Wednesday, April 30, 2014

ဖုန်မကပ် ရေဆေးရန် မလိုသော ကားကို နစ်ဆန်း ကုမ္ပဏီမှ ပထမဆုံး ထုတ်လုပ်

Photo: ဖုန်မကပ် ရေဆေးရန် မလိုသော ကားကို နစ်ဆန်း ကုမ္ပဏီမှ ပထမဆုံး ထုတ်လုပ်
Wednesday, April 30, 2014

ဂျပန် ကားကုမ္ပဏီကြီးဖြစ်သော နစ်ဆန်းကုမ္ပဏီသည်
ကမ္ဘာပေါ်တွင် ပထမဆုံး ဖုန်မကပ်၊ ရေဆေးရန် မလိုသောကား (Self Cleaning Car) ကို ထုတ်လုပ်လိုက်ကြောင်း သိရသည်။ အဆိုပါကား အမျိုးအစား ယူနိုက်တက်ကင်းဒမ်း (UK) အင်ဂျင်နီယာများက နာနို ကားဆေးမှုတ် နည်းပညာကို တီထွင် စမ်းသပ်လိုက် ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ကားသုတ်ဆေးမှာ ဖုန်နှင့် အညစ်အကြေးများကို ကပ်ငြိခြင်း မရှိစေရန် ဖုန်နှင့် အညစ်အကြေးများကို လက်မခံသည့် သတ္တိမျိုးရှိကြောင်း သိရသည်။ ဤဆေးမပေါ်မီက ဆိုလျှင် ယာဉ်မောင်းသူများသည် ကားကို တစ်မိုင်လောက် မောင်းလိုက်လျှင်ပင် ဖုန်များ၊ အညစ်အကြေးများဖြင့် ကပ်ငြိနေ၍ ရေမြှုပ် (Sponge) သို့မဟုတ် ရေစိုဝတ်ဖြင့် သုတ်ရသည်။ သို့မဟုတ် ကားရေဆေးလုပ်ငန်းသို့ သွား၍ ကားကိုပြောင်အောင် ရေဆေး ခိုင်းရသည်။ ယခု ထိုသို့ လုပ်စရာမလိုတော့ဟု ဆိုသည်။

ယခု အဆိုပါ ဆေးမှုတ်ထားသော ကားကို ဗြိတိန်နိုင်ငံတွင် Sunderland-built Nissan Note အသစ်တွင် စမ်းသပ်နေသည်။ အောက်တိုဘာလတွင် ထွက်မည့် ၂ဝ၁၅ ကားသစ် Model များတွင် တစ်စီးလျှင် စတာလင် ပေါင် ၁၂၁ဝဝ မှ ၁၇၁ဝဝ ဈေးဖြင့် ရောင်းချသွားတော့မည် ဖြစ်သည်။

ယခုလို ရေဆေးရန် မလိုသောကားမျိုး မဝယ်လိုလျှင်လည်း ယခင်ကဲ့သို့ ရိုးရိုးကားမျိုး ဝယ်ယူနိုင်သည်။ အကယ်၍ ယင်းဆေးမျိုး Metalic Paint ကို သုတ်လိုသည် ဆိုလျှင် ဈေးနှုန်း အတည်မပြုရသေးသော်လည်း စတာလင်ပေါင် ၄၅ဝ အမေရိကန်ဒေါ်လာ ၇၅ဝ ခန့် ပေးနိုင်ကြောင်း သိရသည်။

ကားဆေးရသော ကိစ္စမှာလည်း တကူးတကလုပ်ရသော ကိစ္စဖြစ်၍ ကားဆေးခကလည်း ကုန်ကျနေရသည် ဖြစ်ရာ နစ်ဆန်း ကုမ္ပဏီမှ ကားကို ရေဆေးရန်မလိုသော သုတ်ဆေးနည်းပညာသစ် တီထွင်လိုက်ခြင်း ဖြစ်သည်။ ရွှံ့များ၊ ရေများနှင့် ဖုန် အညစ်အကြေးများ မကပ်တော့၍ ယာဉ်မောင်းများ ကားဖုန်သုတ်ရန်နှင့် ရေဆေးရန် အလုပ်မရှုပ်တော့ပေ။

သိပ္ပံပညာရှင်တွေက Super-hydrophobic နှင့် Oleophobic Paint ဆေးများသည် ရေများနှင့် ဆီများကို လက်မခံသဖြင့် Nissan Note ကားသစ် အားလုံးသည် ကမ္ဘာပေါ်တွင် ပထမဆုံး Self-Cleaning Car ၏ အံ့ဖွယ် တီထွင်မှုဟု ဆိုထိုက်ပေသည်။

