Friday, April 4, 2014

တန်ဖိုးနည်းဖုန်း ခေါ်ဆိုခနှုန်း တစ်လ ငွေကျပ် ၂၅၀၀ ချမှတ်မှုကို ယခုလမှ စ၍ ဖျက်သိမ်းလိုက်ပြီ

တန်ဖိုးနည်းဖုန်း ခေါ်ဆိုခနှုန်း တစ်လ ငွေကျပ် ၂၅၀၀ ချမှတ်မှုကို ယခုလမှ စ၍ ဖျက်သိမ်းလိုက်ပြီ
Friday, April 4, 2014

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအောက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ပြည်သူများဆက်သွယ်မှုပြုရာတွင် ခေတ်မီလွယ်ကူစေရန်နှင့် ကမ္ဘာ့နိုင်ငံများကဲ့သို့ ဆက်သွယ်မှုကောင်းမွန်စေရန် နှစ်အနည်းငယ်အတွင်း တစိုက်မတ်မတ် အရှိန်အဟုန်မြှင့် လုပ်ဆောင်ပေးလျက်ရှိရာ ယခုအခါ တန်ဖိုးနည်းဖုန်းရောင်းချမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ယခင်ဖုန်းခေါ်ဆိုခ တစ်လအနည်းဆုံး ငွေကျပ် ၂၅၀၀ သတ်မှတ်သုံးစွဲမှုကို ယခုဧပြီလဆန်းပိုင်းမှစတင်၍ ဖျက်လိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၁၃ခုနှစ် ဧပြီလဆန်းပိုင်းမှစ၍ ပြည်သူများ လူတန်းစားမရွေး ဖုန်းကိုင်နိုင်ရန်ရည်ရွယ်ပြီး ဆင်းကတ်တစ်ခုကို ငွေကျပ် ၁၅၀၀ နှုန်းဖြင့်ဝန်ထမ်းများနှင့် ကျေးလက်နေ ပြည်သူများပါမကျန် ခွဲတမ်းနှုန်းဖြင့် လစဉ်တစ်လကို ဆင်းကတ် ၃၅၀၀၀၀ ကိုနိုင်ငံတစ်ဝန်း လစဉ်ရောင်းချပေးခဲ့သည်မှာ ယခုဧပြီလတွင် တစ်နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။ ယခုအခါ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် တစ်နှစ်ပြည့်အထိမ်းအမှတ်နှင့် သင်္ကြန်ကာလအတွင်း ပြည်သူများ ပိုမိုသုံးစွဲနိုင်ရန် ဆင်းကတ် လေးသိန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၈ ခုတို့တွင် ခွဲဝေဖြန့်ဖြူးရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါဆင်းကတ်လေးသိန်းတွင် CDMA ၈၀၀ ဆင်းကတ် ၃၄၀၀၀၀ ၊ GSM ဆင်းကတ် တစ်သောင်း၊ WCDMA ဆင်းကတ်ငါးသောင်းတို့ကို ရောင်းချပေးမည်ဖြစ်ရာ ယခင်စနစ်များကို ဖြေလျှော့သည့်အနေဖြင့် ဝယ်ယူထားသည့် ပြည်သူများထံ ၁၅ ရက်အတွင်း အသုံးပြုရန်သတ်မှတ်ထားမှုကို ယခုအခါရက် ၃၀ အထိ ထပ်မံတိုးမြှင့်လိုက်သည့်အပြင် ယခင်ပြောဆိုခ တစ်လလျှင် အနည်းဆုံး ငွေကျပ် ၂၅၀၀ကိုလည်း ပယ်ဖျက်လိုက်ပြီး အနည်းအများ အကန့်အသတ်မရှိ ယခုလမှစတင်၍ သုံးစွဲနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တရားဝင် ထုတ်ပြန်ကြေညာထားပြီဖြစ်သည်။

