Wednesday, April 30, 2014

တိမ်းမှောက် နစ်မြုပ်နေသော တောင်ကိုရီးယား ဖယ်ရီ သင်္ဘော ၀န်ထမ်းအားလုံး ကို ဖမ်းဆီး ထိန်းသိမ်းထား

Wednesday, April 30, 2014
ပြီးခဲ့သည့် အပတ် ဗုဒ္ဓဟူးနေ့က တိမ်းမှောက် နစ်မြုပ် ခဲ့သော တောင်ကိုရီးယား ဖယ်ရီ သင်္ဘော Sewol တွင် နစ်မြုပ်ချိန် ၌ တာဝန်ကျနေသော ၀န်ထမ်း(၁၅)ဦးလုံးကို ဖမ်းဆီးထိန်းသိမ်း ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ တာဝန်လစ်ဟင်းမှု၊ ခရီးသည်များအား ကယ်ဆယ်ရန် ပျက်ကွက်မှုတို့ဖြင့် တရားစွဲဆို ခံကြ ရမည်ဖြစ်ကြောင်းသိရသည်။ သင်္ဘောကပ္ပတိန် အပါအ၀င် (၁၁) ဦးကို ရှေ့ပိုင်းရက် များကတည်းက ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်ပြီး နောက်ထပ် လေးဦးကို စနေနေ့တွင် ထပ်မံထိန်းသိမ်းခဲ့သည်။ လူ (၄၇၆)ဦးပါသော ဖယ်ရီသင်္ဘောသည် တောင်ကိုရီးယား အနောက် မြောက်ပိုင်း အင်ချွန်းမှ တောင်ပိုင်းခြမ်း ရှိ အပန်းဖြေ ကမ်း ခြေမြို့ ဂျီဂျူးသို့ ဧပြီ (၁၆) ရက်နေ့တွင် ခုတ် မောင်းလာစဉ် တိမ်းမှောက် နစ်မြုပ်ခြင်း ဖြစ်သည်။ လက်ရှိအချိန်ထိ သေဆုံးသူ ရုပ် အလောင်း (၁၈၃) လောင်းကို ရေငုပ်သမား များ ဆယ် ထုတ်ထားနိုင်ပြီ ဖြစ်သည်။

 သေဆုံးသူများထဲတွင် ဆိုးလ်မြို့ တောင်ပိုင်းဒန်ဝန် အထက်တန်း ကျောင်းမှ ကျောင်းသူကျောင်းသား များ နှင့် ဆရာ များဖြစ်သည်။ ကနဦးဖမ်းဆီး ထားသူသော သင်္ဘော တာဝန်ရှိသူ (၁၁) ဦး အပြင် နောက်ထပ် လေးဦး ကို သောကြာနေ့ ညပိုင်းက ထိန်းသိမ်းခဲ့ ကြောင်း သင်္ဘော တိမ်းမှောက်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့မှ အစိုးရရှေ့နေအဖွဲ့က ထုတ်ပြန်ပြော ကြားသည်။ သောကြာနေ့ ရေငုပ် ရှာဖွေမှုတွင် ရေငုပ် သမားများသည် မှောက်ခုံအနေအထားဖြင့် ရေအောက်မြုပ်နေသော သင်္ဘောခန်းတစ် ခန်းထဲတွင် အသက်ကယ် ၀တ်စုံများ ၀တ်ဆင် ထားလျက်သားဖြင့် ပိတ်မိသေဆုံးနေသော ကျောင်းသား (၄၈) ဦးကို တွေ့ရှိခဲ့ရသည်။ ရေအောက်မြုပ်နေသော သင်္ဘော အတွင်း ပိုင်း၌ ကျန်ရှိနေသူများ ကို ရေငုပ်သမားများ ဖြင့် ဆယ်ထုတ်ရန် နောက်ထပ် ရက်မည်မျှ ကြာနိုင်သည်ကို ခန့်မှန်းမ ရနိုင်သေးကြောင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်း များ နှေးကွေးသဖြင့် ပျောက်ဆုံးနေသူများ၏ ဆွေမျိုးသားချင်းများက ပြစ်တင်ဝေဖန်လျက် ရှိသည်။ ဖြစ်နိုင် သမျှ စွမ်းအင်ရင်းမြစ်အကုန် အသုံးချပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တောင် ကိုရီး ယားအစိုးရကလည်း ချေပပြောကြားထား သည်။ သင်္ဘော တိမ်းမှောက်နစ်မြုပ်ချိန်တွင် ရှိ သည့် လေတိုက်နှုန်း၊ ရေလှိုင်း၊ တင်လာ သည့် ကုန်စည် ပမာဏနှင့် နေရာချထားပုံ စသည့် သင်္ဘော တိမ်း မှောက်စေနိုင်သည့် အကြောင်းရင်းမှန် သမျှ စစ်ဆေးလျက်ရှိ သည်။ ၂၀၁၂ နှင့် ၂၀၁၃ ကြား ကာလတွင် သင်္ဘော အိပ်ခန်းများကို အသစ်ပြင်ဆင် တပ် ဆင်ခဲ့ရာ ထိုသို့ တပ်ဆင်ခဲ့ခြင်းကြောင့် သင်္ဘော ဟန်ချက်ညီမှုကို ပျက်ယွင်းစေခြင်း ရှိ မရှိလည်း စုံစမ်း စစ်ဆေးလျက်ရှိသည်။

  BBC

No comments:

Post a Comment