နစ်ဆန်းမှ ပြောရေးဆိုခွင့် ရသူက ရှင်းပြရာတွင် ကားတွင် သုတ်ထားသော ဆေးနှင့် ပတ်ဝန်းကျင် အကြား အကာအကွယ် အလွှာအဖြစ် လေအလွှာကို ဖန်တီးထားခြင်းဖြစ်၍ ရေများ ကပ်တွယ်မနေနိုင်၊ ကားလမ်း ပေါ်မှလွင့်စင် ပေကျံမှုများကိုလည်း လက်မခံပေ။ ကား၏ နောက်ကြည့်ကင်မရာတို့၏ မှန်ဘီလူးများကိုလည်း မှုန်မှိုင်း မသွားအောင် လုပ်ထားသည်။ အရောင်း မန်နေဂျာချုပ် ဂျရယ်ဒင်းအင်းဟမ်က ပြောပြရာတွင် ကားကို မိသားစုနှင့် မောင်းသွားရာတွင်လည်း အဆင်ပြေအောင် လုပ်ထားကြောင်း သိရသည်။

ကျွန်တော်တို့က ကိုယ့်ဖောက်သည်တွေရဲ့ နေ့စဉ် ကြုံနေရတဲ့ အခက်အခဲတွေ ဘာရှိလဲ၊ ဒါကို ဘယ်လို ဖြေရှင်း ပေးမလဲဆိုပြီး အမြဲ စမ်းသပ် စစ်ဆေးနေတာပါ။ ဒါကြောင့် ယခုလို ဖုန်မကပ်၊ ရေဆေးရန်မလိုတဲ့ ကားကို တီထွင်လိုက်နိုင်တာပါဟု ဆိုသည်။

ဗြိတိန်တွင် နစ်ဆန်းက အလုပ်သမား ၈၅ဝဝ အနက် Sunderland စက်ရုံမှ အလုပ်သမား ၇၃ဝဝ၊ Cranfield Technical Center မှ အလုပ်သမား ၉၅ဝ နှင့် လန်ဒန်မြို့တော် ပက်ဒင်တန်ရှိ Nissan Eurpean Design ဌာနမှ အလုပ်သမား ၅ဝ တို့က ပါဝင် လုပ်ဆောင်လျက် ရှိကြောင်း တင်ပြ လိုက်ရပါသည်။ ။ 

