Tuesday, April 1, 2014

ရခိုင်တွင် ဘင်္ဂါလီများ သန်ခေါင်စာရင်း အကောက်မခံဘဲ နှစ်ရက်ဆက်တိုက် ဆန္ဒပြ

Photo: ရခိုင်တွင် ဘင်္ဂါလီများ သန်ခေါင်စာရင်း အကောက်မခံဘဲ နှစ်ရက်ဆက်တိုက် ဆန္ဒပြ
Tuesday, April 1, 2014

သန်ခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မရသဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ သန်ခေါင်စာရင်း အကောက်မခံဘဲ နှစ်ရက်ဆက်တိုက် ဆန္ဒပြနေကြောင်း စာရင်းကောက်များနှင့် ဒေသခံများထံမှ သိရှိရသည်။

ဘူးသီးတောင်မြို့နယ်ရှိ ဘင်္ဂါလီများ နေထိုင်သည့် ကျေးရွာများကို မတ်လ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့တွင် သန်ခေါင်းစာရင်း သွားရောက်ကောက်ယူခဲ့ရာ ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုသဖြင့် ဘင်္ဂါလီများက အကောက်မခံကြသော်လည်း ရိုဟင်ဂျာ ထည့်ခွင့်မရဟု ဆိုကာ အကြမ်းဖက်မှုများ မရှိသေးကြောင်း စာရင်းကောက် ကျောင်းဆရာတစ်ဦးက ပြောကြားသည်။

“ရွာလေးရွာကို သွားကောက်တယ်။ အဲဒီလေးရွာထဲက အုပ်ချုပ်ရေးမှူး တစ်ယာက်ပဲ ဘင်္ဂါလီလို့ သန်ခေါင်းစာရင်း အကောက်ခံတယ်” ဟု အဆိုပါ စာရင်းကောက်က မတ်လ ၃၁ ရက်နေ့ အခြေအနေကို ရှင်းပြသည်။

အလားတူ စစ်တွေ၊ မောင်တော အပါအဝင် မြို့နယ်များတွင် ဘင်္ဂါလီများက ရိုဟင်ဂျာဟု ထည့်သွင်းခွင့်မရ၍ သန်းခေါင်းစာရင်း အကောက်မခံဘဲ ဆန္ဒပြနေကြကြောင်း ဒေသခံများထံမှ သိရသည်။

သန်းခေါင်းစာရင်း ကောက်ယူခံသူ၏ ဆန္ဒအတိုင်း လူမျိုးအမည်ကို ရေးသွင်းရမည်ဟု အစိုးရက တရားဝင် အသိပေးထားသော်လည်း မတ်လ ၃၀ ရက်နေ့တွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုခြင်းမှာ ပြသာနာဖြစ်ပွားအောင် လုပ်ဆောင်ရာ ရောက်ကြောင်း၊ ရိုဟင်ဂျာဟု ထည့်ခွင့်မရ၍ သန်းခေါင်းစာရင်း အကောက်မခံကြောင်း စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် သဲချောင်းကျေးရွာမှ ဦးမောင်မောင်က ဆိုသည်။

သန်းခေါင်းစာရင်း ကောက်ယူရာတွင် မေးခွန်းများ ဖြေဆိုရန် ငြင်းဆိုခြင်း၊ သိလျက်နှင့် မှားယွင်းစွာ ဖြေဆိုခြင်း မပြုလုပ်ရဟု လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ဥပဒေတွင် တားမြစ်ထားပြီး ယင်းတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက တစ်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ယင်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို တာဝန်လွှဲချက်အရဟု ဆိုကာ မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် သန်းခေါင်းစာရင်း ကောက်ယူရာ၌ နိုင်ငံတော်အစိုးရက လက်မခံသည့် ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံကြောင်း တရားဝင် စာထုတ်ပြန်သဖြင့် ရခိုင်တိုင်းရင်းသားများ လဝခန့်ကြာ သပိတ်မှောက်ထားမှုကို ယင်းနေ့တွင် ရပ်ဆိုင်းလိုက်သည်။

