Saturday, April 26, 2014

နာက်ဆုံးပေါ် ကင်ဆာဆေး တစ်မျိုး၏ ကျေးဇူးကြောင့် ၁၂ ပတ်အတွင်း ကင်ဆာကျိတ်များ လုံးလုံး ပျောက်ကင်းသွား


နာက်ဆုံးပေါ် ကင်ဆာဆေး တစ်မျိုး၏ ကျေးဇူးကြောင့် ၁၂ ပတ်အတွင်း ကင်ဆာကျိတ်များ လုံးလုံး ပျောက်ကင်းသွား

အလွန်ပြင်းထန်သည့် ရှားပါးကင်ဆာ တစ်မျိုး ခံစားခဲ့ရသော အသက် ၄၇ နှစ်အရွယ် အီယန်ဘရုစ်သည် နောက်ဆုံးပေါ် ကင်ဆာဆေး တစ်မျိုးဖြင့် ကုသမှု ခံယူ ခဲ့ပြီးနောက် အမေရိကန် ပြင်ပတွင် ကင်ဆာရောဂါ လုံးလုံး ပျောက်ကင်း သွားခဲ့သော ပထမဆုံး လူပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
အောက်ပါ ဓာတ်ပုံများ အရ မစ္စတာဘရုစ်၏ ခန္ဓာကိုယ် အနှံ့၌ Non-Hodgkin’s Lymphoma ခေါ် ကင်ဆာ အကျိတ်များ ပျံ့နှံ့နေပုံကို
တွေ့မြင်နိုင်ပြီး အမေရိကန်ထုတ် Brentuximab Vedotin ဖြင့် သီတင်းပတ် အနည်းငယ်ကြာ ကုသ ခဲ့ပြီးနောက် ဒုတိယ အကြိမ် Scan ရိုက်ကြည့် ခဲ့ရာ၌မူ ထိုအကျိတ် အားလုံး ကင်းစင်သွားပုံကို တွေ့မြင်ရမည် ဖြစ်သည်။

ကင်ဆာ အကျိတ်များ ကင်းစင် သွားပုံ၌ အနက်ရောင် အစက်အပြောက် တချို့မှာ ကျောက်ကပ် နှစ်လုံးနှင့် ဆီးအိမ်သာ ဖြစ်သည်။ အဆိုပါဆေးအား မန်ချက်စတာမြို့ The Christie ဆေးရုံ၌ တခြား ကင်ဆာ ဝေဒနာရှင် များနှင့် စမ်းသပ် ကုသလျက် ရှိပြီး အလွန် အောင်မြင်နေကြောင်း သိရသည်။ အမျိုးသား ကျန်းမာရေး ဝန်ဆောင်မှု ဌာန NHS ရှိ Non-Hodgkin’s Lymphoma ရှားပါးကင်ဆာ ခံစားနေရသူ ၁၅ဝဝ ခန့်ကို အဆိုပါဆေးဖြင့်
နှစ်စဉ် ကုသပေးနေပြီ ဖြစ်သည်။ “ဒီဆေးနဲ့သာ မကုခဲ့ရင် ကျွန်တော့်ကို ဒီနေ့ တွေ့မြင်ရဖို့ မဖြစ်နိုင်ဘူး။ ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ ကင်ဆာ အကျိတ် ၆ဝ-၇ဝ လောက် ပျံ့နေတာ။ ကုသမှု ရလဒ်ကိုကြည့်ပြီး ကျွန်တော့်ရဲ့ အထူးကု ဆရာဝန်တောင် အံ့သြသွားတယ်” ဟု ဘော်လ်တန်မြို့မှ စက်ပြင်ဆရာ မစ္စတာဘရုစ်က ပြောကြားခဲ့သည်။

Search Myanmar
အလွန်ပြင်းထန်သည့် ရှားပါးကင်ဆာ တစ်မျိုး ခံစားခဲ့ရသော အသက် ၄၇ နှစ်အရွယ် အီယန်ဘရုစ်သည် နောက်ဆုံးပေါ် ကင်ဆာဆေး တစ်မျိုးဖြင့် ကုသမှု ခံယူ ခဲ့ပြီးနောက် အမေရိကန် ပြင်ပ တွင် ကင်ဆာရောဂါ လုံးလုံး ပျောက်ကင်း သွားခဲ့သော ပထမဆုံး လူပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
အောက်ပါ ဓာတ်ပုံများ အရ မစ္စတာဘရုစ်၏ ခန္ဓာကိုယ် အနှံ့၌ Non-Hodgkin’s Lymphoma ခေါ် ကင်ဆာ အကျိတ်များ ပျံ့နှံ့နေပုံကို
တွေ့မြင်နိုင်ပြီး အမေရိကန်ထုတ် Brentuximab Vedotin ဖြင့် သီတင်းပတ် အနည်းငယ်ကြာ ကုသ
ခဲ့ပြီးနောက် ဒုတိယ အကြိမ် Scan ရိုက်ကြည့် ခဲ့ရာ၌မူ ထိုအကျိတ် အားလုံး ကင်းစင်သွား ပုံကို တွေ့မြင် ရမည် ဖြစ်သည်။
ကင်ဆာ အကျိတ်များ ကင်းစင် သွားပုံ၌ အနက်ရောင် အစက်အပြောက် တချို့မှာ ကျောက်ကပ် နှစ်လုံးနှင့် ဆီးအိမ်သာ ဖြစ်သည်။ အဆိုပါဆေးအား မန်ချက်စတာမြို့ The Christie ဆေးရုံ၌ တခြား ကင်ဆာ ဝေဒနာရှင် များနှင့် စမ်းသပ် ကုသလျက် ရှိပြီး အလွန် အောင်မြင်နေကြောင်း သိရသည်။ အမျိုးသား ကျန်းမာရေး ဝန်ဆောင်မှု ဌာန NHS ရှိ Non-Hodgkin’s Lymphoma ရှားပါးကင်ဆာ ခံစားနေ ရသူ ၁၅ဝဝ ခန့်ကို အဆိုပါဆေးဖြင့်
နှစ်စဉ် ကုသပေးနေပြီ ဖြစ်သည်။ “ဒီဆေးနဲ့သာ မကုခဲ့ရင် ကျွန်တော့်ကို ဒီနေ့ တွေ့မြင်ရဖို့ မဖြစ်နိုင်ဘူး။ ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ ကင်ဆာ အကျိတ် ၆ဝ-၇ဝ လောက် ပျံ့နေတာ။ ကုသမှု ရလဒ်ကိုကြည့်ပြီး ကျွန်တော့်ရဲ့ အထူးကု ဆရာဝန်တောင် အံ့သြသွားတယ်” ဟု ဘော်လ်တန်မြို့မှ စက်ပြင်ဆရာ မစ္စတာဘရုစ်က ပြောကြားခဲ့သည်။
Search Myanmar

No comments:

Post a Comment