Wednesday, April 30, 2014

တရုတ်လူမျိုးစု တစ်ခုတွင် သတို့သမီးလောင်း မိသားစုက တစ်လတိတိ ငို

တရုတ်ပြည် အလယ်ပိုင်းမှာ နေထိုင်တဲ့ Tujia လူမျိုးစု မှာ ထူးခြားတဲ့ ဓလေ့ တစ်ခု ရှိပါတယ်။ ယင်း ကတော့ သတို့ သမီးလောင်း နဲ့ သူမ မိသားစုက တစ်လ တိတိ ငိုကြွေးခြင်း ဖြစ်ပါတယ်။ သူ့မှာ ငိုရတဲ့ နည်းလမ်း အဆင့်ဆင့် ရှိပါတယ်။
Photo: တရုတ်လူမျိုးစု တစ်ခုတွင် သတို့သမီးလောင်း မိသားစုက တစ်လတိတိ ငို

ဧပြီလ ၃၀ ရက် ၂၀၁၄ ခုနှစ်

တရုတ်ပြည် အလယ်ပိုင်းမှာ နေထိုင်တဲ့ Tujia လူမျိုးစု မှာ ထူးခြားတဲ့ ဓလေ့ တစ်ခု ရှိပါတယ်။ ယင်း ကတော့ သတို့ သမီးလောင်း နဲ့ သူမ မိသားစုက တစ်လ တိတိ ငိုကြွေးခြင်း ဖြစ်ပါတယ်။ သူ့မှာ ငိုရတဲ့ နည်းလမ်း အဆင့်ဆင့် ရှိပါတယ်။

သတို့သားလောင်း မိသားစုနဲ့ သတို့သမီးလောင်း မိသားစုတို့ စေ့စပ် သဘောတူကြပြီးပြီ ဆိုရင် မင်္ဂလာဆောင်ကို တစ်လ ကြာမှာ ပြုလုပ် ရပါတယ်။ ယင်း ကြားမှာ ခံနေတဲ့ တစ်လကို ငိုဖို့ အတွက် အချိန်ပေးခြင်း ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ သတို့သမီးလောင်းက စငို ပါတယ်။ တစ်ရက်ကို တစ်နာရီ တိတိ ငိုရမယ့် ဓလေ့ ဖြစ်ပြီး ၁၀ ရက်ကြာတဲ့ အခါ သတို့သမီးလောင်းရဲ့ အမေ ဖြစ်သူက သူ့သမီး နဲ့ အတူ တစ်နေ့ တစ်နာရီ လိုက်ငို ပါတယ်။ နောက်ထပ် ဆယ်ရက် ကြာတဲ့အခါ သားအမိ တင် မကတော့ပဲ အဖွားရှိပါက အဖွား ဖြစ်သူ၊ ညီအမ များနဲ့ အဒေါ် ဖြစ်သူများက တစ်ရက် တစ်နာရီ အတူတူ လိုက်ငို ရပါတယ်။

အဲ့ဒီလို ငိုလို့ တစ်လ ပြည့်ပြီးတဲ့ အချိန်မှာ မင်္ဂလာပွဲ ကျင်းပ ပါတယ်။ မင်္ဂလာပွဲမှာကျတော့ သတို့သမီးက အသံစုံနဲ့ ငိုပြီး မင်္ဂလာပွဲလာ ပရိတ်သတ်တွေကို ဖျော်ဖြေ ရပါ သေးတယ်။ ယင်း အသံစုံ ငိုမှုက သီချင်း သံစဉ် လို့ ဖြစ်အောင် ဖန်တီးရတာ ဖြစ်ပါတယ်။ အကယ်၍ သာယာ နာပျော်ဖွယ် မငိုနိုင်ရင် သတို့သမီး မိသားစု ကော၊ သတို့သား မိသားစုပါ အရှက် ရတာကြောင့် ဒီအတွက်ကိုလည်း ကြိုတင် ပြင်ဆင် လေ့ကျင့် ရပါ သေးတယ်။

ငိုတာက ဝမ်းနည်း ပူဆွေးလို့ မဟုတ် ပါဘူး။ အင်မတန် သာယာ လှပ သွားမယ့် အနာဂတ် အတွင် ကြိုတွေး၊ ကြိုမြင်လို့ အဝမ်းသာ လွန်ပြီးတော့ ငိုကြွေးခြင်း ဖြစ်ပါတယ်။ မင်္ဂလာပွဲ သွားလေ့လာတဲ့ ကမ္ဘာလှည့် ခရီးသည် များအတွက် ကတော့ အထူးအဆန်း တစ်ခု အနေနဲ့ တည်ရှိ နေ ပါ သေးတယ်။ Tujia လူမျိုးစုများဟာ ယနေ့တိုင် ယင်း ဓလေ့ ရိုးရာကို ထိန်းသိမ်း ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref:dyknow
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment