ အခမ်းအနား ပြင်ဆင်ပေးရန် လိုအပ်နေခြင်းကြောင့် ပရီးမီးယားလိဂ် အဖွဲ့ချုပ်က ပရီးမီးယားလိဂ် ဖလား(၁)လုံးငှားရန် စီစဉ်နေသည်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် လီဗာပူး၊ ချဲလ်ဆီး၊ မန်စီးတီး(၁ပွဲလျော့ကစားထား)တို့ကြား (၃)မှတ်သာ ကွာဟချက် ရှိနေပြီး မေလ (၁၁)ရက်တွင် ကစားမည့် နောက်ဆုံး ပွဲစဉ်မှသာ ချန်ပီယံအသင်း ထွက်ပေါ်လာနိုင်ခြင်းကြောင့် ထိုအသင်း(၃)သင်း ကစားမည့် ရာသီပိတ် ပွဲစဉ်များတွင် ချန်ပီယံဆုပေးပွဲ အခမ်းအနား ပြုလုပ်ပေးရန် လိုအပ်နေပြီး ပရီးမီးယားလိဂ် အဖွဲ့ချုပ်တွင် လက်ရှိချန်ပီယံ မန်ယူအသင်းထံမှ ဖလား(၁)လုံး၊ ယခုရာသီတွင် ချန်ပီယံအသင်းကို ပေးအပ်မည့် ဖလား(၁)လုံး စုစုပေါင်း ဖလား(၂)လုံးသာ ရှိနေသည်။

ယင်းအတွက် ပရီးမီးယားလိဂ် အဖွဲ့ချုပ်သည် အာဆင်နယ်၊ ချဲလ်ဆီး၊ မန်စီးတီး၊ ဘလက်ဘန်းတို့ထံမှ ချန်ပီယံဖလားများ ငှားယူရန် ပြင်ဆင်နေသည်ဟု ဒေးလီးမေးလ် သတင်းစာမှ ဖော်ပြသွားသည်။ ထို့အပြင် စပွန်ဆာကုမ္ပဏီ ဘာကလေကို အခမ်းအနားပွဲများအတွက် ပေးအပ်ထားသည့် ပရီးမီးယားလိဂ် ပုံတူဖလားကိုလည်း ငှားရမ်းအသုံးပြုဖွယ်ရှိနေကြောင်း သိရသည်။

ရိုးရာလေး 
 ရာသီပိတ်ပွဲစဉ်များတွင် အသင်း(၃)သင်းအတွက် ချန်ပီယံဆုပေးပွဲ အခမ်းအနား ပြင်ဆင်ပေးရန် လိုအပ်နေခြင်းကြောင့် ပရီးမီးယားလိဂ် အဖွဲ့ချုပ်က ပရီးမီးယားလိဂ် ဖလား(၁)လုံးငှားရန် စီစဉ်နေသည်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် လီဗာပူး၊ ချဲလ်ဆီး၊ မန်စီးတီး(၁ပွဲလျော့ကစားထား)တို့ကြား (၃)မှတ်သာ ကွာဟချက် ရှိနေပြီး မေလ (၁၁)ရက်တွင် ကစားမည့် နောက်ဆုံး ပွဲစဉ်မှသာ ချန်ပီယံအသင်း ထွက်ပေါ်လာနိုင်ခြင်းကြောင့် ထိုအသင်း(၃)သင်း ကစားမည့် ရာသီပိတ် ပွဲစဉ်များတွင် ချန်ပီယံဆုပေးပွဲ အခမ်းအနား ပြုလုပ်ပေးရန် လိုအပ်နေပြီး ပရီးမီးယားလိဂ် အဖွဲ့ချုပ်တွင် လက်ရှိချန်ပီယံ မန်ယူအသင်းထံမှ ဖလား(၁)လုံး၊ ယခုရာသီတွင် ချန်ပီယံအသင်းကို ပေးအပ်မည့် ဖလား(၁)လုံး စုစုပေါင်း ဖလား(၂)လုံးသာ ရှိနေသည်။ ယင်းအတွက် ပရီးမီးယားလိဂ် အဖွဲ့ချုပ်သည် အာဆင်နယ်၊ ချဲလ်ဆီး၊ မန်စီးတီး၊ ဘလက်ဘန်း တို့ထံမှ ချန်ပီယံဖလားများ ငှားယူရန် ပြင်ဆင်နေသည်ဟု ဒေးလီးမေးလ် သတင်းစာမှ ဖော်ပြသွားသည်။ ထို့အပြင် စပွန်ဆာကုမ္ပဏီ ဘာကလေကို အခမ်းအနားပွဲများအတွက် ပေးအပ်ထားသည့် ပရီးမီးယားလိဂ် ပုံတူဖလားကိုလည်း ငှားရမ်းအသုံးပြုဖွယ်ရှိနေကြောင်း သိရသည်။
ရိုးရာလေး

No comments:

Post a Comment