Friday, April 4, 2014

သိမ်းဆည်းခံ မြေပြန်ရရေး ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၃ 

ရန်ကုန်မြို့တော် မရမ်းကုန်းမြို့နယ်အတွင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက သိမ်းယူထားသည် ဆိုသော မြေကွက်များ ပြန်ရရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင် ဧပြီလ ၃ ရက်နေ့က လူတစ်ရာခန့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင် ဆန္ဒပြသူများက ပြောကြားသည်။

မြေဧရိယာအကျယ် ငါးဧကကျော်ရှိ မြေကွက်များကို ကျောက်မျက်ရတနာ ကုမ္ပဏီပိုင်ရှင် ဦးအိုက်လင်းက ၂၀၀၆ ခုနှစ်တွင် သိမ်းယူခဲ့မှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ၏ နေအိမ်ရှေ့တွင် လာရောက် အကူအညီ တောင်းခံခြင်း ဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးထင်ကျော်က ပြောဆိုသည်။

“အဓမ္မ သိမ်းပိုက်ထားတဲ့ ကိစ္စပါ။ကျွန်တော်တို့က တရားစွဲတယ်၊ အမှုဖွင့်တယ်၊ ဖွင့်လို့မရဘူး။ ဒါကို သမ္မတဆီရော၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီထံရော တိုင်တယ်၊ ဘာမှ မထူးခြားဘူး” ဟု ဦးထင်ကျော်က ရှင်းပြသည်။

ဆန္ဒထုတ်ဖော်သူ လူစုကို ဒေါ်အောင်ဆန်းစုကြည်က ခြံဝသို့ ထွက်၍ တွေ့ဆုံခဲ့ကြောင်း၊ တောင်းဆိုမှုများအပေါ် ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ရန် ကူညီမည်ဟု ပြောဆိုခဲ့ကြောင်း ဆန္ဒပြ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလူအေးက ပြောဆိုသည်။ 
“အတတ်နိုင်ဆုံးတော့ ကူညီမယ်လို့ ပြောတယ်” ဟု ဦးလူအေးက ဆိုသည်။ 

အဆိုပါ မြေကွက်များမှာ မူလက ဦး AS မိုင်းနပ်ဆိုသူ ပိုင်ဆိုင်ခဲ့ပြီး ၎င်း၏ သားသမီး ၉ ဦးက အမွေခွဲဝေခွင့်အတွက် တရားရုံးမှတစ်ဆင့် လေလံတင် ရောင်းချသဖြင့် ဝယ်ယူပိုင်ဆိုင်ခဲ့ကြောင်း ဦးအိုက်လင်း၏ မန်နေဂျာဖြစ်သူ ဦးနေဝင်းဦးက ပြောကြားသည်။ 

အဆိုပါ မြေကွက်ပေါ်တွင် အိမ်ခြေ ၂၉၃ လုံး ကျူးကျော်နေထိုင်ခြင်း ဖြစ်ပြီး တစ်အိမ်လျှင် ကျပ် ၁၀ သိန်းမှ သိန်း ၁၅၀ အထိ နစ်နာကြေးပေးကာ ရွှေ့ပြောင်းစေခဲ့ကြောင်း၊ သို့သော် ဦးလူအေး အပါအဝင် ငါးဦးက နစ်နာကြေးကို အဆမတန် တောင်းဆိုသဖြင့် ညှိနှိုင်းမရခဲ့ကြောင်း ၎င်းက တုံ့ပြန် ပြောဆိုသည်။ 

“လေလံ ဝယ်ယူတုန်းက တစ်ပေ ပတ်လည်ကို တစ်သောင်း လေးထောင်လောက်ပဲ ရှိတာ။ အခုက လေးသိန်းလောက် ရှိတယ်။ ဒါကြောင့် သူတို့က မြေကွက်ပဲ ပြန်လိုချင်တယ် ဆိုပြီး တောင်းနေတာ။ သူတို့ကို နစ်နာကြေးပေးတဲ့ အချိန်တုန်းကလည်း ပေးပြီးပြီ။ မြေကွက်တွေကလည်း ရောင်းပြီးသွားပြီ။ အိမ်ရာတွေလည်း ဆောက်ပြီးသွားပြီမို့ ပြန်ပေးစရာလည်း မရှိဘူး၊ ညှိနှိုင်းစရာလည်း မလိုတော့ဘူး” ဟု ဦးနေဝင်းဦးက ဆိုသည်။ 