“ကျွန်တော်တို့အခုလို အထိုက်အလျောက် ဖြေလျှော့မှုတွေ လုပ်တာဟာ မကြာခင်မှာ အပြိုင်အဆိုင်တွေ ပေါ်လာတော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဆက်သွယ်ရေးအနေနဲ့ ယခင်ကလိုမဟုတ်တော့ဘဲ အသွင်ပြောင်းလာပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရတော့မှာ ဖြစ်ပါတယ်။ အဲဒီလိုရပ်တည်ပြီး လုပ်ရတဲ့အခါမှာ လာမယ့်ဇူလိုင်လအတွင်း အပြိုင်အဆိုင်တွေ ပေါ်လာမှာဆိုတော့ သူတို့ထက်အားကောင်းဖို့၊ အင်အားတောင့်တင်းဖို့ လိုပါတယ်။ 
ဝန်ဆောင်မှုမကောင်းရင် ပြည်သူတွေအနေနဲ့ အခြားအော်ပရေတာတွေဆီ ရောက်သွားမှာပါ။ ဒါကြောင့်အခုလို ဖြည်းဖြည်းချင်း ဖြေလျှော့ပေးနေခြင်းဖြစ်ပါတယ်။ ပြီးတော့ Joint-venture အနေနဲ့ အခြားစိတ်ဝင်စားတဲ့ ပြည်တွင်း ပြည်ပကုမ္ပဏီတွေနဲ့လည်း ပူးပေါင်းပြီး ကမ္ဘာ့အဆင့်မီနိုင်ငံတွေလို ဆက်သွယ်ရေးအဆင့်မြှင့်တင် လုပ်ဆောင်သွားဖို့ရှိပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာမှူး ဦးငွေသောင်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ယခုသင်္ကြန်ကာလအတွင်းတွင် ပြည်သူများဖုန်းခေါ်ဆိုမှုကို ငွေကြေးအနေဖြင့် ဖြေလျှော့မပေးနိုင်သော်လည်း ခေါ်ဆိုမှုအချိန်ကို အထိုက်အလျောက် ဖြေလျှော့ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ 