ရန်ကုန်မြို့တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် မတ်လ ၃၀ ရက်နေ့က သန်းခေါင်းစာရင်း ကောက်ယူရာတွင် လူမျိုးသင်္ကေတ မှားယွင်း ဖြည့်သွင်းခံရပြီး ထားဝယ် ငါးဦးနှင့် ဗမာတိုင်းရင်းသား တစ်ဦးကို စာရင်းကောက်ယူရာတွင် ခြောက်ဦးလုံးကို ဗမာအဖြစ် ထည့်သွင်းကောက်ယူသွားကြောင်း ထားဝယ်တိုင်းရင်းသူ တစ်ဦးက ပြောကြားသည်။

“ထားဝယ်လို့ ပြောတာကို ၅၀၁ (ဗမာ) ဆိုပြီး မှတ်သွားတယ်။ ထားဝယ် ကုတ်နံပါတ်က ၅၀၂ ဆိုပြီး ထားဝယ်အဖွဲ့တွေ ပြောကြတာ့တွေ့တယ်။ ဘာကြောင့် ၅၀၁ မှာ ထည့်ကောက်တာကိုတော့ မမေးလိုက်ရဘူး” ဟု ၎င်းကဆိုသည်။

သန်းခေါင်းစာရင်း မကောက်ယူမီ နှစ်ရက်ခန့်က ဆယ်အိမ်မှူးနှင့် စာရင်းကောက် ဆရာမများက အိမ်ထောင်စုစားရင်းနှင့် လူဦးရေစာရင်းများကို ကောက်ယူခဲ့သော်လည်း အကြောင်းအရင်းကို မသိရှိရသေးကြောင်း ၂၀၁၄ ခုနှစ် ကရင်မျိုးနွယ်စုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးစောကျော်စွာက ပြောကြားသည်။

“သန်ခေါင်းစာရင်း လာကောက်တာ အားလုံးအဆင်ပြေပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာ မေးလေ့မေးထ မရှိတဲ့ လူမျိုးတို့၊ ကိုင်ဆောင်ထားတဲ့ နိုင်ငံသားကတ် အမျိုးအစားတွေကို မေးတယ်။ ဘာရည်ရွယ်ချက်နဲ့ ကောက်လဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရဘူး” ဟု ၎င်းကဆိုသည်။

နှစ်ပေါင်းသုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူမည် ဖြစ်သည်။

The Voice Weekly
သန်ခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မရသဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ သန်ခေါင်စာရင်း အကောက်မခံဘဲ နှစ်ရက်ဆက်တိုက် ဆန္ဒပြနေကြောင်း စာရင်းကောက်များနှင့် ဒေသခံများထံမှ သိရှိရသည်။

ဘူးသီးတောင်မြို့နယ်ရှိ ဘင်္ဂါလီများ နေထိုင်သည့် ကျေးရွာများကို မတ်လ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့တွင် သန်ခေါင်းစာရင်း သွားရောက်ကောက်ယူခဲ့ရာ ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုသဖြင့် ဘင်္ဂါလီများက အကောက်မခံကြသော်လည်း ရိုဟင်ဂျာ ထည့်ခွင့်မရဟု ဆိုကာ အကြမ်းဖက်မှုများ မရှိသေးကြောင်း စာရင်းကောက် ကျောင်းဆရာတစ်ဦးက ပြောကြားသည်။

“ရွာလေးရွာကို သွားကောက်တယ်။ အဲဒီလေးရွာထဲက အုပ်ချုပ်ရေးမှူး တစ်ယာက်ပဲ ဘင်္ဂါလီလို့ သန်ခေါင်းစာရင်း အကောက်ခံတယ်” ဟု အဆိုပါ စာရင်းကောက်က မတ်လ ၃၁ ရက်နေ့ အခြေအနေကို ရှင်းပြသည်။

အလားတူ စစ်တွေ၊ မောင်တော အပါအဝင် မြို့နယ်များတွင် ဘင်္ဂါလီများက ရိုဟင်ဂျာဟု ထည့်သွင်းခွင့်မရ၍ သန်းခေါင်းစာရင်း အကောက်မခံဘဲ ဆန္ဒပြနေကြကြောင်း ဒေသခံများထံမှ သိရသည်။