မြေကွက်များ ပြန်လည်ရရှိရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့သည့် ဦးထင်ကျော်၊ ဦးလူအေးတို့ အပါအဝင် ခေါင်းဆောင်လေးဦးကို အသရေဖျက်မှုဖြင့် ဦးအိုက်လင်းက တရားစွဲဆိုခဲ့ဖူးပြီး ယခုလက်ရှိတွင် အမှုကို ပြန်လည် ရုပ်သိမ်းထားကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။
ရန်ကုန်မြို့တော် မရမ်းကုန်းမြို့နယ်အတွင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက သိမ်းယူထားသည် ဆိုသော မြေကွက်များ ပြန်ရရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်ရှေ့တွင် ဧပြီလ ၃ ရက်နေ့က လူတစ်ရာခန့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင် ဆန္ဒပြသူများက ပြောကြားသည်။
မြေဧရိယာအကျယ် ငါးဧကကျော်ရှိ မြေကွက်များကို ကျောက်မျက်ရတနာ ကုမ္ပဏီပိုင်ရှင် ဦးအိုက်လင်းက ၂၀၀၆ ခုနှစ်တွင် သိမ်းယူခဲ့မှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ၏ နေအိမ်ရှေ့တွင် လာရောက် အကူအညီ တောင်း ခံခြင်း ဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးထင်ကျော်က ပြောဆိုသည်။

“အဓမ္မ သိမ်းပိုက်ထားတဲ့ ကိစ္စပါ။ကျွန်တော်တို့က တရားစွဲတယ်၊ အမှုဖွင့်တယ်၊ ဖွင့်လို့မရဘူး။ ဒါကို သမ္မတဆီရော၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီထံရော တိုင်တယ်၊ ဘာမှ မထူးခြားဘူး” ဟု ဦးထင်ကျော်က ရှင်းပြသည်။
ဆန္ဒထုတ်ဖော်သူ လူစုကို ဒေါ်အောင်ဆန်းစုကြည်က ခြံဝသို့ ထွက်၍ တွေ့ဆုံ ခဲ့ကြောင်း၊ တောင်းဆို မှုများအပေါ် ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ရန် ကူညီမည်ဟု ပြောဆိုခဲ့ကြောင်း ဆန္ဒပြ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးလူအေးက ပြောဆိုသည်။
“အတတ်နိုင်ဆုံးတော့ ကူညီမယ်လို့ ပြောတယ်” ဟု ဦးလူအေးက ဆိုသည်။
အဆိုပါ မြေကွက်များမှာ မူလက ဦး AS မိုင်းနပ်ဆိုသူ ပိုင်ဆိုင်ခဲ့ပြီး ၎င်း၏ သားသမီး ၉ ဦးက အမွေခွဲဝေခွင့်အတွက် တရားရုံးမှတစ်ဆင့် လေလံတင် ရောင်းချသဖြင့် ဝယ်ယူပိုင်ဆိုင်ခဲ့ကြောင်း ဦးအိုက်လင်း၏ မန်နေဂျာဖြစ်သူ ဦးနေဝင်းဦးက ပြောကြားသည်။
အဆိုပါ မြေကွက်ပေါ်တွင် အိမ်ခြေ ၂၉၃ လုံး ကျူးကျော်နေထိုင်ခြင်း ဖြစ်ပြီး တစ်အိမ်လျှင် ကျပ် ၁၀ သိန်းမှ သိန်း ၁၅၀ အထိ နစ်နာကြေးပေးကာ ရွှေ့ပြောင်းစေခဲ့ကြောင်း၊ သို့သော် ဦးလူအေး အပါအဝင် ငါးဦးက နစ်နာကြေးကို အဆမတန် တောင်းဆိုသဖြင့် ညှိနှိုင်းမရခဲ့ကြောင်း ၎င်းက တုံ့ပြန် ပြောဆိုသည်။
“လေလံ ဝယ်ယူတုန်းက တစ်ပေ ပတ်လည်ကို တစ်သောင်း လေးထောင်လောက်ပဲ ရှိတာ။ အခုက လေးသိန်းလောက် ရှိတယ်။ ဒါကြောင့် သူတို့က မြေကွက်ပဲ ပြန်လိုချင်တယ် ဆိုပြီး တောင်းနေတာ။ သူတို့ကို နစ်နာကြေးပေးတဲ့ အချိန်တုန်းကလည်း ပေးပြီးပြီ။ မြေကွက်တွေကလည်း ရောင်းပြီးသွားပြီ။ အိမ်ရာတွေလည်း ဆောက်ပြီးသွားပြီမို့ ပြန်ပေးစရာလည်း မရှိဘူး၊ ညှိနှိုင်းစရာလည်း မလိုတော့ဘူး” ဟု ဦးနေဝင်းဦးက ဆိုသည်။
မြေကွက်များ ပြန်လည်ရရှိရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့သည့် ဦးထင်ကျော်၊ ဦးလူအေးတို့ အပါအဝင် ခေါင်းဆောင်လေးဦးကို အသရေဖျက်မှုဖြင့် ဦးအိုက်လင်းက တရားစွဲဆိုခဲ့ဖူးပြီး ယခုလက်ရှိတွင် အမှုကို ပြန်လည် ရုပ်သိမ်းထားကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။

The Voice

No comments:

Post a Comment