သိပ္ပဟန်
မြ၀တီ 
ဂျပန် ကားကုမ္ပဏီကြီးဖြစ်သော နစ်ဆန်းကုမ္ပဏီသည်ကမ္ဘာပေါ်တွင် ပထမဆုံး ဖုန်မကပ်၊ ရေဆေးရန် မလိုသောကား (Self Cleaning Car) ကို ထုတ်လုပ်လိုက်ကြောင်း သိရသည်။ အဆိုပါကား အမျိုးအစား ယူနိုက်တက်ကင်းဒမ်း (UK) အင်ဂျင်နီယာများက နာနို ကားဆေးမှုတ် နည်းပညာကို တီထွင် စမ်းသပ် လိုက် ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ ကားသုတ်ဆေးမှာ ဖုန်နှင့် အညစ်အကြေးများကို ကပ်ငြိခြင်း မရှိစေရန် ဖုန်နှင့် အညစ်အကြေးများကို လက်မခံသည့် သတ္တိမျိုးရှိကြောင်း သိရသည်။ ဤဆေးမပေါ်မီက ဆိုလျှင် ယာဉ်မောင်းသူများသည် ကားကို တစ်မိုင်လောက် မောင်းလိုက်လျှင်ပင် ဖုန်များ၊ အညစ်အကြေးများဖြင့် ကပ်ငြိနေ၍ ရေမြှုပ် (Sponge) သို့မဟုတ် ရေစိုဝတ်ဖြင့် သုတ်ရသည်။ သို့မဟုတ် ကားရေဆေးလုပ်ငန်းသို့ သွား၍ ကားကိုပြောင်အောင် ရေဆေး ခိုင်းရသည်။ ယခု ထိုသို့ လုပ်စရာမလိုတော့ဟု ဆိုသည်။
ယခု အဆိုပါ ဆေးမှုတ်ထားသော ကားကို ဗြိတိန်နိုင်ငံတွင် Sunderland-built Nissan Note အသစ်တွင် စမ်းသပ်နေသည်။ အောက်တိုဘာလတွင် ထွက်မည့် ၂ဝ၁၅ ကားသစ် Model များတွင် တစ်စီးလျှင် စတာလင် ပေါင် ၁၂၁ဝဝ မှ ၁၇၁ဝဝ ဈေးဖြင့် ရောင်းချသွားတော့မည် ဖြစ်သည်။
ယခုလို ရေဆေးရန် မလိုသောကားမျိုး မဝယ်လိုလျှင်လည်း ယခင်ကဲ့သို့ ရိုးရိုးကားမျိုး ဝယ်ယူနိုင်သည်။ အကယ်၍ ယင်းဆေးမျိုး Metalic Paint ကို သုတ်လိုသည် ဆိုလျှင် ဈေးနှုန်း အတည်မပြုရသေးသော်လည်း စတာလင်ပေါင် ၄၅ဝ အမေရိကန်ဒေါ်လာ ၇၅ဝ ခန့် ပေးနိုင်ကြောင်း သိရသည်။
ကားဆေးရသော ကိစ္စမှာလည်း တကူးတကလုပ်ရသော ကိစ္စဖြစ်၍ ကားဆေးခကလည်း ကုန်ကျနေရသည် ဖြစ်ရာ နစ်ဆန်း ကုမ္ပဏီမှ ကားကို ရေဆေးရန်မလိုသော သုတ်ဆေးနည်းပညာသစ် တီထွင်လိုက်ခြင်း ဖြစ်သည်။ ရွှံ့များ၊ ရေများနှင့် ဖုန် အညစ်အကြေးများ မကပ်တော့၍ ယာဉ်မောင်းများ ကားဖုန်သုတ်ရန်နှင့် ရေဆေးရန် အလုပ်မရှုပ်တော့ပေ။
သိပ္ပံပညာရှင်တွေက Super-hydrophobic နှင့် Oleophobic Paint ဆေးများသည် ရေများနှင့် ဆီများကို လက်မခံသဖြင့် Nissan Note ကားသစ် အားလုံးသည် ကမ္ဘာပေါ်တွင် ပထမဆုံး Self-Cleaning Car ၏ အံ့ဖွယ် တီထွင်မှုဟု ဆိုထိုက်ပေသည်။
နစ်ဆန်းမှ ပြောရေးဆိုခွင့် ရသူက ရှင်းပြရာတွင် ကားတွင် သုတ်ထားသော ဆေးနှင့် ပတ်ဝန်းကျင် အကြား အကာအကွယ် အလွှာအဖြစ် လေအလွှာကို ဖန်တီးထားခြင်းဖြစ်၍ ရေများ ကပ်တွယ်မနေနိုင်၊ ကားလမ်း ပေါ်မှလွင့်စင် ပေကျံမှုများကိုလည်း လက်မခံပေ။ ကား၏ နောက်ကြည့်ကင်မရာတို့၏ မှန်ဘီလူးများကိုလည်း မှုန်မှိုင်း မသွားအောင် လုပ်ထားသည်။ အရောင်း မန်နေဂျာချုပ် ဂျရယ်ဒင်းအင်းဟမ်က ပြောပြရာတွင် ကားကို မိသားစုနှင့် မောင်းသွားရာတွင်လည်း အဆင်ပြေအောင် လုပ်ထားကြောင်း သိရသည်။
ကျွန်တော်တို့က ကိုယ့်ဖောက်သည်တွေရဲ့ နေ့စဉ် ကြုံနေရတဲ့ အခက်အခဲတွေ ဘာရှိလဲ၊ ဒါကို ဘယ်လို ဖြေရှင်း ပေးမလဲဆိုပြီး အမြဲ စမ်းသပ် စစ်ဆေးနေတာပါ။ ဒါကြောင့် ယခုလို ဖုန်မကပ်၊ ရေဆေး ရန်မလိုတဲ့ ကားကို တီထွင်လိုက်နိုင်တာပါဟု ဆိုသည်။
ဗြိတိန်တွင် နစ်ဆန်းက အလုပ်သမား ၈၅ဝဝ အနက် Sunderland စက်ရုံမှ အလုပ်သမား ၇၃ဝဝ၊ Cranfield Technical Center မှ အလုပ်သမား ၉၅ဝ နှင့် လန်ဒန်မြို့တော် ပက်ဒင်တန်ရှိ Nissan Eurpean Design ဌာနမှ အလုပ်သမား ၅ဝ တို့က ပါဝင် လုပ်ဆောင်လျက် ရှိကြောင်း တင်ပြ လိုက်ရပါသည်။ ။

သိပ္ပဟန်
ြ မြ၀တီ

No comments:

Post a Comment