Saturday, April 26, 2014

အပူချိန်မြင့်မားလာမှုကြောင့် မြစ်သာမြစ်ရေတစ်နှစ်ထက်တစ်နှစ်ခန်းခြောက်လာ


ချင်းပြည်နယ် မတူပီမြို့နယ်မှ စတင်မြစ်ဖျားခံ စီးဆင်း လာသော မြစ်သာမြစ် သည် အပူချိန်မြင့်မား လာမှုကြောင့် တစ်နှစ် ထက်တစ်နှစ် ခန်းခြောက် လာမှုနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
“မြစ်သာမြစ်ဆိုတာ ချင်းတွင်းမြစ်ရဲ့ အဓိကမြစ်လက်တက်ကြီးတစ်ခုပါ။ ချင်းတွင်းမြစ်ထဲကို ကလေးဝ မြို့ ရွှေမုဋ္ဌောစေတီ အနီးမှာ ပေါင်းဆုံသွား တာပါ။ မြစ်ရေကတော့ တစ်နှစ်ထက် တစ်နှစ်ဆိုသလို နည်းနည်း လာပါ တယ်။
တောတွေက လည်းပြုန်း၊ ရေဝေရေလဲတွေကလည်း ပျက်စီးလာတာေ ကြာင့် မြစ်တွေချောင်းတွေ ခန်း ခြောက်လာပါတယ်”ဟု ကလေး ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။

“မြစ်သာမြစ်က ချင်းပြည်နယ် မတူပီမြို့နယ်မှ စတင်မြစ်ဖျားခံ စီးဆင်းလာတယ်လို့ သိရပါတယ်။ ဂန့်ဂေါ ခရိုင် ထီးလင်း မြို့နယ်ထဲကိုတော့ သံပုရာကျေးရွာအနီးမှာ စတင်ဝင်ရောက်ပါတယ်။ နောက်ပြီးတော့ ဂန့်ဂေါမြို့နယ် ထဲကိုတော့ အနောက်တောလေးရွာထဲမှာ စတင်စီးဆင်း ဝင်ရောက်ပါတယ်။ မြစ်ရေကတော့ ယခင်နှစ်များထက် နည်းနည်း လာတာကို တွေ့ရတယ်။ ကြိုးတံတားအနီး အထက် ဘက် အောက်ဘက်တွေဆိုရင် အရင်တုန်းက ဟိုဘက်ကမ်း ဒီဘက်ကမ်းကို ကူးမယ် ဆိုရင် လက်ပစ်ကူးရ ပါတယ်။
ရေအနက် ဆိုရင်တော့ တချို့နေရာတွေဆို ခုနစ်ပေ၊ ရှစ်ပေနက်ပါတယ်။ အခုတော့ရေက တချို့နေရာတွေဆို ဒူးခေါင်း သာသာပဲရှိတော့တယ်” ဟု ဂန့်ဂေါမြို့မှ ဒေသခံတစ်ဦးကပြောသည်။
“ဂန့် ဂေါမြို့က အရင်တုန်းက သိပ်မပူဘူးဗျ။ ရာသီမရွေးနေလို့ကောင်း တဲ့မြို့လေးပါ။ ယခုတော့ တော်တော် ကိုပူလာပြီ။ ဧပြီ ၂၀ ရက်ကဆို ဂန့်ဂေါမြို့ရဲ့ အပူချိန်က ၄၄ ဒီဂရီ စင်တီဂရိတ် ထိတောင်ရှိပါ တယ်။ ချောက်မြို့ရဲ့ အပူချိန်က ၄၃ ပဲရှိတယ်။
ဒါကိုကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့အပူဆုံး မြို့တွေဖြစ် တဲ့ ချောက်မြို့ထက် ကျော်လွန်နေ တာကို တွေ့ ရတယ်။ ဒီလောက် ပူလို့လည်း မြစ်သာမြစ်က ဒီလောက်ထိ ခန်းနေတာပါ” ဟု ဂန့် ဂေါမြို့ ဒေသခံ တစ်ဦးက ပြောကြားသည်။

No comments:

Post a Comment