Friday, April 4, 2014

ကမ္ဘာ့သတင်းတိုများ

ပျောက်ဆုံးလေယာဉ်မှ နောက်ဆုံး ပြောစကားပြောင်း

ပျောက်ဆုံးသွားသော မလေးရှား လေယာဉ် MH370 ၏ လေယာဉ်မှူး အခန်းအတွင်းမှ နောက်ဆုံး စကား ပြောသံမှာ “ကောင်းသောညပါ။ မလေးရှား ၃၇၀ ရေ” ဟူ၍ဖြစ်ကြောင်း မလေးရှားအာဏာပိုင် များက ပြောကြားခဲ့သည်ဟု ဧပြီ ၂ ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။
ယခင်ကယူဆထားသော နောက်ဆုံးစကားသံမှာ “အဆင်ပြေတယ်၊ ကောင်းသောညပါ” ဟူ၍ ဖြစ်သည်။


ပါလီမန်သို့ချီတက်နေစဉ်ရဲတပ်ဖွဲ့များနှင့်ပဋိပက္ခဖြစ်ပွား

ထိုင်ဝမ်နှင့် တရုတ်ကုန်သွယ်ရေး သဘောတူညီချက်ကိုထောက်ခံသော ထိုင်ဝမ်ရှိ ဆန္ဒပြသူပေါင်းထောင် ပေါင်းများစွာက ပါလီမန်သို့ ချီတက်နေစဉ် ရဲတပ်ဖွဲ့များနှင့် ပဋိပက္ခ ဖြစ်ပွား ခဲ့သည်ဟု ဧပြီ ၂ ရက်က အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယင်းပါလီမန်ကို ကျောင်း သားများက လွန်ခဲ့သော နှစ်ပတ်ခန့်က သိမ်းပိုက်ထားသည်။

ရုရှနှင့် သဘောတူညီထားသည့် စစ်ရေးဆိုင်ရာတူညီချက်များရပ်ဆိုင်း

ရုရှက ကရိုင်းမီးယားဒေသပေါ် သိမ်းပိုက်ခဲ့ခြင်းနှင့် ဥရောပလုံခြုံရေးအား ထိခိုက်လာသည့် အတွက် နေတိုးက ရုရှနှင့် သဘောတူညီထားသည့် စစ်ရေးဆိုင်ရာပူးတွဲသဘော တူညီချက်များကို ရပ်ဆိုင်းလိုက် သည်ဟု ဧပြီ ၂ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်တွင် ပါတီစုံဒီမိုကရေစီစနစ် အလုပ်မဖြစ်

တရုတ်က ယခင်က ကြုံတွေ့ခဲ့သည့် ပါတီစုံ ဒီမိုကရေစီအပါအ၀င် အခြားသော နိုင်ငံရေးမူဝါဒများမှာ လက် တွေ့ကျင့်သုံးချိန်၌ အောင်မြင်မှုမရှိခဲ့ကြောင်း ဥရောပသို့ ရောက်ရှိနေသော သမ္မတ ရှီကျင့်ဖင်က ပြောကြားခဲ့ပြီး အခြားနိုင်ငံများမှ ဖွံ့ဖြိုးရေးပုံစံများ ကူးယူခြင်းကိုလည်း သတိပေးမှုများပြုလုပ် ခဲ့သည်ဟု ဧပြီ ၂ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားလေယာဉ်အားစစ်ဆေးမှုများပြုလုပ်နေ

တောင်နှင့်မြောက်ကိုရီးယား အပြိုင်အဆိုင် အမြောက်ဆန်များပစ်လွှတ်ခဲ့ပြီးနောက် နယ်စပ်ဒေသရှိ ကျွန်း ပေါ်သို့ပျက်ကျခဲ့သည် မြောက်ကိုရီးယားမောင်းသူမဲ့လေယာဉ်အား စစ်ဆေးမှုများပြု လုပ်နေကြောင်း တောင်ကိုရီးယားက ပြောကြားလိုက်သည်ဟု ဧပြီ ၂ ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

Mizzima

No comments:

Post a Comment