ဥပမာသင်္ကြန်ကာလအတွင်း ငွေဖြည့်ကတ်ငွေကျပ် ၅၀၀၀ တန်ဆိုလျှင် ယခင်ထက်သတ်မှတ်မိနစ်၊ နာရီပိုမိုသုံးစွဲခံနိုင်စေရန် Promotion အနေဖြင့် လုပ်ဆောင်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ယခုအခါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ပြည်သူများထံ မိုဘိုင်းတယ်လီဖုန်း ၈ ဒသမ ၀၅သန်းကျော် ဖြန့်ဖြူးရောင်းချပေးခဲ့ပြီးဖြစ်သည်။ ယင်းအနက် တန်ဖိုးနည်းဖုန်းစုစုပေါင်း ၄ ဒသမ ၂၅ သန်းပါဝင်ပြီး CDMA ၈၀၀ MHz ၂၁၅၀၀၀၀၊ GSM တယ်လီဖုန်း ၁၅၃၉၇၀၀နှင့် WCDMA မိုဘိုင်းဖုန်း ၅၆၀၃၀၀တို့ကို ပြည်သူများထံ ဖြန့်ဖြူးရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအောက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ပြည်သူများဆက်သွယ်မှုပြုရာတွင် ခေတ်မီလွယ်ကူစေရန်နှင့် ကမ္ဘာ့နိုင်ငံများကဲ့သို့ ဆက်သွယ်မှုကောင်းမွန်စေရန် နှစ်အနည်းငယ်အတွင်း တစိုက်မတ်မတ် အရှိန်အဟုန်မြှင့် လုပ်ဆောင်ပေးလျက်ရှိရာ ယခုအခါ တန်ဖိုးနည်းဖုန်းရောင်းချမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ယခင်ဖုန်းခေါ်ဆိုခ တစ်လအနည်းဆုံး ငွေကျပ် ၂၅၀၀ သတ်မှတ်သုံးစွဲမှုကို ယခုဧပြီလဆန်းပိုင်းမှစတင်၍ ဖျက်လိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၁၃ခုနှစ် ဧပြီလဆန်းပိုင်းမှစ၍ ပြည်သူများ လူတန်းစားမရွေး ဖုန်းကိုင်နိုင်ရန်ရည်ရွယ်ပြီး ဆင်းကတ်တစ်ခုကို ငွေကျပ် ၁၅၀၀ နှုန်းဖြင့်ဝန်ထမ်းများနှင့် ကျေး လက်နေ ပြည်သူများပါမကျန် ခွဲတမ်းနှုန်းဖြင့် လစဉ်တစ်လကို ဆင်းကတ် ၃၅၀၀၀၀ ကိုနိုင်ငံတစ်ဝန်း လစဉ်ရောင်းချပေးခဲ့သည်မှာ ယခုဧပြီလတွင် တစ်နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။ ယခုအခါ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် တစ်နှစ်ပြည့်အထိမ်းအမှတ်နှင့် သင်္ကြန်ကာလအတွင်း ပြည်သူများ ပိုမိုသုံးစွဲနိုင်ရန် ဆင်းကတ် လေးသိန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၈ ခုတို့တွင် ခွဲဝေဖြန့်ဖြူးရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါဆင်းကတ်လေးသိန်းတွင် CDMA ၈၀၀ ဆင်းကတ် ၃၄၀၀၀၀ ၊ GSM ဆင်းကတ် တစ်သောင်း၊ WCDMA ဆင်းကတ်ငါးသောင်းတို့ကို ရောင်းချပေးမည်ဖြစ်ရာ ယခင်စနစ်များကို ဖြေလျှော့သည့်အနေဖြင့် ဝယ်ယူထားသည့် ပြည်သူများထံ ၁၅ ရက်အတွင်း အသုံးပြုရန်သတ်မှတ်ထားမှုကို ယခုအခါရက် ၃၀ အထိ ထပ်မံတိုးမြှင့်လိုက်သည့်အပြင် ယခင်ပြောဆိုခ တစ်လလျှင် အနည်းဆုံး ငွေကျပ် ၂၅၀၀ကိုလည်း ပယ်ဖျက်လိုက်ပြီး အနည်းအများ အကန့်အသတ်မရှိ ယခုလမှစတင်၍ သုံးစွဲနိုင်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တရားဝင် ထုတ်ပြန်ကြေညာထားပြီဖြစ်သည်။
“ကျွန်တော်တို့အခုလို အထိုက်အလျောက် ဖြေလျှော့မှုတွေ လုပ်တာဟာ မကြာခင်မှာ အပြိုင်အဆိုင်တွေ ပေါ်လာတော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဆက်သွယ်ရေးအနေနဲ့ ယခင်ကလို မဟုတ်တော့ဘဲ အသွင်ပြောင်းလာပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရတော့မှာ ဖြစ်ပါတယ်။ အဲဒီလိုရပ်တည်ပြီး လုပ်ရတဲ့အခါမှာ လာမယ့်ဇူလိုင်လအတွင်း အပြိုင်အဆိုင်တွေ ပေါ်လာမှာဆိုတော့ သူတို့ထက်အားကောင်းဖို့၊ အင်အားတောင့်တင်းဖို့ လိုပါတယ်။
ဝန်ဆောင်မှုမကောင်းရင် ပြည်သူတွေအနေနဲ့ အခြားအော်ပရေတာတွေဆီ ရောက်သွားမှာပါ။ ဒါကြောင့်အခုလို ဖြည်းဖြည်းချင်း ဖြေလျှော့ပေးနေခြင်းဖြစ်ပါတယ်။ ပြီးတော့ Joint-venture အနေနဲ့ အခြားစိတ်ဝင်စားတဲ့ ပြည်တွင်း ပြည်ပကုမ္ပဏီတွေနဲ့လည်း ပူးပေါင်းပြီး ကမ္ဘာ့အဆင့်မီနိုင်ငံတွေလို ဆက်သွယ်ရေးအဆင့်မြှင့်တင် လုပ်ဆောင်သွားဖို့ရှိပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာမှူး ဦးငွေသောင်းက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်ယခုသင်္ကြန်ကာလအတွင်းတွင် ပြည်သူများဖုန်းခေါ်ဆိုမှုကို ငွေကြေးအနေဖြင့်
 ဖြေလျှော့မပေးနိုင်သော်လည်း ခေါ်ဆိုမှုအချိန်ကို အထိုက်အလျောက် ဖြေလျှော့ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ဥပမာသင်္ကြန်ကာလအတွင်း ငွေဖြည့်ကတ်ငွေကျပ် ၅၀၀၀ တန်ဆိုလျှင် ယခင်ထက်သတ်မှတ်မိနစ်၊ နာရီပိုမိုသုံးစွဲခံနိုင်စေရန် Promotion အနေဖြင့် လုပ်ဆောင်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ယခုအခါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ပြည်သူများထံ မိုဘိုင်းတယ်လီဖုန်း ၈ ဒသမ ၀၅သန်းကျော် ဖြန့်ဖြူးရောင်းချပေးခဲ့ပြီးဖြစ်သည်။ ယင်းအနက် တန်ဖိုးနည်းဖုန်းစုစုပေါင်း ၄ ဒသမ ၂၅ သန်းပါဝင်ပြီး CDMA ၈၀၀ MHz ၂၁၅၀၀၀၀၊ GSM တယ်လီဖုန်း ၁၅၃၉၇၀၀နှင့် WCDMA မိုဘိုင်းဖုန်း ၅၆၀၃၀၀တို့ကို ပြည်သူများထံ ဖြန့်ဖြူးရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
MOI Webportal Myanmar

No comments:

Post a Comment