Sunday, April 27, 2014

သီလဝါ အထူး စီးပွားရေး ဇုန် မြေကွက် များ မေလ အတွင်း ဈေးနှုန်း ထုတ်ပြန် ကာ ရောင်းချ မည်

Photo: သီလဝါ အထူး စီးပွားရေး ဇုန် မြေကွက် များ မေလ အတွင်း ဈေးနှုန်း ထုတ်ပြန် ကာ ရောင်းချ မည်

သီလဝါ အထူး စီးပွားရေး ဇုန်ရှိ စက်မှုဇုန် မြေကွက် ဈေးနှုန်း များကို လာမည့် မေလ အတွင်း တရားဝင် ထုတ်ပြန် ရောင်းချ ပေးသွား နိုင်ဖွယ် ရှိကြောင်း သီလဝါ သာယာရေး အဖွဲ့မှ တာဝန် ရှိသူ တစ်ဦး က ပြောကြား ခဲ့သည်။ သီလဝါ အထူး စီးပွားရေး ဇုန် ၏ မြေပြုပြင် မှုနှင့် လိုအပ်သော လုပ်ငန်း များကို လုပ်ဆောင် နေရာ ယခုအခါ ရာခိုင်နှုန်း ပြည့် နီးပါး ပြီးစီးနေပြီ ဖြစ်ကြောင်း၊ စက်မှု ဇုန်မြေ ကွက်ဈေး များကို တရားဝင် မသတ်မှတ် ရ သေးသော်လည်း မေလ အတွင်း တရားဝင် ထုတ်ပြန် ကာ မြေကွက် များ စတင် ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထူး စီးပွားရေး ဇုန်သည် မြန်မာ အစိုးရ နှင့် ဂျပန် နိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး ဟောင်ကောင် အထည် ချုပ် လုပ်ငန်း များ၊ ဂျပန် နိုင်ငံမှ မော်တော် ကား ထုတ်လုပ် ရေး လုပ်ငန်း များနှင့် စားသောက် ကုန် လုပ်ငန်း များ၊ ပြင်သစ် နိုင်ငံမှ ကုမ္ပဏီ များ ကလည်း မြန်မာ နိုင်ငံ အစိုးရ သို့ တရားဝင် ကမ်းလှမ်း ထားပြီး တခြားသော နိုင်ငံ များ မှလည်း ရင်းနှီး မြှုပ်နှံရန် အထူး စိတ်ဝင်စား လျက် ရှိကြောင်း သိရ သည်။ ဂျပန် နိုင်ငံ အခြေ စိုက် စီးပွားရေး လုပ်ငန်း များ အများဆုံး ဝင်ရောက် ရင်းနှီး မြှုပ်နှံ လာမည် ဖြစ်ကာ ဂျပန် ၏ ရင်းနှီး မြှုပ်နှံမှု ပမာ ဏ များစွာ တိုးလာဖွယ် ရှိကြောင်း သိရ သည်။

ယင်းသို့ ရောင်းချ မည့် စက်မှုဇုန် မြေကွက် ဈေးများ မှာ နိုင်ငံ တကာမှ ဝင်ရောက် ရင်းနှီး မြှုပ်နှံ လိုသူများ စိတ်ဝင်စား အဆင်ပြေ စေနိုင် မည့် နှုန်းထား များကို သတ်မှတ် သွားဖွယ် ရှိပြီး ဈေးကစား ခြင်းများ မဖြစ်ပေါ် စေရန် ထိန်းချုပ် သွားမည် ဖြစ်ကြောင်း သိရ သည်။ သီလဝါ အထူး စီးပွား ရေး ဇုန် မှာ ဧရိယာ ဟက်တာ ၃၄ဝဝ ရှိသည့် အနက် ဟက်တာ ၄ဝဝ ကို စတင် အကောင် အထည် ဖော်ခြင်း ဖြစ်သည်။

လင်းသစ်

No comments:

Post a Comment