မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည် နယ်)၊ မြစ်ကြီးနားခရိုင်၊ ဧရာဝတီမြစ်ဆုံ၊ တီယန်စွပ်ရွှေမှော်တွင် ကချင် လွတ်မြောက်ရေးတပ်မတော်(KIA )၏
တပ်သားသစ်စုဆောင်းရေး ဖမ်းဆီးစုဆောင်းခြင်း ခံရသော ရွှေကျင် လုပ်သားများ KIA
တပ်မဟာ(၁)တွင် စစ်သင်တန်းတက်ရောက်နေရကြောင်း ဖမ်းဆီးစုဆောင်းခြင်း
ခံရသူ များကို ပြန်လွှတ်ပေးရန် သွားရောက်တွေ့ဆုံ တောင်းခံခဲ့တဲ့ မိဘများမှတဆင့် သိရှိရသည်။
၎င်းတီယန် စွပ်ရွှေမှော်မှ ဖမ်းဆီးစုဆောင်းခြင်းခံရသူ အချို့ကို KIA မှ
ပြန်လွှတ်ပေးခဲ့သော်လည်း အများစု ကိုတော့ ပြန်မလွှတ်ပေးသေးကြောင်း၊
မိဘများကိုယ်တိုင်က ငိုယိုတောင်းပန်သော်လည်း မရကြောင်း၊ အချို့မိဘများမှာ
ယင်းသားသမီးများကို မှီခိုအားထားနေရသူများဖြစ်ကြောင်း၊
အချို့မိဘများမှာ မျက်မမြင် ဒုက္ခိတများဖြစ်၍ ပြန်လွှတ်ပေးစေလိုကြောင်း
ပြောသော်လည်း မရခဲ့ကြောင်း သားဖြစ်သူ ကို ပြန်လွှတ်ပေးရန် ကိုယ်တိုင်
သွားရောက်တွေ့ဆုံ တောင်းခံခဲ့တဲ့ ပင်လယ်ဘူးမြို့နယ်မှ မိဘတစ်ဦး က
ပြောဆိုသည်။ အဆိုပါ ဧရာဝတီမြစ်ဆုံ-တီယန်စွပ်ရွှေမှော်မှ
ရွှေကျင်လုပ်သားများကို ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)က
(၉-၃-၂၀၁၄)ရက်နေ့တွင်တပ်သားသစ်အဖြစ် ဖမ်းဆီးစုဆောင်းခြင်း ကို
ပြုလုပ်ခဲ့ပြီး ဦးရေ(၇၀)ခန့် ပါသွားခဲ့ကြောင်းလည်း သိရှိသည်။
ဧရာဝတီမြစ်ဖျားဆီက
ဧရာဝတီမြစ်ဖျားဆီက
No comments:
Post a Comment