Sunday, April 27, 2014

မြန်မာ့မီဒီယာလောကသမားများ သတိထား

Sunday, April 27, 2014

ဒီမိုကရေစီအစိုးရသက်တမ်း ၃ နှစ်ပြည့်ခဲ့ပြီ မီဒီယာလွတ်လပ်ခွင့်လည်းပေးခဲ့ပြီးဖြစ်သည်။ ၀မ်းနည်း စရာကောင်းသည်မှာ မီဒီယာအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းလုပ်နေသူများသည် ကိုယ်ကျိုးသာ ကြည့်တတ်ပြီး အမှန်ကို အမှန်အတိုင်း မတင်ပြရဲခြင်းကြောင့် ပြည်သူလူထုထင်ယောင်
ထင်မှား ဖြစ်နေ ရပေသည်။  မီဒီယာတွင် ဖော်ပြတဲ့စကားအသုံးအနှုန်းကအစ ကျင့်ဝတ်နှင့်ညီဖို့လိုပါသည်။ ဘာပဲပြောပြော မိမိ နိုင်ငံကို ကိုယ်စားပြုတဲ့ မီဒီယာဖြစ်တာမို့ အဆင့်အတန်းရှိဖို့လိုပါသည်။ ဆိုလိုတာက ကိုယ်ဖော်ပြတဲ့သတင်းက ပထမအဆင့်မှန်ကန်မှုရှိလား၊ မရှိဘူးလား. ဒုတိယအဆင့် အမှန်တရားဘက်က
ရပ်တည်ပြီး မှန်မှန်ကန်ကန် ဘယ်လိုတင်ပြမှာလဲ. တတိယအဆင့်နိုင်ငံနဲ့လူမျိုးကို အကျိုးပြုရဲလား. တိုးတက်အောင်ဆောင်ရွက်ပေးနိုင်လား.
 ဒီလိုတွေကြည့်ရပါမယ်. ဆိုလိုတာကတော့ အစိုးရလုပ်ရပ်တွေကမှားတယ်ဆိုရင် မှားတယ်ဆို တာ ထောက်ပြနိုင်တာမျိုးပေါ့. အဟောင်းတွေ၊ သိပြီးသားတွေ ပုတ်ခတ်ရေးသား တာဟာ မြန်မာရဲ့အကျင့်လို ဖြစ်နေပြီလို့ ကျွန်တော်ထင်ပါသည်။ မီဒီယာလုပ်ငန်းကို လုပ်ကိုင်နေတဲ့သူတွေကို လေ့လာကြည့်တော့ ခေတ် အဆက်ဆက်က အစိုးရကို ပုတ်ခတ်ပြောဆိုခြင်းဖြင့်
  ထောင်ထဲဝင်ခဲ့တဲ့သူတွေ အများကြီးပါရှိနေသည်ကို တွေ့ရသည်။
  ခေတ်စနစ်ကပြောင်းသွားပါပြီ။ သိက္ခာရှိရှိရပ်တည်ဖို့ မီဒီယာလောကကို သတိပေးချင်တယ်. ဒီနိုင်ငံကို ဘယ်လိုအခတ်အခဲတွေကြားထဲက အခုလိုရပ်တည်နိုင်အောင် တည်ဆောက်ခဲ့ရတယ်ဆိုတာ သိစေချင်တယ်. မီဒီယာသည် ပါတီရဲ့လက်ပါးစေဖြစ်နေသည်။
ယခုတွေ့နေရတာတွေကတော့ မီဒီယာသမားတွေဟာ ပါတီရဲ့ လက်ပါးစေဖြစ်နေတယ်။ မြန်မာနိုင်ငံကပါတီတွေဟာ ပါတီသတင်းစာထုတ်စရာမလိုဘဲ ပါတီနှင့် ပတ်သက်တာကို မီဒီယာမှဆောင်ရွက်ပေးနေတာတွေ့ရသည်။

အသုံးအနှုန်းမှားတာတွေလဲတွေ့ရသည်။ ဥပမာ- ပြည်သူ့တပ်မတော်ကို စစ်တပ်၏လုပ်ဆောင်ချက်ဆိုပြီး အပုတ်ချသည်. တပ်မတော်က နိုင်ငံတော်ကို ကယ်တင်ထားတယ်ဆိုတာမေ့နေသည်. သမိုင်းက သက်သေရှိသည်. တပ်မတော်ဟာ တိုင်းပြည်ကို မကယ်တင်ရင် တိုင်းပြည်မီးဟုန်းဟုန်း
တောက်ပြီး အေးချမ်းမှုမရှိဘဲ တိုင်းပြည်ပြိုကွဲသွားနိုင်သည်ကို မေ့နေသည်။ သူပုန်ကို အကောင်းထင်နေသည်။
  နိုင်ငံသားတစ်ဦးအနေဖြင့် မီဒီယာလုပ်ကိုင်သူတို့ကို သတိပေးချင်ပါသည်. သိက္ခာရှိတဲ့ မီဒီယာ ဖြစ်အောင် လုပ်ပြစမ်းပါ. ကျွန်ဖြစ်မဲ့ မီဒီယာမလုပ်ဆောင်ပါနဲ့. အမှန်ကိုဖော်ပြရန် မလုပ်ဆောင်နိုင်သည့် မြန်မာ့
မီဒီယာလို့ အပြောမခံပါနဲ့။
  ပြည်သူ့အကျိုး၊ နိုင်ငံအကျိုး.သယ်ပိုးနိုင်အောင်လုပ်ပါ. ပြည်သူပြည်သားတစ်ယောက်သည် တိုင်းပြည် ကို ကာကွယ်ဆောင်ရွက်ရန် တာဝန်ရှိပါသည်. မီဒီယာသမားများ မီဒီယာဖြင့် မိမိနိုင်ငံကို ကာကွယ် စောင့်ရှောက်ပါ. အမှားကို အမှားအတိုင်း အမှန်ကို အမှန်အတိုင်း ဖြစ်စေရန်မီဒီယာကျင့်ဝတ်
နှင့်အတူ ဆက်လက်ဆောင်ရွက်နိုင်ပါစေ။
မြန်မာမီဒီယာလောကကို အထင်အမြင်သေးနေသည့် ကမ္ဘာ့မီဒီယာကို မီဒီယာဖြင့် ပြန်လည် လုပ်ဆောင်ပြီး မြန်မာ့ဂုဏ်ကို မီဒီယာလောကဖြင့်မြှင့်တင်နိုင်ကြပါစေ…..
 မြန်မာ့မီဒီယာသမားများ သိတိထားရန် အကြံပြုတိုက်တွန်းလိုသည်…..
မြန်မာ့မီဒီယာလောကဖွံ့ဖြိုးတိုးတက်စေရန်……

 မောင်ငြိမ်းချမ်း

No comments:

Post a Comment