Friday, April 4, 2014

ဦးဝင်းတင် ကျန်းမာရေးအခြေအနေ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် လာကြည့်


ဦးဝင်းတင် ကျန်းမာရေးအခြေအနေ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် လာကြည့် 

ရန်ကုန်၊ ဧပြီ ၃

ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက သတင်းစာဆရာကြီး ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေကို ဧပြီလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး ဒဲရစ်မစ်ချယ် လာရောက်ကြည်ရှု အားပေးခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များက ပြောကြားသည်။

သံအမတ်ကြီး ဒဲရစ်မစ်ချယ်မှာ ညနေ ၃ နာရီခန့်တွင် ရန်ကုန်ဆေးရုံကြီးသို့ လာရောက်၍ ဦးဝင်းတင်၏ အခြေအနေကို မေးမြန်းခဲ့ကြောင်း၊ ယင်းနောက် NLD နာယက သူရဦးတင်ဦးနှင့် ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးတို့ ဆက်တိုက် လာရောက် မေးမြန်းခဲ့ကြောင်း မိသားစုဝင်များက ပြောဆိုသည်။
“မနေ့ကလို မဟုတ်တော့ဘူး၊ သွေးဝမ်းသွားတာလည်း ရပ်သွားပါပြီ” ဟု မိသားစုဝင် တစ်ဦးက ဆိုသည်။

ဧပြီလ ၂ ရက်နေ့ကမူ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်နေရပြီး စိတ်မချရသေးကြောင်း၊ ၅၀-၅၀ အနေအထားသို့ပင် မရောက်ရှိသေးကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ပြောဆိုခဲ့သည်။

ယနေ့တွင်မူ ဦးဝင်းတင် ဆေးကုသမှုနှင့် ပတ်သက်သော ဆရာဝန်များ အစည်းအဝေးအရ ကျန်းမာရေး အခြေအနေ အနည်းငယ် တိုးတက်လာပြီ ဖြစ်၍ အဆုတ်ကုသမှု အပိုင်းကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ပြောကြားသည်။

ဧပြီလ ၁ ရက်နေ့ကလည်း ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေကို ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ လာရောက် ကြည့်ရှုခဲ့သည်။
ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက သတင်းစာဆရာကြီး ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေကို ဧပြီလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး ဒဲရစ်မစ်ချယ် လာရောက်ကြည်ရှု အားပေးခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များက ပြောကြားသည်။
သံအမတ်ကြီး ဒဲရစ်မစ်ချယ်မှာ ညနေ ၃ နာရီခန့်တွင် ရန်ကုန်ဆေးရုံကြီးသို့ လာရောက်၍ ဦးဝင်းတင်၏ အခြေအနေကို မေးမြန်းခဲ့ကြောင်း၊ ယင်းနောက် NLD နာယက သူရဦးတင်ဦးနှင့် ၈၈ မျိုးဆက်ခေါင်းဆောင်
ဦးကိုကိုကြီးတို့ ဆက်တိုက် လာရောက် မေးမြန်းခဲ့ကြောင်း မိသားစုဝင်များက ပြောဆိုသည်။
“မနေ့ကလို မဟုတ်တော့ဘူး၊ သွေးဝမ်းသွားတာလည်း ရပ်သွားပါပြီ” ဟု မိသားစုဝင် တစ်ဦးက ဆိုသည်။
ဧပြီလ ၂ ရက်နေ့ကမူ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်နေရပြီး စိတ်မချရသေးကြောင်း၊ ၅၀-၅၀ အနေအထားသို့ပင် မရောက်ရှိသေးကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ လှမြင့်က ပြောဆိုခဲ့သည်။
ယနေ့တွင်မူ ဦးဝင်းတင် ဆေးကုသမှုနှင့် ပတ်သက်သော ဆရာဝန်များ အစည်းအဝေးအရ ကျန်းမာရေး အခြေအနေ အနည်းငယ် တိုးတက်လာပြီ ဖြစ်၍ အဆုတ်ကုသမှု အပိုင်းကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ပြောကြားသည်။
ဧပြီလ ၁ ရက်နေ့ကလည်း ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေကို ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ လာရောက် ကြည့်ရှုခဲ့သည်။

The Voice

No comments:

Post a Comment