Friday, April 4, 2014

၁၅၀၀ တန် ဆင်းမ်ကတ် ငါးသောင်း ထပ်တိုး ဖြန့်ဖြူးမည်

Photo: ၁၅၀၀ တန် ဆင်းမ်ကတ် ငါးသောင်း ထပ်တိုး ဖြန့်ဖြူးမည်
Friday, April 4, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အကန့်အသတ် များစွာဖြင့် တစ်လတစ်ကြိမ် ရောင်းချနေသည့် ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များကို ယခုလမှ စ၍ ငါးသောင်း ထပ်မံတိုး၍ ဖြန့်ဖြူးရောင်းချမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ် ဧပြီလမှစ၍ လစဉ် ဆင်းမ်ကတ် သုံးသိန်းခွဲ ဖြန့်ဖြူးခဲ့ရာမှ တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် WCDMA၊ CDMA၊ နှင့် GSM ဆင်းမ်ကတ် ငါးသောင်း ထပ်တိုးခြင်း ဖြစ်ပြီး တစ်လလျှင် ကျပ် ၂၅၀၀ အနည်းဆုံး အသုံးပြုရမည့် စနစ်ကိုလည်း ဖျက်သိမ်းလိုက်ကြောင်း ၎င်းကဆိုသည်။ 

“ကတ်ရပြီးပြီးချင်း ၁၅ ရက် တွင်း သုံးရပေမယ့် ဒီလကစပြီး ရက် ၃၀ အတွင်း သုံးရတဲ့စနစ် ပြောင်းလိုက်တယ်။ ငွေမဖြတ်တော့ပေမယ့် ကတ်ပိတ်မသွားအောင် သက်တမ်းတိုးဖို့ ပိုက်ဆံတော့ ထည့်ထားရမယ်” ဟု ၎င်းက ပြောဆိုသည်။

ဧပြီလအတွင်း ရောင်းချမည့် ဆင်းမ်ကတ် အမျိုးအစားများမှာ CDMA 800 သုံးသိန်းလေးသောင်း၊ GSM တစ်သောင်း၊ သက်ပြည့်ပင်စင် ဝန်ထမ်းများအတွက် WCDMA ငါးသောင်း ပါဝင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

“တန်ဖိုးနည်းဆိုပေမယ့် CDMA အတွက် ဟန်းဆက်က ဈေးကြီးတော့ အခြေခံလူတန်းစားတွေ အတွက် အဆင်မပြေနိုင်ဘူး။ ပိုက်ဆံရှိတဲ့ သူတွေကလည်း Brand ရှိတဲ့ (နာမည်ရ အမှတ်တံဆိပ်) GSM ဖုန်းတွေကို ကိုင်ချင်မှာ ဖြစ်တဲ့အတွက် GSM (WCDMA) ဖုန်းတွေ ချပေးရင် ပိုကောင်းမယ်” ဟု ပြည်တွင်းဈေးကွက် သုတေသန ကုမ္ပဏီတစ်ခုမှ ဦးတင်ညီညီလတ်က ပြောကြားသည်။

ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များ စတင်ရောင်းချခဲ့သည့် ၂၀၁၃ ခုနှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် မတ်လအထိ CDMA 800 MHz ဆင်းမ်ကတ် နှစ်သန်းကျော်၊ GSM တစ်သန်းခွဲကျော်နှင့် WCDMA ငါးသိန်းခြောက်သောင်းကျော် ရောင်းချခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အကန့်အသတ် များစွာဖြင့် တစ်လတစ်ကြိမ် ရောင်းချနေသည့် ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များကို ယခုလမှ စ၍ ငါးသောင်း ထပ်မံတိုး၍ ဖြန့်ဖြူးရောင်း ချမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၂၀၁၃ ခုနှစ် ဧပြီလမှစ၍ လစဉ် ဆင်းမ်ကတ် သုံးသိန်းခွဲ ဖြန့်ဖြူးခဲ့ရာမှ တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် WCDMA၊ CDMA၊ နှင့် GSM ဆင်းမ်ကတ် ငါးသောင်း ထပ်တိုးခြင်း ဖြစ်ပြီး တစ်လလျှင် ကျပ် ၂၅၀၀ အနည်းဆုံး အသုံးပြုရမည့် စနစ်ကိုလည်း ဖျက်သိမ်းလိုက်ကြောင်း ၎င်းကဆိုသည်။

“ကတ်ရပြီးပြီးချင်း ၁၅ ရက် တွင်း သုံးရပေမယ့် ဒီလကစပြီး ရက် ၃၀ အတွင်း သုံးရတဲ့ စနစ် ပြောင်းလိုက်တယ်။ ငွေမဖြတ်တော့ပေမယ့် ကတ်ပိတ်မသွားအောင် သက်တမ်းတိုးဖို့ ပိုက်ဆံတော့ ထည့်ထားရမယ်” ဟု ၎င်းက ပြောဆိုသည်။

ဧပြီလအတွင်း ရောင်းချမည့် ဆင်းမ်ကတ် အမျိုးအစားများမှာ CDMA 800 သုံးသိန်းလေးသောင်း၊ GSM တစ်သောင်း၊ သက်ပြည့်ပင်စင် ဝန်ထမ်းများအတွက် WCDMA ငါးသောင်း ပါဝင်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

“တန်ဖိုးနည်းဆိုပေမယ့် CDMA အတွက် ဟန်းဆက်က ဈေးကြီးတော့ အခြေခံလူတန်းစားတွေ အတွက် အဆင်မပြေနိုင်ဘူး။ ပိုက်ဆံရှိတဲ့ သူတွေကလည်း Brand ရှိတဲ့ (နာမည်ရ အမှတ်တံဆိပ်) GSM ဖုန်းတွေကို ကိုင်ချင်မှာ ဖြစ်တဲ့အတွက် GSM (WCDMA) ဖုန်းတွေ ချပေးရင် ပိုကောင်းမယ်” ဟု ပြည်တွင်းဈေးကွက် သုတေသန ကုမ္ပဏီတစ်ခုမှ ဦးတင်ညီညီလတ်က ပြောကြားသည်။

ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များ စတင်ရောင်းချခဲ့သည့် ၂၀၁၃ ခုနှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် မတ်လအထိ CDMA 800 MHz ဆင်းမ်ကတ် နှစ်သန်းကျော်၊ GSM တစ်သန်းခွဲကျော်နှင့် WCDMA ငါးသိန်းခြောက်သောင်းကျော် ရောင်းချခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly

No comments:

Post a Comment