သန်းခေါင်းစာရင်း ကောက်ယူခံသူ၏ ဆန္ဒအတိုင်း လူမျိုးအမည်ကို ရေးသွင်းရမည်ဟု အစိုးရက တရားဝင် အသိပေးထားသော်လည်း မတ်လ ၃၀ ရက်နေ့တွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုခြင်းမှာ ပြသာနာဖြစ် ပွားအောင် လုပ်ဆောင်ရာ ရောက်ကြောင်း၊ ရိုဟင်ဂျာဟု ထည့်ခွင့်မရ၍ သန်းခေါင်းစာရင်း အကောက်မခံကြောင်း စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် သဲချောင်းကျေးရွာမှ ဦးမောင်မောင်က ဆိုသည်။

သန်းခေါင်းစာရင်း ကောက်ယူရာတွင် မေးခွန်းများ ဖြေဆိုရန် ငြင်းဆိုခြင်း၊ သိလျက်နှင့် မှားယွင်းစွာ ဖြေ ဆိုခြင်း မပြုလုပ်ရဟု လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ဥပဒေတွင် တားမြစ်ထားပြီး ယင်းတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက တစ်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ယင်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို တာဝန်လွှဲချက်အရဟု ဆိုကာ မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် သန်းခေါင်းစာရင်း ကောက်ယူရာ၌ နိုင်ငံတော်အစိုးရက လက်မခံသည့် ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံကြောင်း တရားဝင် စာထုတ်ပြန်သဖြင့် ရခိုင်တိုင်းရင်းသားများ လဝခန့်ကြာ သပိတ်မှောက်ထားမှုကို ယင်းနေ့တွင် ရပ်ဆိုင်းလိုက်သည်။

ရန်ကုန်မြို့တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် မတ်လ ၃၀ ရက်နေ့က သန်းခေါင်းစာရင်း ကောက်ယူ ရာတွင် လူမျိုးသင်္ကေတ မှားယွင်း ဖြည့်သွင်းခံရပြီး ထားဝယ် ငါးဦးနှင့် ဗမာတိုင်းရင်းသား တစ်ဦးကို စာရင်းကောက်ယူရာတွင် ခြောက်ဦးလုံးကို ဗမာအဖြစ် ထည့်သွင်းကောက်ယူသွားကြောင်း ထားဝယ် တိုင်းရင်းသူ တစ်ဦးက ပြောကြားသည်။

“ထားဝယ်လို့ ပြောတာကို ၅၀၁ (ဗမာ) ဆိုပြီး မှတ်သွားတယ်။ ထားဝယ် ကုတ်နံပါတ်က ၅၀၂ ဆိုပြီး ထားဝယ်အဖွဲ့တွေ ပြောကြတာ့တွေ့တယ်။ ဘာကြောင့် ၅၀၁ မှာ ထည့်ကောက်တာကိုတော့ မမေးလိုက် ရဘူး” ဟု ၎င်းကဆိုသည်။

သန်းခေါင်းစာရင်း မကောက်ယူမီ နှစ်ရက်ခန့်က ဆယ်အိမ်မှူးနှင့် စာရင်းကောက် ဆရာမများက အိမ်ထောင်စုစားရင်းနှင့် လူဦးရေစာရင်းများကို ကောက်ယူခဲ့သော်လည်း အကြောင်းအရင်းကို မသိရှိ ရသေးကြောင်း ၂၀၁၄ ခုနှစ် ကရင်မျိုးနွယ်စုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးစောကျော်စွာက ပြောကြားသည်။

“သန်ခေါင်းစာရင်း လာကောက်တာ အားလုံးအဆင်ပြေပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာ မေးလေ့မေးထ မရှိတဲ့ လူမျိုးတို့၊ ကိုင်ဆောင်ထားတဲ့ နိုင်ငံသားကတ် အမျိုးအစားတွေကို မေးတယ်။ ဘာ ရည်ရွယ်ချက်နဲ့ ကောက်လဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရဘူး” ဟု ၎င်းကဆိုသည်။

နှစ်ပေါင်းသုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူမည် ဖြစ်သည်။

The Voice Weekly

1 comment:

  1. စောကျော်စွာ ဆိုတဲ့ကောင်က စောက်ရူးလား။ လူမျိုးနဲ့ နိုင်ငံသားမပါမှတော့ ကြံဖွတ်နဲ့စပ်ကျတဲ့ ဖာမျိုးဖြစ်သွားမှာပေါ့။ လေလာဦးဟေ့ကောင်ရေ။

    ReplyDelete